brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးငယ်ငယ် Screen time အန္တရာယ်

ကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ်လောကကြီး ဖြစ်လာတာနဲ့အညီ စခရင်တွေဟာလည်း သယ်ဆောင်ရပိုလွယ်လာပြီး လက်လှမ်းလဲမီလာပါတယ်။ အိမ်တိုင်းလိုလိုမှာ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ တီဗွီတွေရှိလာကြပါတယ်။ ငယ်ရွယ်တဲ့ ကလေး တွေမှာ စခရင်ကြည့်ချိန် သတ်မှတ်တာထက်ပိုများခဲ့ရင် ဆိုတဲ့လေ့လာမှုတွေဟာ ခုထိလုပ်နေဆဲပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သေချာနေတာကတော့ ဒါဟာ သိမှုဆိုင်ရာ၊ ဘာသာစကားသင်ကြားမှုဆိုင်ရာ၊ စာသင်ကြားမှုဆိုင်ရာတွေကို ထိခိုက်စေပြီး နောက်ပိုင်းကြီးပြင်းလာတဲ့အခါတွေမှာလည်း စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ပိုဆိုးစေတယ် ဆိုပါတယ်။

ကလေးငယ်ငယ် Screen time အန္တရာယ်

ဒါကြောင့် အမေရိကန်ကလေးကျန်းမာရေးဆိုင်ရာအကယ်ဒမီက ကလေးတွေရဲ့ စခရင်ချိန်နဲ့ပတ်သက်လို့ guideline ကို ၂၀၁၆ ခုနှစ်မှာ ချမှတ်ပေးခဲ့ပါတယ်။ ဒီ guideline ထဲမှာ ပါဝင်တာကတော့

(၁) အသက်တစ်နှစ်ခွဲအောက်ဆိုရင် video chatting ကလွဲလို့ စခရင်ချိန်လုံးဝမရှိစေရပါ။

 (၂) တစ်နှစ်ခွဲကနေ နှစ်နှစ်အတွင်း မှာတော့ ကလေးတွေအတွက် အကျိုးရှိစေတဲ့ digital program တွေဖြစ်တဲ့ PBS Kids ၊ Sesame Workshop စတဲ့ အစီအစဉ်တွေကို မိတ်ဆက်ရုံမိတ်ဆက်ပါ။

(၃) နှစ်နှစ်ကနေငါးနှစ်အထိအရွယ်အတွက်တော့ ကလေးတွေအတွက်အကျိုးရှိတဲ့ အစီအစဉ်မျိုးတွေကို တစ်ရက်ကို တစ်နာရီအောက်သာ ကြည့်စေရပါတယ်။

 (၄)အသက်ခြောက်နှစ်အထက်ကိုတော့ စခရင်ချိန်ဟာ ကလေးငယ်ရဲ့ အိပ်စက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားချိန်တွေကို မထိခိုက်စေရတဲ့ ပမာဏလောက်ဖြစ်ရပါမယ်။ တစ်ရက်ကို တစ်နာရီခွဲ နှစ်နာရီထက်တော့ လုံးဝမပိုစေရပါဘူး။

JAMA က လုပ်ဆောင်ခဲ့တဲ့ သူတေသနတစ်ခုအရ စခရင်ချိန်များတဲ့ ကလေးတွေရဲ့ဦးနှောက်ဟာ ပုံပန်းသဏ္ဍန်ပါပြောင်းလဲသွားကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေဟာ အပြင်လောကက လူအချင်းချင်းပူးပေါင်းဆောင်ရွက်တာတွေကနေ အများကြီး သင်ယူဖို့လိုပါတယ်။ ဒါမှသာ လိုအပ်တဲ့ ဖွံ့ဖြိုးမှု မိုင်တိုင်တွေပြည့်မီပြီး လူမှုဆက်ဆံရေးဆိုင်ရာတွေလဲ သင်ယူနိုင်မှာဖြစ်ပြီး စိတ်ခံစားချက်တွေအကြောင်းကို နားလည်သဘောပေါက်ပြီး စာနာစိတ်ထားနိုင်မှာဖြစ်ပါတယ်။

စခရင်ချိန်အားလုံးဟာ အဆိုးချည်းပေးတာလား

 JAMA ကပဲ နောက်ထပ်လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အသက်လေးနှစ်ကနေ ဆယ့်ရှစ်နှစ်အတွင်း တီဗွီနဲ့ ဗွီဒီယို ဂိမ်းကစားတဲ့ ကလေးတွေကို လေ့လာကြည့်တဲ့အခါ သူတို့တွေဟာ ကျောင်းတွင်းသင်ကြားမှုဆိုင်ရာ ရလဒ်ဆိုးတွေထွက်ခဲ့ကြောင်းတွေ့ရပါတယ်။ တခြားတစ်ဖက်မှာကျတော့ လူမှုရေးပိုင်းဆိုင်ရာဆက်နွယ်မှုအသစ်ရခြင်း၊ လူမှုဝန်းကျင်အသစ်တွေနဲ့ ထိတွေ့မှုရနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေကိုလည်း စခရင်ချိန်တွေကဖြစ်စေတယ်ဆိုပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက်နဲ့ သူ့ထက်ကြီးတဲ့အရွယ်တွေအတွက်ဆိုရင် သင့်တော်တဲ့ စခရင်ချိန်ပေးခြင်းဟာ ပင်ပန်းမှုပြေပျောက်စေခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း စတဲ့အကျိုးတရားတွေကို ရစေပါတယ်။

မိဘတွေအနေနဲ့ဘာလုပ်သင့်သလဲ

 မိဘတွေဟာ စခရင်ချိန်ကို ကန့်သတ်ရုံတင်မက ခရင်ချိန်ကို ဘယ်အရွယ်ကစ၊ ဘယ်လိုအချိန်မျိူးတွေမှာပဲ ပေးသင့်သလဲဆိုတာလဲ သိထားသင့်ပါတယ်။ ညဖက်မှာ စခရင်ချိန်ရှိခြင်းဟာ အိပ်စက်ခြင်းကိုအနှောက်အယှက်ပေးနိုင်တာမို့ ညဖက်မှာ တယ်လီဖုန်း၊ကွန်ပျူတာ၊ တီဗွီအသုံးပြုခြင်းကို အထူးအာရုံစိုက်သင့်ပါတယ်။ ဒါ့အပြင် ကလေးနဲ့ မိဘတွေအတူတကွအချိန်ကုန်ဆုံးပြီး ပျော်ပွဲစားထွက်တာလို အပြင်ထွက်ကစားတာမျိုး၊ အားကစားတစ်ခုခုမှာပါဝင်စေတာမျိုး လုပ်ခိုင်းသင့်ပါတယ်။ တကယ်လို့ သင့်ရဲ့ဆယ်ကျော်သက် ကလေးငယ်ဟာ ဘယ်နေရာမှာမဆို ယေဘုယျအားဖြင့် တက်တက်ကြွကြွ ပါဝင်နေမယ်၊ ကျောင်းစာတွေကိုလဲ ပြီးအောင်လုပ်မယ် ၊ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးစကားပြောအချိန်ပေးတာလဲ ပုံမှန်လိုရှိမယ်၊ ကိုယ်ကာယလှုပ်ရှားမှုမှာလည်း အားမနည်းနေဘူးဆိုရင် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ စခရင်ချိန်တွေနဲ့ ပတ်သက်လို့ အရမ်းကြီးစိုးရိမ်မနေသင့်ကြောင်း Anderson ကတော့ အကြံပြုထားပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Seinn Moe Satt · 02/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။