brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေးကို အစားစကျွေးချိန် သိသင့်သော အချက် ၆ချက်

သင့်ကလေးကို အစားစကျွေးချိန်ဟာ အရေးအကြီးဆုံး ဖွံ့ဖြိုးမှုမှတ်တိုင်တခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးကို အစားစကျွေးချိန်မှာ သိသင့်တဲ့အချက်တွေ ဆွေးနွေးထားပါတယ်။

သင့်ကလေးကို အစားစကျွေးချိန် သိသင့်သော အချက် ၆ချက်

အစားစကျွေးဖို့ သင့်တော်တဲ့အချိန်ရွေးချယ်ပါ

ကျွမ်းကျင်သူများကတော့ ကလေးအသက် ၄-၆လမှာ အစားစကျွေးဖို့ ညွှန်းဆိုကြပါတယ်။ ဒါပေမယ့် ကလေးအားလုံးဟာ တပြေးညီတော့ မဟုတ်ပါဘူး။ တချို့ကလေးများဟာ အစားစစားဖို့ အချိန်ပိုယူ ရတတ်ပါတယ်။ အစာစကျွေးဖို့ သင့်တော်တဲ့ အချိန်ကတော့ ကလေးဟာ အကူအညီမလိုဘဲ မတ်မတ်ထိုင်နိုင်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကလေးများ ခေါင်းလှည့်နိုင်တဲ့အချိန်၊ အစားကို ဝါးစားနိုင်တဲ့အချိန် ဖြစ်ပါတယ်။

ကလေးများကို မိခင်နို့ဆက်တိုက်သင့်ပါတယ်

မိခင်နို့ကနေ အဖတ်ကို လုံးဝပြောင်းကျွေးလိုက်ရင် ကလေးရဲ့ အစာခြေစနစ်ကို ခက်ခဲစေပါတယ်။ ရုတ်တရက်ပြောင်းလဲလိုက်မယ့်အစား အဖတ်ကို ဖြည်းဖြည်းချင်းပြောင်းကျွေးရပါမယ်။ မိခင်နို့နေရာမှာ လုံးဝအစားမထိုးဖို့ သတိပြုပါ။

ကလေးပြောင်းဆန်များကို စကျွေးပါ

ကလေးပြောင်းဆန်များ (Cereal) စကျွေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ အရသာမျိုးစုံနဲ့ ရနိုင်ပါတယ်။ သံဓါတ်အားဖြည့်ထားတဲ့ တံဆိပ်ကို ရွေးချယ်ပါ။ သံဓါတ်နဲ့ ဇင့်ဓါတ်ဟာ ကလေးအသက် ၆လနောက်ပိုင်းမှာ အရေးပါတဲ့ အာဟာရဓါတ်တွေ ဖြစ်ပါတယ်။

ကလေးကို ပြောင်းလဲဖို့ အချိန်ပေးပါ

အဖတ်စားခြင်းဟာ ကလေးအဖို့ စိမ်းနေနိုင်ပါတယ်။ ပထမပိုင်း မကြိုက်ဘဲ ငြင်းနေနိုင်ပါသေးတယ်။ စစချင်း တဇွန်းနှစ်ဇွန်းစားရင်ကို အဆင်ပြေပါတယ်။ အစားပုံစံသစ်ကို စတင်ရာမှာ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။

မှန်ကန်တဲ့ပုံစံကို ရွေးချယ်ပါ

မှန်ကန်တဲ့အစားပုံစံကို ရွေးချယ်ခြင်းဟာ သင်ပကလေးကို အဖတ်စာကို ပိုပြီးကြိုက်နှစ်သက်စေ နိုင်ပါတယ်။ ကလေး ၆လလောက်မှာ အစာနဲ့အရည်ကို ရောပြီးကျွေးနိုင်ပါတယ်။ နောက်ပိုင်းမှာ ကြိတ်နယ်ပြီး ပြောင်းလဲကျွေးနိုင်ပါတယ်။ နောက်တဆင့်တက်ပြိး နုပ်နုပ်စင်းထားတဲ့ အစာတွေကျွေးနိုင်ပါတယ်။ ကလေး ၈လ အရွယ်မှာ သူတို့ဖာသာ ကိုင်တွယ် စားသောက်နိုင်မယ့် အစားအမျိုးအစားကို ကျွေးရင် ကလေးများဟာ ပိုပြီးစိတ်ဝင်စားပါတယ်။

သင့်ကလေးဆာချိန်ကိုစောင့်ပါ

ကလေးများဟာ ဆာလောင်ချိန်မှသာ ပိုပြီး စားချင်ကြပါတယ်။ ကလေးကို အငတ်ထားရမယ့်သဘော ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ဗိုက်ပြည့်နေရင် စားသောက်ဖို့ စိတ်မဝင်စားလိုပ ဖြစ်ပါတယ်။ ကလေးများဟာ ဆာလောင်ချိန်မှာ အစားအသောက်ကို မြင်ရရင် စားသောက်ဖို့ပိုပြီး စိတ်လှုပ်ရှားတက်ကြွလာတတ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။