brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများကို မိမိဘာသာအစာစားနိုင်အောင်သင်ကြားပေးရမည့်အဆင့်များ

တစ်ခါတစ်လေတွင်သင့်အနေနှင့် ငါ့ကလေးကို သူ့ဘာသာသူ အစာစားအောင် ဘယ်လိုသင်ပေးရပါလိမ့် ဟူသောအတွေးမျိုး တွေးတတ်သည်။ တကယ်တော့ဇွန်းနှင့်စားတတ်တာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကလေးလည်းသင့်လိုပါပဲ။ မိမိဘာသာအစာစားဖို့သင်ကြားပေးခြင်းကမိခင်များအတွက်ခက်ခဲသောအလုပ်တစ်ခုဖြစ်နိုင်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးကို ကူညီပေးမည့်လွယ်ကူသော အကြံဉာဏ်များကိုဖော်ပြပေးထားပါသည်။

ကလေးများကို မိမိဘာသာအစာစားနိုင်အောင်သင်ကြားပေးရမည့်အဆင့်များ

သင့်ကလေးကိုမိမိကိုယ်တိုင်စားတတ်အောင်ဘယ်အချိန်မှာသင်ပေးသင့်သလဲ

ယေဘူယျအားဖြင့် ကလေးအသက်ခုနှစ်လရှစ်လလောက်ဆိုလျှင် မိမိဘာသာစားတတ်အောင် စတင်သင်ကြားပေးဖို့ သင့်တော်သော အချိန်ရောက်ပါပြီ။ ထိုအချိန်တွင် သင့်ကလေးက သူတို့ဘာသာထိုင်နိုင်ပြီးတော့ ပစ္စည်းများကို ဆုပ်ကိုင်နိုင်ဖို့ စတင် လေ့ကျင့်နေပြီဖြစ်ပါသည်။ ဟန်ချက်ညီစွာ ဆုပ်ကိုင်နိုင်ဖို့အတွက် သင့်ကလေးက သူတို့၏လက်မနှင့် လက်ချောင်းများကို သုံးပါလိမ့်မည်။ သင်သည် သင့်ကလေးအစာမာများစားဖို့ အဆင်သင့်ဖြစ်မဖြစ် သေချာစေရန်အတွက် အခြားလက္ခဏာများကိုလည်း ကြည့်ရပါမည်။ ၎င်းတို့မှာ-

  • ကောင်းကောင်းထိုင်နိုင်ပြီလား
  • သူတို့ပါးစပ်ထဲပစ္စည်းတွေကောက်ထည့်ပြီလား
  • စတင်ဝါးပြီလား
  • နို့တိုက်နေစဉ်အတွင်းနို့သို့မဟုတ်နို့ဘူးကိုဆုပ်ကိုင်နေပြီလား
  • ကလေးတွေကိုသူတို့ဘာသာသူတို့အစာစားဖို့ဘယ်လိုအားပေးမလဲ

    ပထမပိုင်းတွင်သင့်ကလေးကိုသူတို့ဘာသာစားတတ်အောင်အခွင့်အရေးပေးလိုက်ပါ။ ကလေးကိုခြောက်သွေ့၍ကြီးသောအစားအစာအစိတ်အပိုင်းတစ်ခုကိုပေးလိုက်ပါ။ အရမ်းကြီးသောအစားအစာတော့မပေးပါနှင့်။ အရမ်းကြီးသောအစားအစာတွေကသင့်ကလေးကိုနင်စေသီးစေသောကြောင့်ဖြစ်ပါသည်။ သင်သည်သင့်ကလေး၏ပန်းကန်ပေါ်တွင်အစားအစာလေးငါးခုလောက်ဖြန့်ကျဲထားပေးလိုက်ပါ။ ကလေးစား၍ကုန်သောအခါမှဖြည်းဖြည်းချင်းထပ်ထည့်ပေးပါ။ အဘယ်ကြောင့်ဆိုသော်အစားအစာအများကြီးတစ်ခါတည်းထည့်ပေးလိုက်လျှင်ထည့်ပေးသမျှကိုသင့်ကလေးကတစ်ကြိမ်တည်းနှင့်ပါးစပ်ထဲအကုန်ထည့်မည် သို့မဟုတ် ကြမ်းပေါ်သို့အကုန်လွှတ်ချနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင်သင်ဟာသင့်ကလေးဇွန်းနှင့်စားပြီဆိုပါကသူတို့ကိုချီးကျူးခြင်းအားပေးအားမြှောက်ပြုလုပ်ခြင်းအားဖြင့်ကလေး၏ယုံကြည်မှုကိုတည်ဆောက်ပေးပါ။ အကယ်၍ကလေးမကိုင်နိုင်သေးလျှင်အတင်းမကိုင်ခိုင်းပါနှင့်။ သင့်ကလေးအဆင်သင့်ဖြစ်လောက်မည့်ရက်အနည်းငယ်လောက်စောင့်ပြီးပြန်လည်ကြိုးစားကြည့်ပါ။

    ဘယ်လိုအစားအစာမျိုးနှင့်စတင်ကျွေးကြည့်မလဲ

    ဇွန်းနှင့်ခပ်စားလို့ရသောအနှစ်ကဲ့သို့ပြုလုပ်ထားသောအစားအစာများနှင့်စတင်ကျွေးကြည့်ပါ။ ချီးစ်၊ငှက်ပျောသီး၊သစ်တော်သီး၊သရက်သီးကဲ့သို့သောပိုပြီးကိုင်လို့ကောင်းသောအသီးအရွယ်အစားများ ကျွေးကြည့်လို့ရသလို ပေါင်မုန့်ကဲ့သို့သောအစားအစာများလည်း စမ်းကျွေးလို့ရနိုင်ပါသည်။

    ဘယ်လိုအစားအစာတွေကိုရှောင်ရှားမလဲ

    မိမိဘာသာအစားစားခြင်းသည် အစာနင်ခြင်း သီးခြင်းစသောအန္တရာယ်များလည်းရှိပါသည်။ အချို့သောအစားအစာများသည်ကလေးများကိုယ်တိုင်စားသောက်ရန်ခက်ခဲပါသည်။ဤအစားအစာများကတော့ပဲစေ့များ၊အသားတုံးများနှင့်မာသောဟင်းသီးဟင်းရွက်အစိမ်းများဖြစ်ပါသည်။၎င်းတို့သည်ပါးစပ်ထဲတွင်မပျော်ဝင်သွားနိုင်ပါဘူး။ သွားဖုံးတွင်ကပ်နေနိုင်၍လေပြွန်ထဲတွင်အလွယ်တကူကပ်နေနိုင်ပါသည်။ မိဘများအနေဖြင့်ထိုကဲ့သို့အစားအစာများကိုရှောင်ရှားခြင်းဖြင့်အစာသီးခြင်းကိုကာကွယ်နိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။