brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများ မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးနည်းများ

မိဘအများစုသည် ကလေးငယ်များအား မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးရာတွင် အခက်တွေ့လေ့ရှိကြသည်။ ယေဘုယျအားဖြင့် ဤအချက်သည် ကလေးငယ် အဆင်သင့် ဖြစ်မဖြစ်ပေါ်တွင် မူတည်သောကြောင့် မိဘများကဂရုစိုက်စောင့်ကြည့်သင့်ပါသည်။ အများအားဖြင့် အသက် ၁၈ လမှ ၂၄လအတွင်း နှင့် အချို့မှာစော၍ အချို့မှာနောက်ကျတတ်ပါသည်။ ကလေးငယ်များအား potty train ရာတွင်မိဘများ၏ ကြိုးစားအားထုတ်မှုများလိုအပ်ပါသည်။

ကလေးများ မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးနည်းများ

အောက်ပါအချက်များသည် ကလေးငယ်များအားလေ့ကျင့်ပေးရာတွင် အကူအညီရနိုင်ရန်ဖြစ်ပါသည်။

အပေါ့အလေးသွားခြင်းကိုကလေးငယ်နားလည်အောင် ဖော်ပြနိုင်မည့် စကားလုံးများကိုအသုံးပြုပါ။ (ရှုးရှုး ။ အင်းအင်း။ အိမ်သာ)

‘အင်းအင်းပါလား’ စသည်ဖြင့်မေးပါ။ ဆီးသွားခြင်းနှင့် အလေးသွားခြင်း၏လိုအပ်မှုကို သင့်ကလေးသိနိုင်ပါသည်။

သေးခံစို လျှင်ပြောရန်သင်ပေးထားပါ။

ကလေးငယ်အလေ့အကျင့်ရစေရန်အတွက် အိမ်သာတွင်အသုံးပြုသောကုလားထိုင်ကိုအသုံးပြုပါ။

ကလေးအးလေ့ကျင့်ပေးရာတွင် လုံလောက်သောအချိန်ယူပါ။

ကလေးအဆင်သင့်မဖြစ်သေးပါကအိမ်သာခွက်/အိုးပေါ်တွင် အတင်းထိုင်ခိုင်းခြင်းမလုပ်ပါနှင့်။

အိမ်သာခွက်ပေါ်တွင်ထိုင်နည်းကိုမိမိအရင်လုပ်ပြ၍ ကလေးငယ်အားတစ်ဆင့်ခြင်းစီရှင်းပြပါ။

ကလေးငယ်ကြည့်၍လိုက်လုပ်ပါစေ။

အပေါ့အလေးသွားရန်အတွက် ပုံမှန်အလေ့အကျင့်တစ်ခုပြုလုပ်ထားပါ။

ကလေးငယ် အလေးသွားချင်သည့်အခါ ညည်းခြင်း၊ ဆောင့်ကြောင့်ထိုင်ချခြင်း၊မျက်နှာနီလာခြင်းတို့ ဖြစ်တတ်သည်ကိုလဲဂရုပြုပါ။

gastro colic reflex ကိုသုံးပြီးလဲသင့်ကလေး၏အူများလှုပ်ရှားမှုကိုခန့်မှန်းနိုင်ပါသည်။ အစာအိမ်ပြည့်လာခြင်းကအူမကြီးအတွင်းရှိအစာဟောင်းများကိုစွန့်ထုတ်ရန်ပိုမိုအားပေးသောကြောင့် သင့်ကလေးအစာစားပြီး ၁၅မိနစ်မှ မိနစ် ၃၀ အတွင်းအလေးသွားခိုင်းနိုင်ပါသည်။

အသုံးပြုပြီးသား diaper မှာမစင်များကိုယူပြီး အိမ်သာထဲသို့ပစ်ပြပေးပါ။

ဥပမာ – အင်းအင်းတွေကို အိမ်သာထဲကိုစွန့် ရတယ်ဟုပြောပြပါ။

အချို့အချိန်များတွင် ကလေးငယ်ကို diaper မဝတ်ပေးဘဲထားပါ။

diaper မဝတ်ထားပဲအပေါ့သွားသည့်အခါ ‘ဘာဖြစ်တာလဲ’ ဟုခံစားရလိမ့်မည်။

ကလေးသည် ယောကျာ်းလေးဖြစ်ပါက ဘယ်လိုရပ်ပြီးဆီးကိုအိမ်သာထဲတည့်တည့်ဝင်အောင်သွားရမလဲဆိုတာ သင်ပေးပါ။

အချို့ပစ္စည်းများကိုအသုံးပြု၍လဲ လေ့ကျင့်ပေးနိုင်ပါသည်။ (ဥပမာ – မြားပစ်သည့် ပစ်မှတ်)

ကလေးငယ်အား စောင့်ရှောက်သည့် အခြားသူများကိုလဲ သင် သင်ပေးသည့်အတိုင်းကလေးအားသင်ပေးခိုင်းပါ။

ကလေးငယ်များမရှုပ်ထွေးစေရန် အခေါ်အဝေါ်အပြုအမူများကိုတစ်မျိုးထဲအလေ့အကျင့်လုပ်ထားပါ။

ကလေးငယ်များကိုယ်တိုင်အပေါ့အလေး မှန်မှန်သွားနိုင်သောအခါများတွင် ချီးကျူးခြင်း၊ဆုပေးခြင်းများပြုလုပ်ပါ။

ကောင်းကောင်းမလုပ်နိုင်သေးလျှင်လဲ အမြဲအားပေးပါ။

ကလေးအမှားလုပ်မိလျှင်လ ဲစိတ်ဆိုးခြင်း၊အပြစ်ပေးခြင်းများ မပြုလုပ်သင့်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။