backup og meta

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ်နဲ့ အရွယ်ရောက်လာဖို့ဆိုရင်ဘေဘီလေးကို ငယ်စဉ်ကတည်းက IQရော EQ ပါကောင်းအောင် ပျိုးထောင်ပေးဖို့ပါ။ ဒီလိုပြောလို့ ဒါတွေကိုပျိုးထောင်လို့ရလို့လားဆိုတော့ ရာနှုန်းပြည့်မဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်အထိတော့ ပျိုးထောင်ပေးလို့ရပါတယ်။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက စပြီးသေချာလေးပျိုးထောင်ပေးမှုက ကလေးအနာဂတ်အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကိုပြောပြပေးပါရစေနော်။

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်လာစေဖို့

ဘေဘီလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်လာစေဖို့ဆိုရင် ဒီအချက်လေးတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးထားဖို့လိုပါမယ်။

အမှီအခိုကင်းပါစေ

ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူအားကိုးတတ်အောင်လေ့ကျင့်ပေးထားပါ။ ကလေးတစ်ယောက်အတွက် မသင့်တော်တဲ့ အနေအထားတွေကလွဲလို့ အချို့သောအခြေအနေတွေကို ကလေးကိုယ်တိုင်ဖြေရှင်းနိုင်စေဖို့လေ့ကျင့်ပေးထားပါ။ ကလေးကို လိုလေသေးမရှိလိုက်မလုပ်ပေးဘဲဘေးကနေ လိုအပ်တာလေးတွေကိုပြုပြင်ပေးရုံလောက်ပဲလုပ်ပေးပါ။ အမှီအခိုကင်းမှု ဆက်ဆံရေးကောင်းစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ပျိုးထောင်ပါ

ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူ ယုံကြည်မှုရှိသူလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ။ လှုပ်ရှားမှုတိုင်း ဆုံးဖြတ်ချက်တိုင်းကို သူ့စိတ်နဲ့သူလှုပ်ရှားတတ်စေဖို့လေ့ကျင့်ပေးထားပါ။ ဒါမှ ကလေးက အရွယ်ရောက်လာလေလေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာလေလေဖြစ်လာမှာပါ။

ကိုယ်ချင်းစာတတ်အောင်လေ့ကျင့်ပေးပါ

ကလေးတွေ အထူးသဖြင့် တစ်ယောက်တည်းမွေးထားတဲ့ ကလေးတွေဟာ ငယ်စဉ်ကတည်းကမျှဝေပေးရမယ့်မောင်နှမ မရှိတာကြောင့် အခြားသူတွေအပေါ်မှာ ကိုယ်ချင်းစာပေးတတ်တဲ့စိတ် နည်းတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကိုယ်ချင်းစာတတ်သူဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးပါ။

ကလေးရဲ့ ရင်ဖွင့်မှုကိုနားထောင်ပေးပါ

ကလေးက သူ့အတွေ့အကြုံ ဒါမှမဟုတ် အခက်အခဲတစ်ခုခုကိုပြောပြလာတဲ့အခါအေးအေးဆေးဆေးနားထောင်ပေးပါ။ ဒီလိုနားထောင်ပေးတာကလည်း ကလေးကို အကောင်းဆုံးနားထောင်သူဖြစ်လာစေပြီး အခြားသူတွေရဲ့ ခံစားချက်ကို မျှဝေတတ်သူဖြစ်လာစေမှာပါ။ ဒီလိုမျှဝေတတ်မှုကပဲ ကလေးရဲ့ပေါင်းသင်းဆက်ဆံရေး အရည်အသွေးကိုမြှင့်တင်ပေးနိုင်မှာပါ။

ကိုယ်တိုင်က စံပြဖြစ်ပေးပါ

ဘေဘီလေးတွေရဲ့ လက်ဦးဆရာကမေမေဖေဖေပါ။ ဒါကြောင့်ဘေဘီလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းစေချင်တယ်ဆိုရင် မိဘတွေကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဖြစ်ဖို့လိုပါမယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်းပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ယူပါ။

အသင်းအဖွဲ့နဲ့ ကစားတတ်အောင်လုပ်ပေးပါ

ကလေးကို ငယ်စဉ်ကတည်းက အသင်းအဖွဲ့နဲ့ ကစားရတဲ့ အားကစားတစ်ခုခုကိုပေးလုပ်တာကလည်း ကလေးကို စိတ်ရော ကိုယ်ပါကျန်းမာစေနိုင်ပြီး အသင်းအဖွဲ့စိတ်ဓါတ်ရှိအောင် ပျိုးထောင်ပေးနိုင်မှာပါ။ ဒါတွေအပြင် အများနဲ့ပြောဆိုဆက်ဆံရမှုကို စိမ်းမနေစေဘဲ ကလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းလာစေမှာပါ။

ကဲ…ဘေဘီလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းသူလေးတစ်ဦးအဖြစ်ကြီးပြင်းလာအောင် ငယ်စဉ်ကတည်းကသေချာလေးပျိုးထောင်ပေးနိုင်ကြပါစေကြောင်း……………….

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

ဘေဘီလေးအတွက် Diaper ဝယ်တဲ့အခါ သတိထားသင့်တဲ့အချက်အချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ