ဆယ်ကျော်သက်အရွယ်

ကလေးတွေက မြီးကောင်ပေါက်အရွယ်ကို ရောက်လာပြီဆိုရင် သူတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကလည်း လိုက်ပြောင်းနိုင်ပါတယ်။ သူတို့လေးတွေကို ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆယ်ကျော်သက်အရွယ်

ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဆယ်ကျော်သက်အရွယ် ဆိုတာက အသက် ၁၀ နှစ် ကနေ ၁၉ နှစ်ကြားကို ဆိုလိုတာပါ။ ဒီအရွယ်မှာ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကြီးထွားဖွံ့ဖြိုးမှုတွေ ရှိလာပါပြီ။ ဒီဆယ်ကျော်သက်အရွယ်မှာ ကလေးတွေရဲ့ တွေးတောမှုပုံစံတွေ၊ ခံစားမှုတွေ၊ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြုမူပုံတွေ ပြောင်းလဲလာပါပြီ။ ခန္ဓာကိုယ်ကလည်း လုံလောက်အောင် ကြီးထွားလာပါပြီ။ ဒီကာလမှာ သမီးတွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာပြီ ဖြစ်သလို အပျိုဖော်လည်း ဝင်ပါပြီ။ ယောက်ျားလေးတွေဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးနေပါပြီ။ ဆယ်ကျော်သက်အရွယ်မှာ သားသားမီးမီးတွေ ဘယ်လို ဖွံ့ဖြိုးလာတာလဲ။ ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့် တွေကို လေ့လာလိုက်ရအောင်နော်။ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ ဘာတွေ ဖွံ့ဖြိုးလာမလဲ ဒီကာလမှာ ကလေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက တိုးတက်လာပြီ ဖြစ်ပါတယ်။ အိုင်ဒီယာတွေကို တိုတိုကျဉ်းကျဉ်းပြောရုံနဲ့ နားလည်တတ်ပါပြီ။ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို […]

ဆယ်ကျော်သက်အရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆယ်ကျော်သက်အရွယ် ကို ရှာဖွေမည်။

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

Puberty က hit ဦးမှာလား။

ဆယ်ကျော်သက်တွေ ကြားထဲမှာ ခေတ်စားနေတာက puberty hit ဆိုတဲ့ စကားရပ်လေး ရှိပါတယ်။ အရင်က ပုပုသေးသေး ကောင်မလေးက ခုမှ အရပ်တွေရှည်ပြီး လှလာတယ်လို့၊ ပိန်ပိန်ညှက်ညှက်ကောင်လေးက ယောက်ျားပီသတဲ့ ရုပ်လေး ထွက်လာတယ်တို့ပေါ့။ အပျိုဖော် လူပျိုဖော်ဝင်တယ် (puberty)ဆိုတာ လူတိုင်း ကျော်ဖြတ်ရမယ့် ကိစ္စပေမယ့် လူတိုင်းကတော့ puberty hitချင်မှ hitမှာပါ။ လူတိုင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။ ဒါဟာ ဘာကြောင့်များပါလိမ့်။ ဘယ်အချက်တွေကများ puberty hit စေတာလဲ။ ပျိုဖော်ဝင်ချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်စေတာက အောက်ကအချက်တွေကြောင့်ပါ။ ဟော်မုန်း အပျိုဖော်ဝင်တော့မယ်ဆိုရင် ဦးနှာက်ထဲမှာရှိတဲ့ ဟော်မုန်းထိန်းချုပ်ရာ ဌာနချုပ်ကြီး ဟိုက်ပိုသလမက် (hypothalamus) က စပြီး လှုပ်ရှားလာပါပြီ။ သူ့ရဲ့ အမိန့်ပေးမှုနဲ့ ကောင်မလေးတွေရဲ့ သားဥအိမ်၊ ကောင်လေးတွေရဲ့ ဝှေးစေ့ကနေ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ကို အာဟာရ ပြည့်ဝစွာ ကျွေးမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာပါ။ ဒီတော့ ဆယ်ကျော်သက် အရွယ် ကလေးတွေကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့ ဘာတွေများ ကျွေးရမလဲဆိုပြီး ခေါင်းခြောက်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ရဲ့ ခေါင်းခြောက်တဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဒါတွေပြင်ဆင်ပေးပါ။ (၁) ကြက်ဥ ကြက်ဥမှာ ခန္ဓာကိုယ် ကျန်းမာဖွံ့ထွားစေဖို့ လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥတစ်လုံးမှာ ဇင့်၊ ဗီတာမင် A၊ selenium နဲ့ ဗီတာမင် E တို့ ပါဝင်နေပါတယ်။ တစ်နေ့ကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်

ကျန်းမာစွာ စားသောက်နေထိုင်မှုက အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့အတွက် ပိုအရေးပါပါတယ်။ အကြောင်းကတော့ ကြီးကောင်ဝင်တဲ့အရွယ်မှာ လုံလောက်တဲ့ အာဟာရဓာတ်တွေပြည့်ဝမှ ခန္ဓာကိုယ်က အကောင်ဆုံး ဆက်လက် ကြီးထွားနိုင်မှာပါ။ ဖွံ့ဖြိုးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ အင်အားပြည့်ဝပြီး ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရစေဖို့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝလုံလောက်စွာ စားသုံးဖို့ မဖြစ်မနေလိုအပ်ပါတယ်။  ဒီတော့ ဆယ်ကျော်သက်အရွယ် တစ်ယောက်အနေနဲ့ ဘယ်လို အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။  ဆယ်ကျော်သက်တို့အတွက် လိုအပ်မယ့် အာဟာရဓာတ်များ ဆယ်ကျော်သက် အစောပိုင်းကာလက အခြား အသက်အရွယ် အပိုင်းအခြားတွေထက် အာဟာရကို ပိုမိုပြည့်ဝဖို့ လိုပါမယ်။ ဒီတော့ အာဟာရ ပြည့်ဝပြီး အကောင်းဆုံး ကြီးထွားစေဖို့အတွက် ကယ်လ်လိုရီ ကယ်လ်လိုရီက ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ အဓိက […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ်တို့ရဲ့ စိတ်ထဲက ပြဿနာများ

‌မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ် တို့ရဲ့စိတ်ထဲက ပြဿနာများ ငယ်ငယ်ကတော့ မိဘစကားကို နားထောင်ပါရဲ့။ အရွယ်လေးရောက်လာတော့ ပြောလို့ဆိုလို့ သိပ်မကောင်းတော့ဘူး။ အတွေ့အကြုံရှိတဲ့ လူကြီးတွေစကား နားမဝင်တော့ပါဘူးပေါ့။ ဒါက မိဘတွေ အတွေး။ လူငယ် ဆိုတာ လွတ်လပ်မှုကို တောင်းဆိုလေ့ ရှိကြသလို လူကြီးဆိုတာကလည်း စိတ်ပူတတ်၊ ထိန်းကျောင်းချင် တတ်ကြတာမို့ သဘောကွဲလွဲတတ်ကြပါတယ်။ အမေတို့ မသိပါဘူး၊ လူငယ်ပဲလေ ဒီလောက်တော့ နားလည်ပေးပေါ့ တို့၊ ဘိုးတော်က ပွားတယ်၊ အိမ်မှာ မနေချင်တော့ဘူး တို့ လူငယ်တို့ဆီကလည်း အသံထွက်လာတတ်တာပေါ့။ ဒီနေရာမှာ ဘာက ပြဿနာလဲ ဆိုတော့ အတွေးမတူကြတာပါ။ ကလေးတွေရဲ့ စိတ်ထဲ ဘယ်လိုရှိနေမလဲ၊ ဘာတွေ ကူညီပေးလို့ရမလဲ၊ ဆက်ဆံရေး ဘယ်လိုရင်းနှီးအောင် လုပ်ကြမလဲ ဆိုတာမျိုး တွေးလေ့ရှိတဲ့ မိဘတွေဟာ သားသမီးနဲ့ ဆက်ဆံရေးပိုကောင်းလေ့ရှိပါတယ်။ သူတို့စိတ်ထဲ ဘာတွေ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

လူငယ်တွေရဲ့ ကျန်းမာရေးက ဘာလို့အရေးကြီးတာလဲ..ဘယ်လိုဂရုစိုက်ပေးရမလဲ

ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးချင်ရင် လူငယ်တွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ပျိုးထောင်ပေးတယ်ဆိုတဲ့ နေရာမှာ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် စိတ်ရော ကိုယ်ပါ ကျန်းမာပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့ လိုပါမယ်။ ဒါမှ သူတို့လေးတွေရဲ့ ကိုယ်တိုင် အနာဂတ်ရော လူသားတွေရဲ့ အနာဂတ်ပါ လှပမှာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက် သားသမီးတွေကို ဘယ်လိုများ ဂရုစိုက်ပေးမလဲ။ သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးသလား........... ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဘေဘီလေး ဘဝကစလို့ ဆယ်ကျော်သက်၊ သတ်လတ်ပိုင်း၊ ဖိုးဖိုးဖွားဖွား အရွယ်အထိ ကျန်းမာရေးက ထိပ်ဆုံးက အရေးပါတဲ့အရာပါ။ အသိပညာကြွယ်ဝပြီး […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ

ယနေ့ခေတ် ဆယ်ကျော်သက်ကလေးတွေဟာ အရင်က ဆယ်ကျော်သက်တွေ ထက် အခက်အခဲတွေ ပိုများနိုင်ပါတယ်။ ခန္ဓာ၊ စိတ်စတာတွေပြောင်းလဲမှုကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေဟာ လူမှုရေးကစလို့ ကျန်းမာရေးအဆုံး အသစ်အသစ်သော ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။ အွန်လိုင်းကနေ အနိုင်ကျင့်ဗိုလ်ကျတာ၊ ကျောင်းမှာ  အုပ်စုဖွဲ့ ရိုက်နှက်ခံရတာကစလို့ နောက်ဆုံး ကိုယ့်အသက်ကို ကိုယ်တိုင် ရန်ရှာတာမျိုး အထိ အမျိုးမျိုးသော ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို အကောင်းဆုံး ပျိုးထောင်ချင်တယ်ဆိုရင် အရင်ခေတ်အခါနဲ့ မတူတော့တဲ့ ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်အရွယ်မှာ ဘယ်တွေလိုကြုံရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ အရာရောပြောင်းလဲနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာ၊ အာဟာရ ချို့တဲ့တာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆယ်ကျော်သက်တွေ ဟာ အာဟာရ လုံလောက်စွာ မရရှိတာကြောင့် ရောဂါတွေဒဏ်ကို ခံနိုင်ရည် နည်းကြပါတယ်။ အာဟာရ မပြည့်ဝမှုကြောင့် […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

တန်ဖိုးရှိတာမို့ တန်ဖိုးထားရမယ့် လူငယ်ဘဝ

လူငယ်ဘဝအကြောင်း ပြောကြတဲ့အခါ ပြုံးချင်စရာ၊ ရွှင်ချင်စရာ၊ မျက်ရည်ဝဲချင်စရာ အတိတ်ရဲ့ အစိတ်အပိုင်းလေးတွေဟာ အတွေးပုံရိပ်တွေထဲမှာ တစ်လွှာခြင်း တစ်ချပ်ခြင်း ပေါ်လာလိမ့်မယ်။ “ငါတို့ ငယ်ငယ်တုန်းကဆိုရင်ကွာ” လို့ စကားချီပြီး တချို့က မျက်ရည်လေး စမ်းစမ်း၊ စမ်းစမ်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြလိမ့်မယ်။ ကျောင်းဝန်းထဲက ကုက္ကိုပင်ကြီးအောက်မှာ ဘောလုံးကန်ခဲ့တာကနေစလို့ ယုန်ရုပ်မီးပုံးလှည်းလေးတွန်းရင်း တန်ဆောင်တိုင်းပွဲဈေးထဲ ပတ်လျှောက်ခဲ့ကြတာအဆုံး ဘဝမှာ အမှတ်တရတွေ ဒုနဲ့ဒေးမဟုတ်လား။ အမှတ်တရတွေနဲ့အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့လူငယ်ဘဝနဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက် မှတ်ယူထားတဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးတွေရှိနေတတ်ကြတယ်။ ဖြတ်သန်းမှုအပေါ်မူတည်ပြီး တန်ဖိုးထားမှုခြင်း၊ စံနှုန်းခြင်း ကွာဟနိုင်တာမှန်ပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း “ငါတို့တုန်းကတော့ ဒီလိုကွ” ဆိုပြီး ရှင်းပြတတ်ကြတာပါပဲ။ တချို့တွေကတော့ အမှတ်တရတွေနဲ့အတူ လူငယ်ဘဝ တန်ဖိုးတွေဟာ မှေးမှိန်ပျောက်ကွယ်သွားကြပြီလားလို့ တွေးထင်နေမိနိုင်ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေရဲ့ တန်ဖိုးတွေဟာ အရင်မျိုးဆက်တွေနဲ့ ကွာဟမှုတွေ ရှိလာနေလို့ ထင်မြင်ယူဆချင်စရာဖြစ်လာနေတယ်မဟုတ်လား။ လူငယ်ဘဝဟာ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ

ဒစ်ဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ မကင်းနိုင်တဲ့ ဒီဘက်ခေတ်မှာ သူတို့ဆီက ကောင်းကျိုးရော ၊ ဆိုးကျိုးရော မတောင်းဆိုဘဲ ရနေမှာပါ။ နေရာတကာ အသုံးဝင်လှတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ အိမ်၊ ဒစ်ဂျစ်တယ်ပစ္စည်း မရှိတဲ့ ရုံးခန်းရယ်လို့ မရှိပါဘူး။ ဒီပစ္စည်းတွေက သိပ်အကျိုးပြု သလို လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ (၁) မျက်စိ ထိခိုက်မယ် အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့် ဖြစ်လာစေတဲ့ အဖြစ်များဆုံး ဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ (မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊ စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း) ရှိနေလောက်ပါတယ်။ မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

အသက် ၂၀ အရွယ်မှာ ပျော်ရွှင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်စေဖို့

လူတစ်ယောက်ရဲ့ ဘဝခြေလှမ်းအစဆိုတာ အသက် ၂၀ ပြည့်ပြီး ၃၀ မရောက်ခင် အချိန်ကာလမှာ စတင်ပါတယ်။ ကလေးဘဝ၊ ဆယ်ကျော်သက် ဘဝနဲ့ လုံးဝမတူ ပြောင်းလဲနေတဲ့ ဘဝအသစ်တစ်ခုကို ရှာဖွေဖော်ထုတ်ကြရတယ်။ ဒီဘဝထဲမှာ ကျင်လည်ဖြတ်သန်းနိုင်ဖို့ စတင်ရုန်းကန်ကြရတယ်။ လောကဓံရဲ့ တိုက်စားမှုဒဏ်ကို စတင်ခံစားကြရတဲ့ အရွယ်ပေါ့။ ဒီဆောင်းပါးမှာတော့ အသက် ၂၀ မှ ၂၉ နှစ်ထိ လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျော်စရာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ အိပ်မက်ကို စတင်ရှာဖွေပါ။ ဒီလိုအချိန်ဟာ ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာ ရှိတဲ့ အနာဂတ်တစ်ခုကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ တက္ကသိုလ်မှာ လူကြီးစကားတွေ နားယောင်ပြီး ကိုယ်စိတ်မပါတဲ့ မေဂျာ၊ ကျောင်းကို တက်ခဲ့မိတယ် ဆိုရင်လည်း အချိန်မီ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက် အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုပြဿနာ

အပူအပင်မရှိတဲ့ ကလေးဘဝ ကို ကျော်လွန်ခဲ့ပြီးနောက်ပိုင်း ပူပန်စိတ်ကို စပြီးရင်ဆိုင်ရတာ မြီးကောင်ပေါက် ဆယ်ကျော်သက် အရွယ် ပါ။ အပြောင်းအလဲတွေ စပြီးဖြစ်လာတဲ့အရွယ်ဆိုတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ရော၊ စိတ်ခံစားချက်အပြောင်းအလဲတွေလိုမျိုး အကြောင်းအရာတွေကြောင့် စိတ်ဖိစီးမှုတွေရှိလာနိုင်တာပေါ့။ စိတ်ဖိစီးမှုရှိနေတဲ့ လူငယ်တွေမှာ ဒီလိုအပြောင်းအလဲလက္ခဏာတွေရှိလာနိုင်တယ် - စိတ်ခံစားချက်အပြောင်းအလဲ - စိတ်ဆတ်လာမယ်၊ စိုးရိမ်တတ်နေမယ်၊ စိတ်ဓါတ်ကျနေမယ်။ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲ - စိတ်ဖိစီးမှုခံစားနေရတဲ့လူငယ်တွေကနေမကောင်းပိုဖြစ်တတ်တယ်၊ မကြာခဏခေါင်းကိုက်တယ်၊ ဗိုက်အောင့်တယ်၊ နာကျင်ကိုက်ခဲမှုတွေဖြစ်နေနိုင်တယ်။ အပြုအမူပိုင်းအပြောင်းအလဲ - စားသောက်ပုံနဲ့အိပ်စက်ပုံအလေ့အထတွေပြောင်းလဲလာတယ်၊ ပုံမှန်လုပ်နေကျအလုပ်တွေကိုရှောင်လာမယ်။ ဦးနှောက်စွမ်းရည်အပြောင်းအလဲ - အာရုံစူးစိုက်နိုင်စွမ်းကျဆင်းလာမယ်၊မေ့တတ်လာမယ်၊ နမော်နမဲ့ဖြစ်လာမယ်။ ဆယ်ကျော်သက် တို့ ဘာကြောင့် စိတ်ဖိစီးရတာလဲ အဓိကအားဖြင့် - ပညာရေး ကျောင်းမှာအတန်းကြီးလာလေ စာကြိုးစားဖို့တာဝန်နဲ့ အမှတ်အများဆုံးရလိုတဲ့စိတ်က ပခုံးပိုလေးလာလေဖြစ်လာတာသဘာဝပါပဲ။ တက္ကသိုလ်ဝင်တန်းအတွက် ရည်မှန်းချက်ပြည့်မီအောင်ကြိုးစားရတယ်၊ ဆရာတွေနဲ့မိဘတွေကျေနပ်အောင်အပြင် အချိန်ဇယားနဲ့ လှုပ်ရှားရတဲ့ယန္တရားမှာလည်ပတ်နေရတယ်ဆိုတာ ဖိစီးမှုတွေရဲ့အစပါ။ မှန်းထားတဲ့အတိုင်းမပြည့်မီတဲ့အခါ ၊ စိတ်ပင်ပန်းလာတဲ့အခါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း