ဝုန်းဒိုင်ကြဲနေသည့်ကလေးအား စိတ်ငြိမ်သွားစေသည့် အံ့သြစရာနည်းလမ်းကောင်းတစ်ခုမှ ကလေး၏ခံစားချက်ကို လက်ခံပေးပြီး ကလေးလိုအတုခိုးလိုက်ပြောခြင်းပင်ဖြစ်သည်။
ဝုန်းဒိုင်ကြဲနေသည့်ကလေးအား စိတ်ငြိမ်သွားစေသည့် အံ့သြစရာနည်းလမ်းကောင်းတစ်ခုမှ ကလေး၏ခံစားချက်ကို လက်ခံပေးပြီး ကလေးလိုအတုခိုးလိုက်ပြောခြင်းပင်ဖြစ်သည်။

လမ်းလျှောက်စအရွယ်များသည် ဂူအောင်းလူသားနှင့် တူသည်။ သူတို့စိတ်ဆိုးလာသည့်အခါ သင့်ကို ဝုန်းဒိုင်းကြဲပြတတ်ပါသည်။ တံတွေးတွေစင်အောင် အော်ဟစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ပစ္စည်းများလွှတ်ပစ်ခြင်း ပြုလုပ်တတ်၏။ အဓိကလုပ်ပေးရမည် နည်းလမ်းနှစ်ခုမှာ ဦးစားပေးနည်းနှင့် ကလေးလိုအတုခိုးပြောနည်း တို့ဖြစ်ပြီး ထိုမှသာ သောင်းကျန်းနေသည့် ကလေးကို ငြိမ်သွားစေမှာ ဖြစ်သည်။
စိတ်ဆိုးနေသည့် တစ်ယော်ယောက်နှင့် သင်စကားပြောတိုင်း သူတို့ကို အရင်ပြောခွင့်ပေးပါ။ သူတို့ခံစားချက်များကို တခြားဘာမှမလုပ်ခင် အရင်နားထောင်ပေးပါ။
အော်ဟစ် နှာရှုပ်နေသည့် ကလေးကို သူတို့အသံထွက်အတိုင်း ပြောပါ။ သူတို့ခံစားချက်နှင့်ဆိုင်သည့် စကားစုလေးများကို ကိုယ်အမူအယာနှင့်ရော မျက်နှာအမူအယာနှင့်ပါ တွဲပြီး ထပ်ခါထပ်ခါ ပြောပေးပါ။ ဆရာလုပ်စရာမလိုပါ။ သူတို့နှင့်လယ်ဗယ်တူ ပြောဆိုလိုက်တာကမှ သူတို့နှင့်ဆက်သွယ်နိုင်သည့် အကောင်းဆုံးနည်းဖြစ်သည်။
ကလေးများအတွက် သူတို့ပြောတာ နားထောင်ကြောင်း နားလည်ကြောင်း ခံစားမိစေဖို့ လိုသည်။ ကလေး၏ ခံစားမှုကို ကလေးထိန်းသူက သေချာအလေးမထားလျှင် ဝုန်းဒိုင်းကြဲသွားအောင် ဖြစ်လာစေနိုင်ပါသည်။ ထို့ကြောင့် ကလေးအသေအလဲလိုချင်နေသည့် ကွတ်ကီးကို မပေးဘူးဆိုလျှင်တောင်မှ ကလေးတောင်းသည်ပုံစံကို အသံတုပြီး လိုက်ပြောတာမျိုးလုပ်ပေးခြင်းက ကလေးများကို စိတ်မဆိုးစေနိုင်ပါ။ အသံကို မြင့်ပြီးပြောခြင်းက ဤအခြေအနေကို မိဘများက လက်ခံကြောင်း ကလေးသိစေနိုင်ပါသည်။
အေးအေးဆေးဆေးနှင့် “စားလိုမရဘူး ကွတ်ကီးစားရမယ့်အချိန်မဟုတ်ဘူး သားသား” လို့ပြောနေမည့်အစား ကလေးစိတ်ပူပန်နေသည့် လယ်ဗယ်နှင့် ကိုက်မည့်အသံမျိုးလုပ်က ကလေးခံစားနေရသည်ကို ရှင်းပြရပါမည်။ “ကွတ်ကီးမရလို့ စိတ်ဆိုးနေတာလား။ မေမေလဲ ကွတ်ကီးတွေတစ်ချိန်လုံးစားချင်တာပဲ။ ဒါမဲ့ အခုအိပ်ရတော့မယ်။ မအိပ်ခင် သားသားဗိုက်မနာချင်ဘူးမလား။ မေမေသိတာတာပေါ့။ သိပ်မတရားသလိုဖြစ်နေမှာ မေမေသိတယ်။ “
ထိုကဲ့သို့ချဉ်းကပ်ရန်အတွက် ဘယ်တော့မှ စောသည်ဟူ၍ မရှိပါ။ အခါလည်သားကလေးတောင်မှ ထိုအသံမျိုးကို တုန့်ပြန်နိုင်ပါသည်။ သူတို့၏ခံစားမှုများကို သိရှိနားလည်ပေးပြီး သူတို့ဘာသာစကားကိုသုံးတာက ကလေးနှင့်ပိုပြီး ပူးပေါင်းနိုင်၊ လေးစားမှုရနိုင်၊ အာရုံစိုက်စေနိုင်ပါသည်။
ဝုန်းဒိုင်းကြဲနေတာငြိမ်အောင်လုပ်တာထက် ဘယ်ဟာကပိုကောင်းမလဲ။ မကြာခဏကြည့်ပေးပါဆိုသည့်နည်းကို အသုံးပြုနိုင်ပါသည်။ ဆိုလိုသည်မှာ တစ်နေ့တာအတွင် ကလေးအပေါ် တောက်လျှောက် ကြည့်နေသလိုဖြစ်စေရန် မိနစ်အနည်းငယ် အချိန်လောက်လေးပေးပါ။
အပန်းကြီးတာမျိုး လုပ်စရာမလိုပါ။ စတစ်ကာလေးများ သို့မဟုတ် ကလေးနှဖူးကပ်ပေးတာမျိုး လုပ်နိုင်ပါသည်။ သို့မဟုတ် ကလေးမှ ကောင်းမွန်သည့်အပြုအမူလေးများ လုပ်လာပါက ဖျက်လို့သည့် ဆော့ပင်မျိုးနှင့် မှတ်သားပေးပါ။ တစ်မှတ်ရပြီလိုအော်ပေးတာမျိုးလုပ်ပါ။ တစ်နေ့ကုန်သွားလျှင် ကလေး၏အမှတ်များကိုရေတွက်ပေးကာ တစ်ကယ်ကောင်းမွန်တဲ့နေ့ကို ဖြတ်သန်းခဲ့ရကြောင်း ပြောပေးပါ။
မိဘများမှ ကလေးကိုချီးမွမ်းသည့်အခါ တစ်ယောက်ယောက် ကြားနိုင်အောင်ပြောပါ။ လူတိုင်း အမြှောက်ကြိုက်ပါသည်။ သို့သော် ကလေးတော်ကြောင်း တစ်ခြားတစ်ယောက်ကို ပြောပြနေစဉ် သူတို့မကြားကြားအောင် ပြောခြင်းမျိုးက ပိုပြီး သဘောခွေ့စရာကောင်းပါသည်။
Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။