မိဘတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို သူတို့ရဲ့ ဘဝတစ်လျှောက်က အဆင့်တွေတိုင်းမှာ ပြုစုစောင့်ရှောက်ခြင်းဟာ ပျော်စရာကောင်းတာနဲ့အမျှ ခက်ခဲတယ်ဆိုတာ သင်သိရှိပြီး ဖြစ်ပါလိမ့်မယ်။
မိဘတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို သူတို့ရဲ့ ဘဝတစ်လျှောက်က အဆင့်တွေတိုင်းမှာ ပြုစုစောင့်ရှောက်ခြင်းဟာ ပျော်စရာကောင်းတာနဲ့အမျှ ခက်ခဲတယ်ဆိုတာ သင်သိရှိပြီး ဖြစ်ပါလိမ့်မယ်။

သင့်ကလေးက ကလေးလဲမဟုတ်တော့ပဲ လူကြီးလဲမဟုတ်သေးတဲ့ ဆယ်ကျော်သက်နှစ်တွေဟာ သင့်အတွက် အခက်ခဲဆုံးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လူမျိုးဖြစ်စေ၊ ဘယ်လိုယဉ်ကျေးမှုမှာ ဖြစ်စေ ဆယ်ကျော်သက်တွေနဲ့ စကားပြောဆိုဆက်ဆံရခြင်းဟာ အဖြစ်များတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
အောက်ဖေါ်ပြပါအချက်တွေကတော့ ဆယ်ကျော်သက်တွေနဲ့ ဘယ်လိုအဆင်ပြေအောင် ဆက်ဆံရာမှာ ကူညီပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ဟာ အသက်ကြီးလာတဲ့အချိန်မှာ ဆယ်ကျော်သက်နှစ်တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းရာ ပြောင်းလဲမှုတွေ ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ သင့်ကလေး ကြီးလာတာနဲ့အမျှ သူဟာ မိဘတွေနဲ့ ပိုမိုဝေးကွာလာပါလိမ့်မယ်။
ဆယ်ကျော်သက်အရွယ်မှာ ကလေးဟာ အောက်ပါပြောင်းလဲမှုတွေကို ကြုံရနိုင်ပါတယ်။
သင့်ကလေးက သင့်ကို စကားမပြောဘူးလို့ သင်ပြောတိုင်းမှာ သူတို့က သင့်ကို နားမထောင်တာ ဖြစ်ပါတယ်။ စကားပြောဆိုမှုဟာ လူနှစ်ယော်ပါဝင်ပြီး လက်ချာရိုက်ခြင်းအားဖြင့် မအောင်မြင်နိုင်ပါဘူး။
တကယ်လို့ သင်တို့နှစ်ယောက်ထဲက တစ်ယောက်ဟာ နာကျင်စေတဲ့ ပြင်းထန်တဲ့ စကားလုံးတွေကို အသုံးပြုမယ်ဆိုရင် ခံရသူဟာ လုံခြုံမှုမရှိခြင်း၊ သူတို့မလုပ်တဲ့အရာတွေအတွက် စွပ်စွဲခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။
လူတိုင်းလူတိုင်းဟာ လေးစားမှုကို ခံရဖို့ ထိုက်တန်ပါတယ်။ သင့်ကလေးငယ်ဟာလည်း အတူတူပါပဲ။ သင်ဟာ သူ့ကို လေးစားပြီး သူ့အကြံဉာဏ်ကို နားထောင်သင့်ပါတယ်။ သူတို့ကို သေချာဆက်ဆံတဲ့အချိန်မှာ သူတို့နဲ့ စကားပြောဖို့ လွယ်တာကို သင်တွေ့ရမှာပါ။
သုတေသနတွေက မိဘအတော်များများဟာ ကလေးတွေနဲ့ စကားပြောချိန်မှာ မလိုအပ်တဲ့စကားတွေကို ပြောတတ်ကြတယ်လို့ ဆိုပါတယ်။ သင့်ကိုယ်သင် ကလေးငယ်နေရာမှာ ခံစားကြည့်ပါ။
သင့်မိဘတစ်ဦးဦးက တစ်ချိန်လုံး လက်ချာရိုက်နေရင် သင်ဟာ သက်တောင့်သက်သာ ခံစားရပြီး လိုက်နာလိုပါသလား။ ဒါကြောင့် သင့်စကားလုံးတွေကို ထိန်းသိမ်းပြီး သင့်ကလေးက သင့်စကားတွေကို ပျင်းရိခြင်း မဖြစ်မီ တိုတိုတုတ်တုတ်ပြောသင့်ပါတယ်။
သင့်ရဲ့ လူမှုဘဝနေထိုင်ပုံနဲ့ အပြုအမူတွေဟာ သင့်ကလေးက သင့်ကို ဘယ်လိုတွေးလဲဆိုတာအပေါ် ကြီးစွာသော သက်ရောက်မှုရှိပါတယ်။ သင့်ကလေး အသက်ကြီးလာချိန်မှာ သူတို့က ဘယ်အရာက မှန်တယ်၊ မှားတယ်ဆိုတာကို သတိထားမိပါလိမ့်မယ်။
ဒါကြောင့် သင့်ကိုယ်သင် ဂုဏ်ယူနိုင်တဲ့ လူတစ်ယောက်အဖြစ်နေခြင်းဟာ သင့်ကလေးငယ်ကလည်း သင့်ကိုလေးစားစေပြီး သူတို့ရဲ့အတွေးတွေကို သင်နဲ့မျှဝေလာမှာ ဖြစ်ပါတယ်။
ခြုံပြောရရင်တော့ ကလေးအသက်ကြီးလာချိန်မှာ ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာ သူတို့နဲ့ ဆက်ဆံရခက်ခဲတယ်ဆိုတာကို မိဘတွေ လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါဟာဆယ်ကျော်သက်တွေဟာ မိဘ၊ ဆွေမျိုးတွေကို မှီခိုမှုမရှိပဲ ကိုယ့်အားကိုယ်ကိုးမှု စတင်တဲ့ သဘာဝအတိုင်းဖြစ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ သင့်ကလေး ငယ်ရွယ်စဉ်ကလို ဆက်ဆံလို့မရတော့တာမို့ စိတ်ထိခိုက်တာမျိုး ဖြစ်နိုင်ပါမယ့် သူတို့ရဲ့ အခက်အခဲတွေ၊ ပျော်ရွှင်မှုတွေကို မျှဝေနိုင်မယ့်နည်းလမ်းတွေကို အားပေးသင့်ပါတယ်။