ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ
လူငယ်တွေရဲ့ ကျန်းမာရေးက ဘာလို့အရေးကြီးတာလဲ..ဘယ်လိုဂရုစိုက်ပေးရမလဲ
ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးချင်ရင် လူငယ်တွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ပျိုးထောင်ပေးတယ်ဆိုတဲ့ နေရာမှာ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် စိတ်ရော ကိုယ်ပါ ကျန်းမာပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့ လိုပါမယ်။ ဒါမှ သူတို့လေးတွေရဲ့ ကိုယ်တိုင် အနာဂတ်ရော လူသားတွေရဲ့ အနာဂတ်ပါ လှပမှာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက် သားသမီးတွေကို ဘယ်လိုများ ဂရုစိုက်ပေးမလဲ။ သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးသလား........... ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဘေဘီလေး ဘဝကစလို့ ဆယ်ကျော်သက်၊ သတ်လတ်ပိုင်း၊ ဖိုးဖိုးဖွားဖွား အရွယ်အထိ ကျန်းမာရေးက ထိပ်ဆုံးက အရေးပါတဲ့အရာပါ။ အသိပညာကြွယ်ဝပြီး […]






























