brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ကဘာလဲ။

လမ်းလျှောက်တဲ့အခါ၊ ထိုင်ရာမှထရပ်တဲ့အခါ၊ ခြေထောက်လွှဲတဲ့အခါ တင်ပါးဆုံရိုးမှ တဇက်ဇက်အသံမြည်ခြင်း၊ ခံစားချက်ရခြင်းတို့ဖြစ်ပါတယ်။

လူအများစုအတွက် ထိုအခြေအနေက စိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် တစ်ခုထဲသောလကဏာက ထိုအသံမြည်ခြင်း၊ ထိုကဲ့သို့ခံစားချက်ရခြင်းတစ်ခုထဲပါ။ ဒါပေမယ့် အကသမားတွေ၊ အားကစားသမားတွေအတွက်တော့ ထိုအခြေအနေမှာ နာကျင်ခြင်း၊ လှုပ်ရှားကိုအနှောင့်အယှက်ဖြစ်မယ့် တင်ပါးဆုံရိုးအားနည်းအားလျော့ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

လက္ခဏာများ

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများအားဖြင့် တင်ပါးဆုံရိုးပေါ်မှာရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေလှုပ်ရှားမှုကြောင့်ဖြစ်တာပါ။

အဖြစ်အများဆုံးနေရာကတော့ တင်ပါးဆုံရိုးအပြင်ဘက်၊ iliotibial band ဟုခေါ်သော တွယ်ဆက်တစ်သျူးကြွက်သားက ပေါင်ရိုးပေါ်ရှိအရိုးဖုပေါ်ဖြတ်သွားရာနေရာမှာ အဖြစ်များပါတယ်။

မတ်တပ်ရပ်နေစဉ်မှာ ထိုတစ်သျူးကအရိုးဖုနောက်တွင်ရှိပြီး ပေါင်ကွေးလိုက်သောအခါ အရိုးဖုကိုဖြတ်ကာ အရှေ့ဘက်ရွေ့သွားရာမှ အသံထွက်လာခြင်းဖြစ်တယ် ။

ပေါင်အပေါ်ပိုင်း အတွင်းဘက်ကိုတွယ်ထားသော iliopsoas အရွတ်ကြောင့်လည်း အသံထွက်လာနိုင်ပါတယ်။

တခြားတစ်နေရာကတော့ ပေါင်ရိုးထိပ်ရှိအရိုးလုံး တင်ပါးဆုံရိုးရှိအရိုးခွက်ထဲဝင်နေရာဖြစ်တယ်။ ပေါင်ကွေးတဲ့အခါ၊ ပြန်ဆန့်တဲ့အခါ ပေါင်ရိုးအတွင်းဘက်မှ တင်ပါးဆုံရိုးဆီသွားပြီး တွယ်ဆက်ထားသော rectus femoris အရွတ်က ပေါင်ရိုးထပ်ရှိအရိုးလုံးကိုဖြတ်ကာ လှုပ်ရှားရာမှ အသံထွက်လာခြင်းဖြစ်ပါတယ်။

အဖြစ်အနည်းဆုံးအကြောင်းကတော့ အဆစ်ကြားထဲသို့ အရိုးပျော့အပိုင်းအစ သို့ အရိုးအပိုင်းအစ ညက်နေရာမှလည်း အသံထွက်နိုင်ပါတယ်။ ဒီအချက်ကြောင့်ဆိုရင်တော့ နာကျင်နိုင်ပြီး မလှုပ်ရှားနိုင်ဖြစ်တတ်ပါတယ်။

ဖေြာ်ပထားသောအချက်တွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ။်

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးပါ။

အကြောင်းရင်းများ

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တင်ပါးဆုံရိုး၊ ဆီးခုံရိုးတို့ရဲ့ အရိုးငြမ်းဖွဲ့စည်းတည်ဆောက်ပုံ၊ တင်ပါးဆုံရိုးတဝိုက်ရှိ ကြွက်သား၊ အရွတ်၊ အရိုးနုစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အတွင်း၊ အပြင်၊ အနောက်ပိုင်း စသည့်နေရာများမှ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အဖြစ်အများဆုံးကတော့ iliotibial ကြွက်သား ပေါင်ရိုးအရိုးဖုပေါ် ဖြတ်သွားမှုကြောင့်ဖြစ်နိုင်သလို၊ iliopsoas အရွတ် iliopectineal အရိုးဖုပေါ်ဖြတ်သွားလှုပ်ရှားမှုကြောင့်လည်းဖြစ်နိုင်ပါတယ။်

အပြင်ပိုင်းနေရာမှအကြောင်းအရင်းကတော့ ပေါင်ရိုးဖုပေါ် iliotibial ကြွက်သားဖြတ်သန်းသွား၊ ချော်သွားရာမှဖြစ်ပြီး ထိုပေါင်ရိုးဖုအား တင်ပါးဆုံရိုးပေါ်ရှိကြွက်သားနှုတ်ခမ်းသတ် ပွတ်တိုက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အတွင်းပိုင်းနေရာမှအကြောင်းအရင်းကတော့များပြားပြီး-

အဖြစ်အများဆုံးအကြောင်းတော့ iliopectineal အရိုးဖုပေါ် iliopsoas အရွတ်ဖြတ်သွားခြင်းကြောင့်ဖြစ်တယ်။ ပေါင်ကွေးနေရာမှ ရုတ်တရတ်ဆန့်လိုက်သောအခါ၊ အတွင်းဘက်ခြေထောက်လှည့်သောအခါ အသံများထွက်တတ်ပါတယ်။

တင်ပါးဆုံရိုးပေါ်ရှိ သို့မဟုတ် ပေါင်ရိုးပေါ်ရှိ အရိုးငုတ်များ၊ အရိုးဇောင်းများပေါ် iliopsoas အရွတ် ရုတ်တရတ်ဖြတ်သွားခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

အဖြစ်အနည်းဆုံးအကြောင်းကတော့ ပေါင်ရိုးခေါင်း၊ သို့ တင်ပါးရိုးအရှေ့ပိုင်းပေါ် iliofemoral အရိုးနုဖြတ်သန်းသွားခြင်းကြောင့်ဖြစ်တယ်။

အနောက်ပိုင်းနေရာမှအကြောင်းအရင်းကတော့ ဖြစ်လေ့မရှိဘဲ တင်ပါးရိုးအစွန်းပေါ် ပေါင်ကြွက်သားအစွန်း ဖြတ်သွားသောကြောင့်ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အားကစားသမားများ၊ ပြင်းထန်သောလှုပ်ရှားမှုများ ထပ်ခါထပ်ခါလုပ်ရခြင်း

ဘဲလေးအကသမားများ

မြင်းစီးသူများ

ဘောလုံးသမားများ

ပြင်းထန်စွာအလေးမခြင်း၊ ပြေးခြင်း

အသက် ၁၅-၄၀ ကြားလူများမှာ အများစုတွေ့ရပါတယ။်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နာကျင်ခြင်း၊ အားကစားလုပ်ခြင်း၊ လုပ်ရှားခြင်းတွေမှာ အခက်အခဲဖြစ်ခြင်းတွေ မကြုံရသ၍ဆရာဝန်မပြကြပါဘူး။

စစ်ဆေးမှုတွေမှာဆိုရင်-

အယ်လ်ထရာဆောင်းရိုက်ခြင်း – တင်ပါးဆုံးရိုးလှုပ်၇ှားမှုကို ကြည့်ပြီး အရွတ်များလှုပ်ရှားမှု၊ အခြေအနေကိုကြည့်နိုင်ပါတယ်။

MRI – အရိုးတွင်းရှိအခြေအနေများကို စစ်ဆေးသိရှိနိုင်ပါတယ်။

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

မနာကျင်သ၍ ကုသစရာမလိုပါဘူး။ တင်ပါးဆုံရိုးလှုပ်၇ှားမှု အနည်းငယ်ပြင်ဆင်ပြုပြင်ခြင်းက တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ ဒါပေမယ့် နာကျင်လာပြီဆိုရင်တော့ နာကျင်မှုပိုဆိုးစေသော လှုပ်ရှားမှုများကိုရပ်သင့်ပါတယ်။

အိမ်တွင်းကုသမှုများနဲ့မသက်သာပါက ဆရာဝန်ပြသင့်ပါတယ။် လေ့ကျင့်ခန်းကုသမှုတွေက အကူအညီဖြစ်နိုင်ပြီး တခါတရံ ရောင်ရမ်းမှုသက်သာအောင် corticosteroid ဆေးထိုးရနိုင်ပါတယ်။ ရှားရှားပါးပါးခွဲစိတ်ရသည်လည်း ရှီနိုင်ပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှု

လှုပ်ရှားမှုလျှော့ချခြင်း၊ ပုံပြောင်းခြင်း

ရေခဲကပ်ခြင်း

အလွယ်တကူဝယ်ရသော အနာသက်သာဆေးများသောက်ခြင်း

သိလိုသည်များရှိပါက အကောင်းဆုံးအဖြေအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr.Aye Myat Myat Noe · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။