brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများကို မိမိကိုယ်ကို တန်ဖိုးထားတတ်ရန် သင်ပေးပါ

မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်းသည် အောင်မြင်ခြင်း အတွက် အရေးပါသည်။ မိမိကိုယ်ကို တန်ဖိုးထားခြင်းဆို သည်မှာ သင်ပြောသော၊ လုပ်သော အရာသည် မှန်ကန် သည်ဟု သင့်ကိုယ်သင် ဂုဏ်ယူခြင်း ခံစားမှုတစ်မျိုး ဖြစ်သည်။ သင့်ကလေးသည် မိမိကိုယ်ကို တန်ဖိုးထားခြင်း ခံစားမှု တစ်ခါရရှိသွားပါက သူတို့သည် ဘဝခရီး တစ်လျှောက်တွင် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းနှင့် စိတ်ခံစား မှု ဖွံ့ဖြိုးခြင်း နည်းလမ်းကို အမှန်တကယ် ရရှိသွားနိုင်သည်။

ကလေးများကို မိမိကိုယ်ကို တန်ဖိုးထားတတ်ရန် သင်ပေးပါ

သို့သော်လည်း မိမိကိုယ်ကို တန်ဖိုးထားခြင်း အလွန်များသွား ပါက အောက်ခြေ အလွန်မခိုင်ဘဲ အဖျက်သဘောဆောင် သော ဆိုးကျိုးများ ဖြစ်စေသည်။ ထို့ကြောင့် မိဘ တစ်ယောက်အနေဖြင့် သင်သည် သင့်ကလေးကို အစောပိုင်း အချိန်မှစပြီး မိမိကိုယ်ကို တန်ဖိုးထားခြင်း၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို သင်ပေးရန် လိုအပ်ပါသည်။

သင့်ကလေးကို အကြွင်းမရှိ ချစ်မြတ်နိုးပါ။ အသိအမှတ် ပြုပါ။

သင့်ကလေး မည်သည့်အရွယ်ပင်ဖြစ်စေ သင်သည် သူတို့ကို အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားခြင်း ရှိပေးသင့် သည်။ သူတို့သည် တန်ဖိုးရှိပြီး ချစ်ခြင်းနှင့်ထိုက်တန်ကြောင်း ရှင်းပြခြင်းဖြင့် စတင်နိုင်သည်။ သင်တို့နှစ်ဦးကြားတွင် ရွေးချယ်မှု၊ ထင်မြင်မှု သို့မဟုတ် စိတ်ဝင်စားမှု ကွဲပြားနိုင် သော်လည်း ၎င်းသည် သူတို့အပေါ် ချစ်ခြင်းကို မတားဆီး နိုင်ကြောင်း ပြောပြပါ။

သူတို့၏ အတွေးအခေါ်၊ စိတ်ဝင်စားမှု နှင့် ထင်မြင်ချက်တို့ကို ပိုမိုနားလည်လာရန် သူတို့၏ ကျောင်း တက်ခြင်း၊ စာသင်ခြင်း၊ ရွယ်တူ သူငယ်ချင်းများအကြောင်း မေးခွန်းများ ပိုပြီးမေးပေးပါ။ တစ်ချိန်တည်းမှာပင် အပြုသ ဘောဆောင်သော ထင်မြင်ချက်များ၊ တန်ဖိုးရှိသော မျှဝေခြင်းများဖြင့် သင်၏ အကြွင်းမဲ့ချစ်ခြင်း၊ ထောက်ပံ့ခြင်း ကို ပြသရန် မမေ့ပါနှင့်။ သင်ဂရုစိုက်သည်ကို ပြသရန် မျက်လုံးချင်းဆုံပြီး သေချာနားထောင်ပေးပါ။

သင့်ကလေးကို တန်ဖိုးထားပြီး အခြားသူများကို တန်ဖိုးထား တတ်ရန် သင်ကြားပေးပါ။

မိဘတစ်ဦးအနေဖြင့် သင်သည် သူတို့၏ ပထမဆုံး ဆရာ နှင့် သူငယ်ချင်းဖြစ်သည်။ သင်လုပ်သမျှအရာ အားလုံးသည် သင့်ကလေး၏ ပင်ကိုစရိုက်အပေါ် များစွာ လွှမ်းမိုးမှု ရှိနိုင် သည်။ ပထမဦးစွာ သင်သည် သူတို့၏ ခံစားမှုများ၊ ကိုယ်ရေး ကိုယ်တာနှင့် ပိုင်ဆိုင်သော ပစ္စည်းများကို တန်ဖိုးထားသင့် သည်။ ထို့နောက် ထိုသို့တန်ဖိုးထားခံရရန် အခြားသူများကို လည်း တန်ဖိုးထားရမည်ဟု သင်ကြားပေးပါ။

အခွင့်အရေးရတိုင်း သင့်ကလေးအပေါ် သင်ဂုဏ်ယူကြောင်း ပြသပါ။

သင့်ကလေးသည် ကောင်းမွန်သော တစ်စုံတစ်ရာ ပြုလုပ် တိုင်း သူတို့ကို အပြုသဘောဆောင်သော တုံ့ပြန်ချက်ပေးပါ။ သူတို့၏ အားထုတ်မှုကို ချီးကျူးပါ။ ၎င်းသည် သင့်ကလေး တွင် မိမိကိုယ်ကို တန်ဖိုးထားခြင်းကို မွေးမြူ တည်ဆောင်ရန် ကူညီပေးနိုင်သည်။

သင့်ကလေး၏ အရည်အချင်းများတိုးတက်စေရန် နည်းလမ်း များ ရှာပါ။

သင့်ကလေး ပို၍ အောင်မြင်ပြီး အတွေ့အကြုံရလာလေ သူတို့ အရည်အချင်းများကို သူတို့ ပို၍ ယုံကြည်လာလေ ဖြစ်သည်။ မိဘများသည် သားသမီးများနှင့်အတူ ရှိပြီး အရာ အားလုံးကို အတူလုပ်ကိုင်လိုသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့ သော်လည်း သင်သည် နောက်ဆုတ်ပြီး သူတို့ဘာသာ အရာ များကို လုပ်ကိုင်စေခိုင်းသင့်သည်။

သူတို့ရရှိလာနိုင်သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုသည် သူတို့ရှေ့ဆက်မည့် လမ်းတွင် လွတ်လပ်စွာပြုလုပ် တွေးခေါ်နိုင်ခြင်းကို ရစေ သည်။ ဥပမာ သင့်ကလေးသည် သိပ္ပံ စီမံကိန်းအချို့ကို လုပ်လိုပါက သူတို့ကို လုပ်ခွင့်ပြုလိုက်ပါ။ သူတို့အနားတွင် နေပြီး သူတို့ကိုယ်ပိုင် ဘယ်လောက်ကောင်းစွာ လုပ်နိုင်သလဲ ကို စောင့်ကြည့်နိုင်သည်။

သင့်ကလေးကို ဘယ်လိုပုံစံဖြင့် ရှုံးနိမ့်သင့်သည်ကို သင်ပေး ပါ။

လူတိုင်းသည် အမှားလုပ်ခြင်းနှင့် မကင်းပေ။ အမှားများ သည် ဘဝနှင့် ရင့်ကျက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို အမှားများကို ဘယ်လို ခွဲခြား ဆန်းစစ်ပြီး အမှားများမှ ဘယ်လိုသင်ယူရမည်ကို သင်ပေးပါ။ နောက် တစ်ကြိမ်တွင် သူတို့သည် အလားတူအမှားကို ရှောင်ကြဉ်နိုင် ပြီး ၎င်းသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရရှိရန် ကူညီပေးသည်။

Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။