လည်ပင်းကြီးပေါင်း (Cervical spondylosis) ရှိတဲ့ လူတော်တော်များများမှာ သိသာတဲ့ ရောဂါလက္ခဏာ မပြကြပါဘူး။ တကယ်လို့ ပေါ်လာခဲ့ရင် မပြင်းထန်တဲ့အဆင့်မှ အလွန်ပြင်းထန်တဲ့အဆင့်ထိ ရှိပါတယ်။ တဖြည်းဖြည်းပေါ်လာတာရှိသလို ရုတ်တရက်ပေါ်လာတာမျိုးလဲ ရှိပါတယ်။ cervical spondylosis နဲ့ တွဲမြင်တဲ့ လူသိနည်းသော တခြား clinical syndrome တစ်ခုက suboccipital headache ဖြစ်ပါတယ်။
လည်ပင်းကြီးပေါင်း ေၾကာင့္ဖြစ်တဲ့ ခေါင်းကိုက်ခြင်း
Cervical spondylosis က ခေါင်းကိုက်ခြင်းအတွက် ဖြစ်နေကျ၊ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုပါ။ လူလတ်ပိုင်းအရွယ်ကနေ နောက်ပိုင်း ဖြစ်တတ်ပါတယ်။
Spondylotic headache မှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိပါတယ်။ တစ်ခါလောက် ရင်းနှီးသွားရင် နောက်ကို ရောဂါခွဲရတာ လွယ်သွားပါတယ်။ တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ အနောက်မှာ ဖြစ်တတ်ပါတယ်။
အနောက်ဖက်အခြမ်း မပါတဲ့ ခေါင်းကိုက်ခြင်းက spondylosis ကြောင့်ဖြစ်တာ မဟုတ်နိုင်ပါဘူး။ တခါတလေ တစ်ဖက်တည်းဖြစ်တဲ့အခါ နှဖူး သို့မဟုတ် တူညီတဲ့ဖက်က မျက်လုံး ဆီသို့ ပြန့်နှံ့သွားခြင်း သို့မဟုတ် သူ့ဖာသာ ဖြစ်ပွားခြင်းလို့ ဆိုကြပါတယ်။
အဖြစ်နည်းပေမယ့်လည်း vertical region မှာလဲ သက်ရောက်မှု ရှိုတတ်ပါတယ်။ ကျော၊ လည်ပင်းကစတဲ့ နာကျင်မှုက ခေါင်းနောက်ပိုင်းနဲ့ မျက်လုံးတွေဆီ ပြန့်နှံ့သွားတာက မဖြစ်တတ်တာ မဟုတ်ပါဘူး။ အလားတူ ဖြစ်ရပ်တွေမှာ နာကျင်မှုဟာ တူညီတဲ့ဖက်ရဲ့ လက်မောင်းတွေမှာပါ ခံစားရစေပါတယ်။ နာကျင်မှု ၂ခုလုံးက wax(ပျော့ပျောင်းမှု) နဲ့ wane (အားနည်းမှု) ကို အတူတူ ဖြစ်စေပါတယ်။
နာကျင်မှုက တဆစ်ဆစ်နဲ့ စိတ်ရှုပ်စေတဲ့ ပုံစံပါ။ သွေးကြောကစတဲ့ ခေါင်းကိုက်မှု သို့မဟုတ် ဦးခေါင်းခွံအတွင်း ဖိအားမြင့်တက်မှုနဲ့ ဆက်စပ်တဲ့ ခေါင်းကိုက်မှုတွေလို ပေါက်ထွက်မတက် ခံစားရသလို မဟုတ်ပါဘူး။
Cervical spondylosis ခေါင်းကိုက်မှုက ဘယ်လို ဖြစ်ပေါ်လာတာလဲ။
ဒီမေးခွန်းရဲ့ အဖြေကိုရှာဖို့ အဆင်ပြေဆုံးအဖြေကတော့ cervical spine ကို ဓါတ်မှန်ရိုက်ပြီး အပြောင်းအလဲ ရှိမရှိ ရှာဖွေရမှာပါ။ အဲ့ဒီပြောင်းလဲမှုတွေက ခေါင်းကိုက်မှု ခံစားနေရတဲ့ လူနာတွေမှာသာ ရှိပြီး မခံစားရတဲ့ သူတွေမှာ မရှိပါဘူး။
ဒီ cervical spine ကို ဓါတ်မှန်ရိုက်ပြီး စစ်ဆေးတာက တခါတလေမှာ apophysial joint ရဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ မပေးနိုင်ပါဘူး။ intervertebral (အရိုးအဆစ်ကြား) disk တွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် ခေါင်းကိုက်ခြင်းက disk ဒဏ်ရာ (ပမာဏ နည်းနည်း/များများ) ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းပြချက် အတော်များများအရ နာကျင်မှုဟာ disk ဒဏ်ရာကြောင့် ဖြစ်ဟန်မတူပါဘူး။
ခေါင်းကိုက်မှု ခံစားရတဲ့သူနဲ့ မခံစားရတဲ့သူတို့ရဲ့ ဓါတ်မှန်တွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ခေါင်းကိုက်တဲ့သူတွေမှာ ထူးခြားတဲ့ အနေအထားတွေ တွေ့ရပါတယ်။ apophysial joint နဲ့ cervical spine အထက်ပိုင်းတို့ရဲ့ ဝင်ရောက်လွှမ်းမိုးမှုတွေ ပါဝင်ပါတယ်။ ပိုပြီးတိကျတဲ့ ကောက်ချက်ချဖို့ဆိုရင် apophysial joint ရဲ့ကိစ္စတွေကို စနစ်တကျ လေ့လာဖို့ လိုအပ်ပါတယ်။
တကယ်လို့ ခေါင်းကိုက်ခြင်းက cervical spine အပေါ်ပိုင်းမှာရှိတဲ့ apophysial arthiritis ကြောင့်လို ဆိုချင်ရင် ဘယ်လိုဖြစ်ရတာလဲလို့ မေးစရာရှိပါတယ်။ အနောက်ပိုင်း အာရုံကြောအမြစ်တွေအပေါ် သက်ရောက်နေတဲ့ ဖိအားကြောင့်လို့ ဆိုရအောင်လည်း သူ့ကြောင့်ဖြစ်တဲ့ လက္ခဏာတွေ မရှိပါဘူး။ ပြီးတော့ နှဖူးနဲ့ မျက်လုံးရဲ့ နာကျင်မှုအတွက် ရှင်းပြဖို့လည်း ခက်ခဲပါတယ်။ အဆစ်တွေကိုယ်တိုင်ကြောင့် သို့မဟုတ် ကြွက်သားအပါအဝင် ပတ်လည်က တစ်သျှူးတွေကြောင့် နာကျင်မှု ခံစားရတယ်လို့ ဆိုနိုင်ပါတယ်။
သင့်ဆရာဝန်က အခြေအနေကို ပြန်အဆင်ပြေအောင် မလုပ်ပေးနိုင်လောက်ပါဘူး။ ဒါပေမယ့် တခါတရံ သင့်နာကျင်မှုနဲ့ သက်တောင့်သက်သာမဖြစ်တာကို အဆင်ပြေအောင် ကူညီပေးမယ့် သမားရိုးကျ ကုသမှုတွေ ညွှန်ကြားပါလိမ့်မယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။