brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မီးဖွားပြီးနောက် ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာ ဘာတွေပြင်ဆင်သင့်သလဲ

သင့်ရဲ့ ချစ်လှစွာသော ကလေးငယ်ကို အိမ်ခေါ်လာခြင်းဟာ သင့်စိတ်ထဲမှာ အခါ တစ်ရာလောက် မြင်ယောင်ကြည့်ထားတဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အရာရာကို ပြီးပြည့်စုံချင်မှာ ဖြစ်ပါတယ်။

မီးဖွားပြီးနောက် ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာ ဘာတွေပြင်ဆင်သင့်သလဲ

ဆေးရုံကို နှုတ်ဆက်ခြင်း

မိခင်အတော်များများဟာ ဆေးရုံကို မသွားမီကတည်းက အိမ်ပြန်လာဖို့အတွက် အဝတ်အစားတွေကို ကြိုတင်စီစဉ်လေ့ ရှိပါတယ်။ ကလေးငယ်တွေဟာ ပထမဆုံးအကြိမ် အိမ်ပြန်လာရာမှာ လိုတာထက်ပိုပြီး ဝတ်ဆင်ထားခြင်း ဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် အဝတ်ဆင်သလို သင့်ကလေးငယ်ကို ဝတ်စားစေသင့်ပါတယ်။ တကယ်လို့ ပူနေရင် သင့်ကလေးငယ်ကို တီရှပ်နဲ့ ပါးလွှာတဲ့ ချည်ဘောင်းဘီ (သို့) ခြေထောက်ကို ကာထားပေးဖို့ စောင်တွေကို အသုံးပြုသင့်ပါတယ်။ ရာသီဥတုအေးတယ်ဆိုရင်တော့ သင့်ကလေးငယ် မွန်းကျပ်ခြင်းကနေ ကာကွယ်ဖို့ ကလေးငယ်ရဲ့ မျက်နှာပေါ်ကို စောင်ခြုံထားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

တကယ်လို့ သင်ဟာ သင့်ကလေးငယ်ရဲ့ ဆရာဝန်နဲ့ အစီအစဉ် မလုပ်ရသေးဘူးဆိုရင် သင်ဆေးရုံကို မထွက်ခွာမီ ကလေးငယ်ကို ဘယ်အချိန်မှာ ပြန်လာပြရမလဲဆိုတာကို သေချာစွာ မေးမြန်းသင့်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး စောစီးစွာ တည်ငြိမ်တဲ့ကလေးတွေဟာ အထူးပြုလုပ်ထားတဲ့ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းစစ်ဆေးတဲ့ ကိရိယာတွေနဲ့ အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။ သင့်ကို ကလေးငယ်အတွက် CPR ကို သင်ကြားပေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ရေချိုးခြင်း၊ ကလေးနို့တိုက်ခြင်း၊ လေတက်ခြင်း အစရှိတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် သင့်ဆရာမ၊ ကလေးနို့တိုက်မှုဆိုင်ရာ အကြံပေးသူနဲ့ ကျန်းမာရေးစောင့်ရှောက်သူကို မေးမြန်းသင့်ပါတယ်။

အိမ်ပြန်ခရီး

သင့်ကလေးအတွက် သင့်လျော်တဲ့ ကားထိုင်ခုံဟာ အိမ်အပြန်ခရီးအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးကို ကာကွယ်ပေးဖို့ အရေးအကြီးဆုံး ဖြစ်တာကြောင့် အိမ်မပြန်မီ ရှိကိုရှိရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ခရီးတိုလေးတစ်ခု အတွက် ဆိုရင်တောင် သင့်ကလေးငယ်ကို လက်မှာ ထွေးပွေ့မထားသင့်ပါတယ်။ ရုတ်တရက် အမြန်ရပ်လိုက်တဲ့အချိန်မှာ သင့်ကလေးဟာ သင့်လက်မောင်းထဲက ထွက်ပြီး ကားဒက်ခ်ျဘုတ် နဲ့ တိုက်မိနိုင်ပါတယ်။

အစောပိုင်းခံစားချက်များ

သင့်ကလေးကို အိမ်ပြန်ခေါ်လာချိန်မှာ အထူးသဖြင့် ကလေးဟာ သားဦးဆိုရင် သင့်မှာ ရောထွေးတဲ့ ခံစားချက်တွေ ရှိနေနိုင်ပါတယ်။ သင်ဟာ စိတ်ပူပြီး သင့်ဘဝကို အလွယ်တကူ သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူးဆိုတာ သတိထားမိမှာဖို့ ကြောက်ရွံ့ခြင်းလည်း ဖြစ်နိုင်ပါတယ်။

သင့်ကလေးမွေးခြင်း အတွေ့အကြုံပေါ်မူတည်ပြီး သင့်မှာ အားအင်ကုန်ခမ်းခြင်း၊ နာကျင်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်ဟော်မုန်းပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ သင့်ကလေးငယ်ကိုသာ အချိန်ပြည့်ဂရုစိုက်နေမှာမို့ အိမ်ထောင်ဖက်ကို ပစ်ထားသလိုလည်း ခံစားရစေနိုင်ပါတယ်။

သင့်မှာ မိသားစုဝင်အသစ်တစ်ယောက် ရောက်လာခြင်းကို မျှော်လင့်နေတဲ့ အခြားကလေးတွေလည်း ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သင့်မှာ ဂရုစိုက်ခံရတာကို ကြိုက်တဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် အဘိုးအဘွားအသစ်တွေရဲ့ မျှော်လင့်ချက်တွေ၊ ယှဉ်ပြိုင်နေတဲ့ မောင်နှမတွေနဲ့ သူငယ်ချင်းတွေဟာ ကလေးအိမ်ခေါ်လာခြင်းအတွက် စိတ်ဖိစီးမှု ဖြစ်စေပါတယ်။

အိမ်မှာ သင့်ကလေးငယ်ရဲ့ ကြာမြင့်စွာ ငိုခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေဟာ ၂၄ နာရီအတွင်းမှာ ၁ နာရီကနေ ၅ နာရီကြား ငိုတတ်ပြီး တိတ်အောင် ပြုလုပ်လို့မရပါဘူး။ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ပြီးရင်တော့ ကလေးငိုခြင်းဟာ လျော့သွားနိုင်ပါတယ်။

အိမ်ရှေ့

သင့်ကလေးကို အခြားမိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးခြင်းဟာ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ အသက်ကြီးတဲ့ကလေးတွေ ရှိရင် သူတို့တွေအတွက်လည်း အချိန်ပေးသင့်ပါတယ်။ အချို့မိဘတွေက သားကြီး၊ သမီးကြီးတွေကို လက်ဆောင် ပေးတတ်ကြပါတယ်။ သူတို့နှစ်ပေါင်းများစွာ ရခဲ့တဲ့ ဂရုစိုက်မှုဟာ ပြောင်းလဲသွားတာမို့ မနာလိုဖြစ်မှာကို မျှော်လင့်ထားသင့်ပါတယ်။ သူတို့ကို ကလေးငယ်ကို စောင့်ရှောက်ဖို့ အကူအညီတောင်းသင့်ပါတယ်။

တကယ်လို့ သင့်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် ရှိရင် သင့်အိမ်ထောင်ဖက်ဟာ သင့်ကလေးငယ်ရဲ့ အနံ့ရှိတဲ့ စောင်တစ်ခုကို ဆေးရုံက မဆင်းခင်ကတည်းက တိရိစ္ဆာန်အနီးမှာ ထားသင့်ပါတယ်။ ဒါဆိုရင် သင်အိမ်ပြန်လာတဲ့အခါမှာ တိရိစ္ဆာန်ဟာ ကလေးနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပါတယ်။ တိရိစ္ဆာန်တွေကို ကလေးနဲ့ နှစ်ဦးတည်း မထားခဲ့သင့်ပါဘူး။

မိသားစုနဲ့ သူငယ်ချင်း

စစချင်းမှာ အိမ်ကိုလာလည်တဲ့ ဧည့်သည် အရေအတွက်ကို ကန့်သတ်သင့်ပါတယ်။ အနားယူသင့်ပြီး ဒီအခြေအနေကို အသားကျအောင် အရင်လုပ်သင့်ပါတယ်။ ကလေးငယ်တွေဟာ ပထမသုံးလအတွင်းမှာ သူစိမ်းတွေကို မရှက်တတ်ပေမယ့် လူများလွန်းရင်တော့ ပင်ပန်းလာခြင်းတွေ ဖြစ်နိုင်ပါတယ်။ သူစိမ်းတွေ မလာခင်မှာ ဖျားနေတဲ့သူရှိရင် သူတို့နေကောင်းတဲ့အချိန် (သို့) ရောဂါမကူးနိုင်တော့ချိန်မှ လာစေသင့်ပါတယ်။ ချောင်းဆိုးခြင်း၊ အအေးမိခြင်းတွေဟာ လူကြီးတွေအတွက် မပြောပလောက်ပေမယ့် ကိုယ်ခံအားမကောင်းသေးတဲ့ကလေးငယ်တွေအတွက် ပြင်းထန်နိုင်ပါတယ်။ ကလေးငယ်ကို ပွေ့ချီခြင်းမပြုမီ ကလေးငယ်ကို ရောဂါပိုးကူးစက်ခြင်းနဲ့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကနေ ကာကွယ်ပေးဖို့ ဧည့်သည်တွေကို လက်ဆေးဖို့ ယဉ်ကျေးစွာ တောင်းဆိုသင့်ပါတယ်။

ဆရာဝန်ကို ဘယ်အချိန်မှာ ခေါ်သင့်ပါသလဲ။

သင့်မှာအောက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

  • စအိုအပူချိန် ၃၈ ဒီဂရီဆဲလ်စီးရပ်စ် (သို့) ပိုများခြင်း (အသက် ၂ လအောက် ကလေးတွေမှာ)
  • ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာများ (မျက်ရည်မထွက်ပဲ ငိုခြင်း၊ ကလေးရဲ့ ခေါင်းက ပျော့တဲ့နေရာမှာ ချိုင့်နေခြင်း၊ ၆ နာရီမှ ၈ နာရီကြားအထိ သေးခံမပေခြင်း)
  • သင့်ကလေးငယ် ငြိမ်သက်ပြီး မတ်နေချိန်မှာ ပျော့ပျောင်းတဲ့ နေရာ ရောင်ရမ်းခြင်း
  • ကလေးငယ်ကို ချော့မြှူရန် ခက်ခဲခြင်း
  • အသက်ရှူ မြန်ခြင်း
  • မကြာခဏ ပြင်းထန်စွာ အန်ခြင်း (သို့) အရည်ဗိုက်ထဲမှာ မထိန်းသိမ်းနိုင်ခြင်း
  • သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း
  • ၈နာရီအတွင်း ၈ ကြိမ်ထက်မနည်း ဝမ်းသွားခြင်း

တကယ်လို့ သင် အရေးကြီးတယ်လို့ ထင်ရင် ဆရာဝန်ကို ဆက်သွယ်ပြီး အရေးပေါ်ဌာနကို အမြန်ပြသင့်ပါတယ်။ ကလေးငယ်တွေအတွက် အရေးမကြီးဘူးလို့ ထင်ရတတ်တဲ့ အခြေအနေတွေတောင်မှ လျင်မြန်စွာ ဆိုးရွားနိုင်တာကို သတိပြုသင့်ပါတယ်။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။