ခုမှ ပထမဆုံး ဖခင်ဖြစ်ရတော့မယ်ဆိုတာကြီးက အတော်ကို လွှမ်းမိုးနိုင်ပြီး တစ်မျိုးတော့ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပေမယ့် အမျိုးသားအများစုကတော့ လျင်လျင်မြန်မြန်ပဲ သင်ယူတတ်မြောက်သွားကြပါတယ်။
ခုမှ ပထမဆုံး ဖခင်ဖြစ်ရတော့မယ်ဆိုတာကြီးက အတော်ကို လွှမ်းမိုးနိုင်ပြီး တစ်မျိုးတော့ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပေမယ့် အမျိုးသားအများစုကတော့ လျင်လျင်မြန်မြန်ပဲ သင်ယူတတ်မြောက်သွားကြပါတယ်။

ဖခင်ဘဝဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝကိုလည်း ပြောင်းလဲစေနိုင်တယ်လေ။ မိခင်တွေက ကလေးတွေအပေါ်ခံစားသလို စိတ်မျိုး အဖြစ်လည်း သူတို့ရဲ့ဦးနှောက်က ပြောင်းလဲပေးလိုက်ပါတယ်။
ဖခင်ဘဝနဲ့ ကလေးတစ်ယောက်ရလာပြီးတဲ့နောက် လိုအပ်ချက်တွေဟာ ခံားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေ အများကြီးလိုအပ်လာကြောင်း သိလာပါလိမ့်မယ်။
ကလေးတစ်ယောက်ကို ဂရုစိုက်ပြုစုတာက ဖခင်ရဲ့ဥိးနှောက်ကို ပြုပြင်လိုက်ပြီး မိခင်တွေမှာ တွေ့ရသလို အတွေးအခေါ်နဲ့ ခံစားမှုပုံစံလမ်းကြောင်းတွေကို တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းနဲ့ နို့တိုက်ခြင်း အရာအားလုံးဟာ မိခင်တွေမှာတော့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်စေပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ အမျိုးသားတွေမှာလည်း သူတို့ဖခင်ဘဝရောက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ကြုံတွေ့ရတယ်ဆိုပါတယ်။
ကျွမ်းကျင်းသူတွေကတော့ မိခင်နဲ့ ကလေးတို့နဲ့ ထိတွေ့ဆက်ဆံနေမှုဟာ ဖခင်တွေဆီမှာ ဟော်မုန်းအပြောင်းအလဲဖြစ်စေတယ်လို့ ယူဆပါတယ်။ လူသားတွေမှာဆိုရင်တော့ ကလေးတွေပေါ်ပိုပြီး စိတ်နှစ်လို့ ချစ်ကြောင်းပိုပြတတ်တဲ့ ဖခင်တွေဆီမှာ အောက်စီတိုစင် (oxytocin) လယ်ဗယ်ပိုမြင့်တယ်လို့ ဆိုပါတယ်။
ဖခင်ဘဝနဲ့ testosterone လယ်ဗယ်တွေရဲ့ဆက်စပ်မှုဟာ ရှုပ်ထွေးပါတယ်။ လူသားဖခင်တွေဟာ testosterone ကျသွားခြင်းက ကလေးတွေနဲ့ပိုပြီးနီးစပ်စေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေဟာ ဖခင်တွေအတွက်တော့ ပိုပြီးဂရုစိုက်တတ်လာစေတာပါ။
ယေဘုယျအားဖြင့်တော့ ဒီဟော်မုန်းအပြောင်းအလဲအနည်းငယ်ဟာ အမျိုးသားတွေအတွက် ဒေါသတွေကို လျှော့ချပေးနိုင်ပြီး လိင်မှုကိစ္စမှာ စိတ်ဝင်စားမှုလျော့စေတဲ့အပြင် ပိုပြီးဂရုစိုက်စေတတ်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေက သူတို့ရဲ့ အပြုအမူတွေပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာကတော့ သက်သေအထောက်အထား မရရှိသေးပါဘူး။
ကလေးငယ်လေးတွေဟာ endocrine စနစ်တွေကိုချိန်ညှိဖို့နဲ့ အာရုံကြောစီးကြောင်းတွေကို နှိုးဆွဖို့ ဖခင်ကို အပြုအမူလေးတွေနဲ့ သူ့အလိုလို ထိတွေ့လာတာဟာ မိခင်တွေကို လုပ်တာနဲ့ အတူတူပါပဲ။
ကလေးတွေကို ဂရုစိုက်တတ်တဲ့ဖခင်တွေမှာ အောက်စီတိုင် လယ်ဗယ်တွေမြင့်တက်လာတတ်ပါတယ်။ အပြန်အလှန်ပါပဲ။ ဟော်မုန်းတွေကလည်း ကလေးအပေါ် ဂရုစိုက်မှုတွေကို တိုးလာစေပါတယ်။
နောက်ဆုံးသော လေ့လာမှုတွေမှာ ကျွမ်းကျင်သူတွေက ကလေးငယ်ကို မြူတဲ့အခါထွက်လာတဲ့ဟော်မုန်းတွေဟာ ဖခင်တွေအတွက်တော့ ကလေးတွေနဲ့ ကစားရာမှာ ပိုပြီး နှစ်မျော ပျော်ဝင်စေပြီး ကလေးတွေကလည်း ပိုပြီးတုံ့ပြန်အားကောင်းလာတယ်လို့ ဆိုပါတယ်။
ဒါဟာ အောက်စီတိုစင် ဖြန်းဆေးက အဖေများနေ့အတွက် လက်ဆောင်ကောင်းလေးတစ်ခုကိုများ ဖန်တီးပေးနိုင်မလား။ မဟုတ်သေးပါဘူး။ ကျွ်းကျင်သူတွေကတော့ ဒီဟော်မုန်းဟာ အပြုအမူပေါ် အကျိုးသက်ရောက်မှုအများကြီးရှိပေမယ့် အားလုံးက အပြုသဘောဆောင်နေတာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ဖခင်ဘဝဟာ သူ့ရဲ့ နျူရွန်လယ်ဗယ်ကိုလည်း လွှမ်းမိုးမှုရှိပါတယ်။ ကလေးမွေးဖွားခြင်းဟာ ဖခင်ရဲ့ ဦးနှောက်ထဲမှာ နျူရွန်အသစ်တွေတိုးပွားလာဖို့ အားပေးပါတယ်။
အသစ်ဖြစ်လာတဲ့ နျူရွန်တွေဟာ environmental richness လို့ ကျွမ်းကျင်သူတွေကခေါ်ဆိုတဲ့ အရာတွေအပေါ် တုံ့ပြန်မှုတွေ ပိုပြီး ကောင်းမွန်စေပါတယ်။ ဒါဟာ ဖခင်ရဲ့ဘဝထဲကို ကလေးလေးက ယူဆောင်လာပေးတဲ့ ကမ္ဘာသစ်ပါ။
ကလေးငိုရင် မိခင်တွေက ချက်ချင်းသိတဲ့ အာရုံမျိုးဟာ တကယ်တမ်း ဖခင်တွေမှာလည်း အမေတွေလိုပဲ ကောင်းမွန်တယ်လို့ နောက်ဆုံးသော လေ့လာတွေ့ရှိချက်တွေက ဆိုထားပါတယ်။
Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။