brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေဖြစ်စေဖို့

မိခင်တွေက သားသမီးတွေအပေါ် ကမ္ဘာပေါ်မှာရှိတဲ့ အခြားဘယ်အရာထက်မဆို ပိုပြီးချစ်ခင်ကြင်နာကြပါတယ်။ နေမင်းကြီးသာ အနောက်ကနေ ထွက်လာနိုင်မယ် မိခင်တွေရဲ့ သားသမီးတွေအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာကတော့ ဘယ်တော့မှ မပျောက်မပျက်နိုင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ဝမ်းထဲမှာ ကိုးလလောက်လွယ်ထားပြီ အသက်နဲ့ရင်းမွေးဖွားခဲ့ကြသူတွေဖြစ်လို့ မိခင်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအပေါ်မှာ အနှိုင်းမဲ့ပါ။ သားသမီးဆီကနေ ပြန်ရကောင်းစေသဘောထားပြီး ကျွေးမွေးပြုစုပျိုးထောင်တဲ့မိခင်ဆိုတာ မရှိတဲ့အတွက် မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာဟာ အဖြူထည်သပ်သပ်ဖြစ်ပြီး အေးချမ်းပါတယ်။ မိခင်ရော ဖခင်ရောဟာ သူတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ချစ်ခင်ကြင်နာတဲ့စိတ်နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့သာ ဆန္ဒရှိကြသူတွေပါ။ သူတို့ရဲ့ သားသမီးလေးတွေနဲ့ပတ်သက်လို့ တခြားဘာရယူလိုမှုမှမပါ ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာမှုကသာ သူတို့အတွက် အနှိုင်းမဲ့ပီတိဖြစ်စေတာပါ။

ကလေးလေးတစ်ယောက်ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကြီးပြင်းလာတဲ့တလျှောက် ပျော်ရွှင်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာပါပဲ။ မိဘတွေရဲ့ထိန်းသိမ်းစောင့်ရှောက်မှုက ကျန်းမာပျော်ရွှင်တဲ့သားသမီးလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အရမ်းကိုအရေးပါပါတယ်။ မိမိတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ကလေးငယ်တွေအဖြစ် ကြီးပြင်းလာအောင် မိဘတွေအနေနဲ့ ဂရုတစိုက်လုပ်ဆောင်ပေးလို့ရပါတယ်။ ဘယ်လိုမျိုးလေးတွေလုပ်ပေးရမလဲဆိုတာကိုအောက်မှာပြည့်ပြည့်စုံစုံပြောပြပေးမယ်နော်။

ကျန်းမာပျော်ရွှင်တဲ့ကလေးငယ်လေးတွေအဖြစ်ကြီးပြင်းလာစေဖို့

ကလေးလေးတွေကို ကျန်းကျန်းမာမာပျော်ရွှင်ရွှင်ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။

ကလေးလေးတွေက မိဘတွေရဲ့အာရုံစိုက်မှုကိုလိုချင်ကြပါတယ်

ကလေးလေးတွေက မိဘတွေရဲ့ဂရုစိုက်မှုကိုလိုအပ်တယ်ဆိုတာကို မိဘတိုင်းကသိကြပေမယ့် အချို့မိဘတွေကိုယ်တိုင်ကိုက ကလေးကိုဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုသေသေချာချာမသိကြပါဘူး။ ကလေးတွေကို ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ဂရုစိုက်မှုဖြစ်ဖို့ကလိုပါသေးတယ်။ ကလေးငိုနေရင်ချော့ရမယ်ဆိုပေမယ့် မတည့်လို့မကျွေးတာမျိုးကို စားချင်တယ်ဆိုပြီးငိုနေတဲ့အခါမျိုးမှာတော့ လိုချင်တာကိုပေးပြီးချော့တာမျိုးမလုပ်ပါနဲ့။ အာရုံပြောင်းအောင်ပဲလုပ်ပေးလိုက်ပါ။ မိဘတွေရဲ့ ဂရုစိုက်မှုကိုရတဲ့ကလေးငယ်တွေကပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်းလာကြပါလိမ့်မယ်။

ကလေးတွေကိုနွေးနွေးထွေးထွေးဆက်ဆံပေးပါ

မိဘတွေက ကလေးတွေငယ်တုန်းမှာတော့ပွေ့ပွေ့ပိုက်ပိုက်ရှိတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှကလေးကိုချီတာ၊နွေးနွေးထွေးထွေးထွေးပွေ့တာမျိုးတွေက မလုပ်မိသလောက်ကိုဖြစ်သွားပြီပဲဖြစ်ပါတယ်။ ကလေးတွေက ဘယ်အရွယ်ပဲဖြစ်ဖြစ် မိဘ အနည်းဆုံး မိခင်ရဲ့နွေးထွေးယုယမှုကိုတော့လိုချင်ကြမှာပါ။ ကလေးကိုနွေးနွေးထွေးထွေးပွေ့ပိုက်ပေးတာက ကလေးကိုပျော်ရွှင်ကျန်းမာစေပြီး ယုံကြည်မှုတိုးစေမှာလည်းဖြစ်ပါတယ်။

သူတို့ကအရေးပါတဲ့သူတွေဆိုတာကို ကလေးတွေကိုယ်တိုင်သိရှိပါစေ

ဒီလိုမျိုးသိရှိအောင်လုပ်ပေးတာက ကလေးတွေကိုကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုပါ။ မွေးချင်းတွေများလေလေ မိဘတွေအနေနဲ့ ကလေးတစ်ယောက်ချင်းစီကို ဂရုစိုက်ပေးနိုင်စွမ်းက နည်းလာလေလေပါပဲ။ ဒါကြောင့်ကလေးကို သူဟာ အရေးပါတဲ့သူဆိုတာကိုသိအောင်လုပ်ပေးဖို့လိုပါမယ်။ ကလေးကိုလိုလေသေးမရှိဂရုမစိုက်နိုင်ရင်တောင်မှ ကိုယ့်အနေနဲ့ သူ့ကိုတန်ဖိုးထားတယ်၊ ချစ်တယ်ဆိုတာကိုသိရှိအောင်လုပ်ပေးပါ။ မိမိရင်သွေးကို အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောတာမျိုးမလုပ်မိဖို့လည်း သတိထားပါ။

ကလေးမှာသူငယ်ချင်းရှိပါစေ

လူဆိုတာက တစ်ယောက်တည်းနေဖို့မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ကလေးကို သူငယ်ချင်းတွေရှိအောင်လုပ်ဆောင်ပေးပါ။ ကလေးငယ်လေးတွေဟာ ၁၀ လ ၁၂ လ (၁ နှစ်) လောက်ဖြစ်လာပြီဆိုတာနဲ့ အခြားကလေးတွေနဲ့ ကစားတာကိုလုပ်နိုင်ပါပြီ။ ဒါကြောင့်ကလေးကို သူနဲ့ ကစားဖော်ရှိမယ့်နေရာတွေဆီခေါ်သွားပေးတာ၊ ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေထဲက ကလေးရှိသူတွေရဲ့အိမ်ကိုအလည်ခေါ်သွားပေးတာမျိုးလုပ်ပေးပါ။ ကလေးရှိတဲ့ ကိုယ့်သူငယ်ချင်းတွေကို အိမ်အလည်လာဖို့ခေါ်တာမျိုးလည်းလုပ်ပေးလို့ရပါတယ်။

ယဉ်ကျေးအောင်သင်ကြားပေးပါ

မိမိရင်သွေးကို လိမ္မာယဉ်ကျေးတဲ့ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေချင်တဲ့စိတ်ကူး မိဘတိုင်းမှာရှိပါတယ်။ ကလေးကိုစကားပြောတဲ့အခါ ကိုယ်ကမိဘဆိုပေမယ့် “တစ်ခုလောက်ကူညီပါလား၊ကျေးဇူးတင်ပါတယ်၊” ဆိုတဲ့စကားလုံးလေးတွေသုံးပြီးပြောပေးပါ။ ကလေးတွေရဲ့မြင်ဆရာသင်ဆရာက မိဘတွေဖြစ်တာကြောင့် မိဘကိုယ်တိုင်ကယဉ်ကျေးမှ ကလေးကလည်း ယဉ်ကျေးမှာပါ။ ယဉ်ကျေးတဲ့ကလေးကိုလူတိုင်းကချစ်ကြပါတယ်။ ကလေးကလူချစ်လူခင်ပေါလေလေပျော်ရွှင်မှုရလေလေပါ။

ကလေးနဲ့အတူတူချက်ပြုတ်ပေးပါ

အစားအသောက်တွေက မိသားစုတွေကိုပိုမိုနီးကပ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ မိသားစုစုံစုံလင်လင် ထမင်းစားရတာကပြီးပြည့်စုံတဲ့အရသာတစ်မျိုးပါ။ မိသားစုတွေအတူတူထိုင်ပြီး ချက်ပြုတ်ထားတဲ့ဟင်းတွေကိုစားသောက်ရင်း အတွေ့အကြုံတွေကိုပြောပြလို့ရပါတယ်။ ချက်ပြုတ်တဲ့အချိန်မှာ ကလေးကို ကိုယ့်နဲ့အတူတူဝိုင်းလုပ်ခွင့်ပေးတာကလည်း ကလေးနဲ့ မိဘတွေကြားမှာ ရင်းနှီးတဲ့ သံယောဇဉ်ကိုတည်ဆောက်နိုင်စေမှာပါ။ အတူတူချက်ပြုတ်ချိန်မှာ ကလေးကိုသင်ပေးချင်တာလေးတွေ၊သိစေချင်တာလေးတွေပြောပြပေးပါ။

ကလေးကိုအာဟာရပြည့်ပြည့်ဝဝစားသုံးတတ်အောင်လေ့ကျင့်ပေးပါ

အာဟာရပြည့်ဝအောင်စားသုံးတာက ကလေးတစ်ယောက်ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့အရေးပါဆုံးအချက်ပါ။ ကလေးငယ်စဉ်ကတည်းက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝအောင်ကျွေးမွေးဖို့လိုပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေက ကလေးကိုရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေပါတယ်။ ကလေးငယ်တွေကို လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝအောင်ကျွေးမွေးပေးတာက ကလေးငယ်မှာ စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာ၊ စိတ်မကျန်းမာတာ နဲ့အော်တစ်ဇင်လိုမျိုးစိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့ တဲ့ရောဂါတွေကို မခံစားရအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အာဟာရပြည့်ဝတဲ့စားသောက်မှုပုံစံက ကလေးငယ်ကို ကျန်းကျန်းမာမာနဲ့အရွယ်ရောက်လာစေမှာဖြစ်တဲ့အပြင် အသက် ၂၀ကျော်အရွယ်မှာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေကိုလည်းလျော့နည်းစေနိုင်ပါတယ်။ ကလေးက အစားရွေးတယ်ဆိုရင်လည်း Nestle ကနေထုတ်လုပ်ထားတဲ့Lactogen 3 နို့မှုန့်လိုမျိုး အာဟာပြည့်ဝတဲ့ အစားအသောက်မျိုးကိုတိုက်ကျွေးပေးလို့ရပါတယ်။Lactogen 3 မှာ ကလေးငယ်တွေကျန်းမာကြီးထွားဖို့အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေထည့်သွင်းထုတ်လုပ်ထားပါတယ်။ ပျော်ရွှင်ကျန်းမာတဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့အတွက် စိတ်အချရဆုံးအာဟာရကိုကျွေးချင်တယ်ဆိုရင်တော့ ကလေးငယ်တွေကြီထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေပါဝင်နေတဲ့ Lactogen 3 ကိုတိုက်ကျွေးပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရမျှတတဲ့အစားအသောက်တွေက ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်ပါတယ်။

မိမိရင်သွေးလေးတွေကိုပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ်ကြီးပြင်းလာစေချင်တာက မိခင်တိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒဖြစ်မှာပါ။ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာကိုမြင်လိုက်တဲ့အခါတိုင်း မိခင်တွေရဲ့ရင်ထဲမှာရှိနေတဲ့ အမောတွေပြေပျောက်သွားတတ်ကြပါတယ်။ ကလေးတစ်ယောက်ကိုပျော်ရွှင်ကျန်းမာတဲ့ကလေးတွေအဖြစ်ကြီးပြင်းအရွယ်ရောက်လာဖို့ဆိုတာက မလွယ်ကူတဲ့ တာဝန်တစ်ရပ်ပါပဲ။ ဒီလိုခက်ခဲတဲ့တာဝန်ကို မိခင်တွေကတော့ပျော်ပျော်ရွှင်ရွှင်ကြီးကိုထမ်းဆောင်နေကြဆဲပါ။ ကလေးတစ်ယောက်ကိုပျိုးထောင်ရတာက မလွယ်ကူပေမယ့် မိခင်တွေကတော့ သားသမီးကိုချစ်တဲ့စိတ်နဲ့ ပင်ပန်းမှုတွေကိုမမှုပဲ အပြုံးမပျက်သားသမီးတွေကိုစောင့်ရှောက်ပျိုးထောင်ပေးနေကြပါတယ်။ မိမိရင်သွေးကိုချစ်ကြတဲ့ မိခင်တိုင်းအတွက် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေက အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ မိဘတိုင်းအနေနဲ့ ကျန်းမာပျော်ရွှင်တဲ့သားသားမီးမီးလေးတွေကို ပျိုးထောင်နိုင်ကြပါစေကြောင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။