brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေစွပ် ကို စိတ်တိုင်းကျ ပြုလုပ်ခြင်း ။ ။ အရေးကြီးသော အဆင့် ၅ဆင့်

Foot Orthotics တွေကို စိတ်ကြိုက်လုပ်တယ်ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခြေထောက်ပြဿနာတွေအတွက် မှန်ကန်စေဖို့ပါပဲ။ မှန်ကန်တဲ့ စိတ်ကြိုက်လုပ်Orthotics တွေကို ရရှိဖို့ဆိုရင်တော့ မဖြစ်မနေလိုက်နာရမယ့် အဆင့်တွေရှိပါတယ်။

ခြေစွပ် ကို စိတ်တိုင်းကျ ပြုလုပ်ခြင်း ။ ။ အရေးကြီးသော အဆင့် ၅ဆင့်

အဆင့် ၁။ ။ ဒဏ်ရာအသေးစိတ်ကို လိုက်ပါ။

လူနာတွေဟာ သူတို့ရဲ့ပြဿနာကို သူတို့ကိုယ်တိုင်ပြောပြလာအောင် အမေးခံရတတ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒဏ်ရာက ဒီအဆင့်မှာ ဘယ်လိုအခြေအနေရှိနေသလဲဆိုတာ သိဖို့ပါ။ အချို့သော အချက်အလက်တွေဟာ ကိုယ့်အတွက်မှန်ကန်တဲ့ Orthotics ပြုလုပ်ရာမှာ အရေးပါပါတယ်။

အဆင့် ၂။ ။ ဇီဝယန္တရား စစ်ဆေးမှု ခံယူရပါမယ်။

ခြေထောက်အတွက် ဇီဝယန္တရားစစ်ဆေးမှုနဲ့ ထပ်မံစစ်ဆေးမှုတွေကိုတော့ လူနာက စစ်ဆေးတဲ့စားပွဲပေါ် အိပ်နေရင်းဖြစ်စေ၊ မတ်တပ်ရပ်၍ဖြစ်စေ။ အစစ်ဆေးခံရပါတယ်။ ဆရာဝန်ဟာ အဆစ်တွေရဲ့လှုပ်ရှားမှုနဲ့ အရိုးအပိုင်းတွေရဲ့ အလိုင်းမန့်ကို စစ်ဆေးပါတယ်။ ဒီအဆင့်ကတော့ ခြေထောက်ကြားမှာ သို့မဟုတ် ခြေထောက်နဲ့ ခြေသလုံးကြားမှာ အရိုးတွေများ အလိုင်းမန့်လွဲချော်နေခဲ့ရင် ဆိုတာကို ဆုံးဖြတ်ပေးဖို့ပါပဲ။

စစ်ဆေးမှုအတွင်းမှာ ဆရာဝန်က သင့်ကို လမ်းလျှောက်ခိုင်းပါလိမ့်မယ်။ သင့်ရဲ့သွားပုံ၊ လာပုံကို ထပ်ပြီးစစ်ဆေးတဲ့အခါမှာတော့ in-shoe pressure အတိုင်းအတာတွေပါ ပါဝင်ပါလိမ့်မယ်။ သင်က လျှောက်လမ်းတစ်ခုပေါ် ပြေးရပြိး သင်ပြေးနေတာကို ကင်မရာတွေနဲ့ ရုပ်ရှင်ရိုက်ယူထားမှာပါ။ သွားလာပုံစစ်ဆေးခြင်း ( Gait analysis) ဟာ သင့်ရဲ့ခြေတစ်ဘက် တိုနေခြင်းရှိ၊မရှိ သို့မဟုတ် ခြေထောက်တစ်ဘက်က အခြားတစ်ဘက်ထက် ပြားနေတာမျိုး ရှိ၊မရှိ စမ်းသပ်ပေးမှာပါ။

အဆင့် ၃။ ။ ပုံသွန်းပါ။

ပုံသွန်းလောင်းခြင်းဟာ သင့်အတွက် သီးသန့် orthotics လုပ်ယူတဲ့အချိန်မှာ အရေးပါတဲ့အဆင့်တစ်ခုပါပဲ။ မှန်ကန်တဲ့ ပုံတစ်ခုရဖို့ဆိုရင် သင့်ဆရာဝန်က သင့်ခြေထောက်ကို ပုံသွန်းလောင်းစဉ်မှာ အနေအထားမှန်မှန်ကန်ကန်ထားရပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ကိုတော့ ဓါတ်ခွဲခန်းနည်းပညာရှင်တွေနဲ့အတူလုပ်ရမှာဖြစ်ပြီး ထွက်လာမှာကတော့ ကွန်ပျူတာ မော်ဒယ်လ် အဆင့် ဖြစ်တဲ့ Orthotics ကို ရရှိအောင်ဖန်တီးယူရမှာပါ။ ခြေထောက်ရဲ့ 3D ပုံရိပ်ကို ဖမ်းယူရရှိနိုင်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ Casting နည်းလမ်းကတော့ သင့်ခြေထောက်အဆစ်တွေရဲ့ ပျော့ပျောင်းမှုအပေါ် မူတည်နေပါတယ်။ တကယ်လို့များ arthritis ကြောင့်ပဲဖြစ်ဖြစ် ခြေထောက်မှာက အဆစ်လှုပ်ရှားမှု သိပ်မရှိတော့ဘူးဆိုရင် semi-weight bearing cast နည်းလမ်းကို အသုံးပြုပါတယ်။ တကယ်လို့ ခြေထောက်မှာ အဆစ်လှုပ်ရှားမှုပြဿနာမရှိဘူးဆိုရင် no weight bearing neutral position cast နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သင့်ခြေထောက်ကိုလည်း လေဆာစကင်နာ (laser scanner) ကိုသုံးပြီး ပုံဖော်လို့ရပါတယ်။

အဆင့် ၄။ ။ လမ်းညွှန်ရေးပါ။

Custom foot orthotic လမ်းညွှန် (အညွှန်း)ကို ရေးသားခြင်းဟာ စစ်ဆေးမှုတစ်လျှောက်ရလာတဲ့အချက်တွေ၊ ဇီဝယန္တရားစစ်ဆေးမှုတွေ၊ Gaity analysis တွေနဲ့ ခြေထောက်ရဲ့ 3D ပုံဖော်မှုတွေအားလုံးပါဝင်တဲ့ မသိမဖြစ်လိုအပ်တဲ့အချက်တွေအားလုံးကို ဖော်ပြထားတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ကိုယ့်အတွက် သီးသန့်ဖန်တီးထားတဲ့ Orthotic ဟာ ပလတ်စတစ်စလေးတစ်ခုသာသာရယ်လို့မဟုတ်ပါဘူး။ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေအများကြီးပါဝင်ပါတယ်။

– ပြင်ပခွံလုပ်မယ့် ပစ္စည်းရဲ့ ပျော့ပျောင်းမှု

– ပစ္စည်းရဲ့အကျယ်

– ဖနောင့်ကွင်းအနက် စတာတွေပါဝင်ပါတယ်။

အဆင့် ၅။ ။ အသားကျဖို့အချိန်ယူရပါတယ်။

အချို့လူတွေကတော့ စီးလိုက်တာနဲ့ ချက်ချင်းအသားကျသွားပေမယ့် အချို့လူတွေအတွက်တော့ အချိန်ယူရပါတယ်။ စီးရင်း သက်တောင့်သက်သာဖြစ်ပြီးအသားကျမယ့်အချိန်ဟာ ရက်သတ္တ၄ပတ်လောက်ထိလည်းကြာနိုင်ပါတယ်။ ပထမဆုံးစီးလိုက်တဲ့အချိန်မှာ အနည်းငယ်နာကျင်တာမျိုးကို ခံစားရနိုင်ပြီး ဒီမသက်မသာဖြစ်မှုတွေဟာ သင်အသားကျလာတာနဲ့ တပြိုင်နက် ပျောက်ကွယ်သွားမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။