brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေးက သူ့ရဲ့လိင်အမျိုးအစားနဲ့ပတ်သက်ပြီးမရေမရာဖြစ်နေပုံပေါ်ရင် ဘယ်လိုအားပေးမလဲ

သင့်ကလေးကိုမွေးဖွားလိုက်ပြီဆိုတာနဲ့ သားယောက်ျားလေးဆိုတာကို သိလိုက်မှာပါ။ သားလေးတစ်ယောက်လိုပဲ သူ့ကိုအမြဲမွေးမြူလာခဲ့ တယ်။ နောက်တော့ တစ်နေ့မှာ သင့်ကလေးက သူ့ရဲ့ လိင်အမျိုးအစားကိုစတင်မေးခွန်းထုတ်လာပါလိမ့်မယ်။ ဒီကိစ္စက သူ့အတွက်တင်မကဘဲ သင့်အနေနဲ့ပါ တုန်လှုပ်စရာမရေမရာရှုပ်ထွေးစေနိုင်ပါတယ်။ သင် ဘယ်လိုပဲခံစားရပါစေ သင့်ကလေးက အရာအားလုံးထက် သူ့ဘက်မှာသင်ရှိနေပေးဖို့ လိုအပ်နေမယ်ဆိုတာကို သတိရပေးပါ။ သူ့ကိုဘယ်လိုအားပေးရမယ်ဆိုတာ သင်မသိသေးဘူးဆိုရင်တော့ အောက်ပါအကြံပြုချက်တချို့ ကို လုပ်ကြည့်ပါ။

သင့်ကလေးက သူ့ရဲ့လိင်အမျိုးအစားနဲ့ပတ်သက်ပြီးမရေမရာဖြစ်နေပုံပေါ်ရင် ဘယ်လိုအားပေးမလဲ

၁။ ဘာကိုမှ အတည်မမှတ်ယူပါနဲ့ဦး။

သူ့အသက်နှစ်နှစ်ဝန်းကျင်အတွင်းမှာ သင့်ကလေးက ခြားနားတဲ့ ကျား/မ ကွဲပြားမှုပုံစံတွေမှာ နေကြည့်ဖို့ကြိုးစားခဲ့ တာမျိုးလုပ်နိုင်ပါတယ်။ အဲဒါက ကြီးပြင်းလာတဲ့ ဖြစ်စဉ်တစ်စိတ်တစ်ပိုင်းပါ။ ပုံမှန်ပါပဲ။ သူက ပန်းရောင်တွေ ကို နှစ်သက်လာနိုင်သလို သူငယ်ချင်းတွေနဲ့ကစားတဲ့အခါ အမေနေရာက သရုပ်ဆောင်ဖို့ပိုသဘောကျနေနိုင်ပါတယ်။ ဒါနဲ့ပဲ သူက ကြီးပြင်းလာရင် လိင်တူချစ်သူဖြစ်သွားလိမ့်မယ် လို့ မဆိုလိုပါဘူး။ သူက မိခင်ဖြစ်သူလိုပဲ တစ်စုံတစ်ယောက်ကို အရမ်းဂရုစိုက်ချစ်ခင်တတ်သူ ဖြစ်ချင်ခဲ့တာလောက်ပဲ ဖြစ်နေနိုင်ပါတယ်။

၂။ အမြဲမျက်ခြေမပြတ် လေ့လာဂရုစိုက်ပေးပါ။

လိင်ကွဲပြားမှုအခြေအနေအကြောင်း အချက်အလက်တွေ ကို သင့်အနေနဲ့တတ်နိုင်သမျှလေ့လာစုဆောင်းပါ။ ကလေးက ဘာလို့ဒီလိုတွေပြုမူလာသလဲဆိုတာသိနိုင်ဖို့ သင့်ကလေးရဲ့ဆရာ သို့မဟုတ် ဆရာမနဲ့ စကားပြောကြည့် ပါ။ သင်သိတာများလေ သင့်ကလေးကို ပိုဂရုစိုက်နိုင်လေ ဖြစ်ပါတယ်။

၃။ သင့်ကလေးကို အနိုင်ကျင့်ဗိုလ်ကျခံရမှုနဲ့ အပယ်ခံရခြင်းမှ ကာကွယ်ပေးပါ။

သင့်ကလေးက ပြုမူပြောဆိုပုံထူးခြားနေပြီဆိုရင် သူဟာ ဗိုလ်ကျအနိုင်ကျင့်ခံနေရသူဖြစ်နေနိုင်ပါတယ်။ သူ့ရဲ့စိတ် ခံစားချက်အခြေအနေနဲ့ ခန္ဓါကိုယ်ကို သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကျောင်းကပြန်လာရင် သူမှိုင်နေပုံပေါ် သလား။ သူပြန်မရှင်းပြတတ်တဲ့ ထိခိုက်ဒဏ်ရာတွေ သူ့ကိုယ်မှာတွေ့ရသလား။ ကလေးတွေက ရက်ရက်စက်စက်လုပ်ရင်လုပ်နိုင်ကြပါတယ်။ ကိုယ့်ကလေး ရင်ဆိုင်ခံစားနေရတာကို လျှော့မတွက်ပါနဲ့။ အခြေအနေက သိပ်ဆိုးလာရင် ကလေးရဲ့ဆရာကိုအကူအညီတောင်းပြီး လိုအပ်ရင် ကြားဝင်ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားပါ။

၄။ သ့ူရဲ့ပြုမူလုပ်ဆောင်ချက်တွေက သူ့ဘဝမှာဘာတွေ သက်ရောက်စေနေသလဲဆိုတာ ကလေးကိုရှင်းပြပါ။

ဥပမာ – သင့်ကလေးက ကျောင်းကိုဂါဝန်ဝတ်သွားချင်နေ တယ်ဆိုရင် သူ့ကို ဒီဝတ်စုံနဲ့မြင်တဲ့အခါ သူငယ်ချင်းတွေက ဘယ်လိုတုံ့ပြန်လာနိုင်သလဲဆိုတာ ရှင်းပြပေးဖို့လိုပါတယ်။ ကလေးနားလည်လွယ်အောင် စကားကို ရိုးရိုးရှင်းရှင်းပြော ပါ။ သူ့အနေနဲ့ ဂါဝန်ကိုဘယ်လောက်ကြိုက်ကြိုက် သူဒီလိုဝတ်တာကို မြင်ရမှာမနှစ်သက်တဲ့ တခြားကလေး တွေရှိနေနိုင်တယ်ဆိုတာသူသိဖို့လိုပါတယ်။ ဒါတင်မကပါဘူး။ အဲဒီကလေးတွေက သူ့ကို ဆိုးဆိုးဝါးဝါး ပြောဆိုလိုက်နိုင်ပါတယ်။ ဒါတောင်မှ ဘာပဲဖြစ်ဖြစ် သူကဝတ်ချင်နေတုန်းပဲဆိုရင်တော့ သူ့ကိုမတားသင့်ပါဘူး။ အနည်းဆုံးတော့ ဒါဝတ်ရင် ဘာဖြစ်လာနိုင်လဲဆိုတာ သူသိသွားတာ အမြတ်ပါပဲ။

ခြုံငုံပြောရရင်တော့ သင်က သူ့ကိုအမြဲတမ်းချစ်နေမယ် ဆိုတာကို သင့်ကလေးသိစေဖို့ အရေးကြီးဆုံးပါပဲ။ သင်က သူ့ကိုလက်ခံပေးတယ်၊ သင်တတ်နိုင်သမျှနည်းလမ်းတွေနဲ့ သူ့ကို အားပေးနေမယ်ဆိုတာ သူသိနေပါစေ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။