brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) ကဘာလဲ။

Teniis elbow ဆိုတာက တံတောင်ဆစ်မှာ ရှိတဲ့ ကြွက်သားနဲ့ အရွတ်ေတွေ ထိခိုက်မိတဲ့ အခါမှာ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ တံတောင်ဆစ်မှာ humerus, တံတောင်ရိုး နှင့် အရိုးလည်ခြင်းဖြင့် ခေါင်းတစ်ခု ပါဝင်ပါတယ်။ တံတောင်မှာထွက်နေတဲ့ အရိုးက humerus ရဲ့ ခေါင်းကို ပတ်ပေးထားပါတယ်။ humerus ရိုးကိုဆက်ပေးထားတဲ့ ကြွက်သားနဲ့ အရွတ်တွေက ဒီအပိုင်းကနေ ထိုးထွက်နေပါတယ်။ ဒီတည်ဆောက်ပုံရဲ့ ကျေးဇူးကြောင့်သာ လက်က ကွေးနိုင် ဆန့်နိုင်နေခြင်း ဖြစ်ပါတယ်။ Sore muscles elbow when the tendon is cut or connect with relaxation. တံတောင်ဆစ်နာတာ နှစ်မျိုးရှိပါတယ်။

• Pain tennis elbow။ ။ တံတောင်ရဲ့ အပြင်ဘက်ပိုင်းထိခိုက်ခြင်း။ ဒီအမျိုးအစားက ကုသရလွယ်ပါတယ်။

• Pain in the elbow in golfers။ ။ တံတောင် အတွင်းဘက်ခြမ်းကို ထိပါတယ်။

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက ပုံမှန်လေ့ကျင့်ခန်းလုပ်သူများ သို့ ပြင်းထန်စွာ လုပ်သူများ အထူးသဖြင့် ညာဘက် တံတောင်လှုပ်ရှားမှုများတဲ့ တင်းနစ်ရိုက်ခြင်း နှင့် ဂေါက်ရိုက်ခြင်းတို့မှာ အဖြစ်များပါတယ်။ အသက် ၃၀ နှင့် ၅၀ ကြားလူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆက်လက်သိလိုသည်များကို ဆရာဝန်နဲ့ ဆွေးနွေးပါ။

လက္ခဏာများ

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်တဲ့ တံတောင်ပုံစံပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

Tennis elbow

အရွတ်ရောင်တာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။ သို့သော် အကြီးမားဆုံးသော ကွဲပြားပုံကတော့ တံတောင်အတွင်းမှာ တစ်ရှူးဆဲလ်တွေ ရောင်နေခြင်းပဲခြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

• လှုပ်ရှားလျှင် သို့ ထိမိလျှင် ထူးခြားတဲ့ လက်မောင်းနာခြင်း နှင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရခြင်းဖြစ်ပါတယ်။

• တံတောင်မှ လက်မောင်းသို့ ရွေ့နေတဲ့ ပူခြင်းကို ခံစားရခြင်း

• နာကျင်မှုဟာ ဆက်တိုက်ဖြစ်နေပြီး နားနေချိန်မှာတောင် နာနေခြင်း

• ကိုင်ခြင်း နှင့် မတင်ခြင်း၊စုပ်ကိုင်ခြင်း သို့ ရိုးရှင်းတဲ့ စာရေးခြင်း သွားတိုက်ခြင်းတို့ လုပ်ဆောင်ရန် ခက်ခဲနေခြင်း သို့ အားပျော့နေခြင်း

Elbow pain in golfers

လက်ဖြန် သို့ တံတောင် အတွင်းပိုင်းမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။

• တံတောင် တောင့်တင်းခြင်း

• လက်ကောင်ဝတ် သို့ လက်မောင်းအားပျော့ခြင်း

• လက်ချောင်းများ (အထူးသဖြင့် လက်သာကြွယ် နှင့် လက်သန်း) ထုံခြင်း သို့ ကျင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ tennis elbow ရဲ့နာကျင်မှူ အဖြေကို သိပြီဆိုလျှင် လက်ပြန်ကောင်းသည်ထိ လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။ နားတဲ့အချိန်မှာတောင် တံတောင်နာနေခြင်း နှင့် လက်အားနည်းနေတယ်ဆိုလျှင် ဆရာဝန်နဲ့ ပြပါ။ ညွှန်ကြားချက်မပါပဲလဲ ရေခဲကပ်ခြင်း နှင့် အကိုက်အခဲပျောက်ဆေးတွေ သုံးနိုင်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်တဲ့ တံတောင်ပုံစံ မတူခြင်းကြောင့် ဖြစ်ပွားစေတဲ့ အကြောင်းအရာတွေလဲ မတူနိုင်ပါဘူး။

• Tennis elbow pain။ ။ အလုပ်လုပ်တဲ့အခါမှာ သို့ အားကစားလုပ်တဲ့အခါမှာ လက်မောင်းအသုံးများခြင်း။ အလွန်လေးတဲ့ အရာတွေမလျှင်လည်း ဖြစ်တတ်ပါတယ်။

• Pain in the elbow in the golfers။ ။ လက်ကောက်ဝတ်အသုံးများလျှင် ဖြစ်တတ်ပါတယ်။ ထို့ပြင် တခြားလှုပ်ရှားမှုတွေ ဖြစ်တဲ့ အလေးမခြင်း၊ ပစ်ခြင်း၊ polish တိုက်ခြင်း( သို့ တခြား အားကစားပစ္စည်းများ)ကလည်း တံတောင်နာခြင်းဖြစ်ပေါ်စေပါတယ်။

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက Tennis elbow ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Tennis elbow ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• လက်သမားဆရာများ၊ စက်ရုံလုပ်သားများ၊ ဂီတအနုပညာရှင်များ၊ ငွေကိုင်များ၊ ပိုက်ပြင်သမားများ သိုံ တခြားလကတစ်ဖက်တည်းကို အကြိမ်ကြိမ်အသုံးပြုနေရတဲ့ အသက်မွေးဝမ်းကြောင်းများ။

• အားကစားပိုင်းဆိုင်ရာ မတော်တဆမှုများ

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ Tennis elbow မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်ပုခုံး၊ လက်မောင်းနှင့် လက်ကောက်ဝတ်တွေကို လက်တွေ့စမ်းသပ်မှုများ နှင့် ရောဂါလက္ခဏာတွေ မေးမြန်းခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။ ထို့ပြင် တခြားစမ်းသပ်မှုတွေ သို့ ဓါတ်မှန်ရိုက်ခြင်းတို့ဖြင့်လဲ တခြားအလားတူလက္ခဏာများ ဖြစ်နိုင်ချေရှိတဲ့ အဆစ်ရောင်ရောဂါ၊ လည်ပင်းရိုးရောဂါများ၊ အာရုံကြောရောဂါများ နှင့် pinched nerves တွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဆရာဝန်က သင့်အရွတ်ကို သံလိုက်ဓါတ်မှန်ရီုက်ဖို့လဲ မှာကြားနိုင်ပါတယ်။

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသနည်းတွေကတော့ အရောင်ကျဆေးပေးခြင်း နှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ပုံမှန် လှုပ်ရျားမှုကို ပြန်ရနိုင်ပါတယ်။ ဆရာဝန်က သင့်နာကျင်မှုအတွက် အရောင်ကျသောက်ဆေးတွေ ပေးပါလိမ့်မယ်။ ဆက်ပြီးနာကျင်နေလျှင် တံတောင်ထဲသို့ အရောင်ကျဆေးတိုက်ရိုက်ထိုးသွင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Tennis elbow ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Tennis elbow ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆရာဝန် အကြံပေးချက်အတိုင်း နာကျင်စေတဲ့ လှုပ်ရှားမှုတွေကို ၁ ပတ်မှ ၂ ပတ်လောက်ထိ ရပ်ထားပါ။

• ရေခဲကပ်ပါ။ သို့သော် တံတောင်ပေါ်မှာ တိုက်ရိုက် မကပ်ပါနဲ့။

• တံတောင်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးပတ်ပေးထားခြင်းဖြင့် နွေးစေပြီး ပိုပြီး ကွေးနိုင်ဆန့်နိုင်အောင် အထောက်အကူပေးပါတယ်။

• ဆရာဝန်ညွှန်ကြားတဲ့အတိုင်း collective cell physiotherapy လုပ်ပါ။

• နာကျင်မှုက ဆေးကုသနေစဉ် ပြန်ဖြစ်လျှင် သို့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ဖျားခြင်း သို့ အင်ပြင်တွေ ထလာလျှင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Kaung Thar · 07/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။