brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေပွတ်တိုင်လည်ခြင်းကို ဘယ်လိုကုသမလဲ။

လူအများစုဟာ သူတို့ရဲ့ ဘဝမှာ တစ်ခါတော့ ခြေပွတ်တိုင်လည်တတ်ကြပါတယ်။ ဒါဟာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာရရှိမှု ဆိုပေမယ့် ခြေပွတ်တိုင်အဆစ်လွဲခြင်းဟာ ခြေပွတ်တိုင်လည်ခြင်းကို ဖြစ်စေတာကြောင့် အရေးမကြီးတဲ့ ဒဏ်ရာရရှိမှုလို့ မဆိုသာပါဘူး။ ခြေပွတ်တိုင်တွေဟာ ရောင်လာပြီး အလွန်နာကျင်လာပါလိမ့်မယ်။ အချို့သူတွေမှာ ခြေပွတ်တိုင်ထဲက အရွတ်တွေဟာ ထိခိုက်မိပြီး ပြဲသွားနိုင်ပါတယ်။ မကြာခဏ ပြန်လည် ဖြစ်ခြင်းဟာ ခြေပွတ်တိုင် ပြဿနာတွေ ဖြစ်တဲ့ အဆစ်နာကျင်မှုနဲ့ အဆစ်ရောဂါတွေကို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခြေပွတ်တိုင်လည်ခြင်းကို ကုသဖို့က အရေးကြီးပါတယ်။

ခြေပွတ်တိုင်လည်ခြင်းကို ဘယ်လိုကုသမလဲ။

ခြေပွတ်တိုင်လည်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

ခြေပွတ်တိုင်လည်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ များသောအားဖြင့်ကတော့ အမြန်လှုပ်ရှားမှု ပြုလိုက်တဲ့အခါမှာ ခြေဖဝါးက အတွင်းကို လည်ပြီး ခြေပွတ်တိုင်က အပြင်ကိုလည် (ဒါမှ မဟုတ် ပြောင်းပြန်) တဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေတွေဟာ ခြေပွတ်တိုင်ရဲ့ အရွတ်တွေကို ဒဏ်ရာရရှိစေပါတယ်။

ခြေပွတ်တိုင်လည်ခြင်းကို ဘယ်လိုကုသမလဲ။

ခြေပွတ်တိုင်လည်ကြောင့် မပြင်းထန်တဲ့ ပျက်စီးမှုကနေ ပြင်းထန်တဲ့ ပျက်စီးမှုတွေအထိ ဖြစ်တတ်ပါတယ်။ တစ်မျိုးချင်းစီအတွက် သင့်လျော်တဲ့ ကုသမှု တွေ ရှိတတ်ပါတယ်။

RICE နည်းနဲ့ ကုသတာဟာ လူအတော်များများအတွက် အသုံးဝင်ပါတယ်။

• အနားယူခြင်း (rest) – ဒဏ်ရာရတဲ့ ခြေပွတ်တိုင်ကို အနားပေးသင့်ပါတယ်။ ဒဏ်ရာရမှုကို ပိုဆိုးစေတာကြောင့် လမ်းလျှောက်ခြင်းနဲ့လှုပ်ရှားခြင်း တွေကို မပြုလုပ်သင့်ပါဘူး။ ခြေပွတ်တိုင် လုံးဝ ပြန်မကောင်းမချင်း ချိုင်းထောက်တွေကို အသုံးပြုပါ။

• ရေခဲ (ice) – ဖြစ်ဖြစ်ပြီးချင်း ၂၄ နာရီကနေ ၇၂ နာရီအတွင်းရေခဲကို ခြေပွတ်တိုင်နေရာကို တစ်နာရီတစ်ခါ ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ ကပ်ပေးသင့်ပါတယ်။ ပါးလွှာတဲ့ အဝတ်နဲ့ ရေခဲကို အုပ်ပေးသင့်ပါတယ်။ အရေပြားပေါ်ကို တိုက်ရိုက်မကပ်သင့်ပါဘူး။ ခြေပွတ်တိုင် အရောင်ကျတဲ့အထိ (သို့) သက်သာတဲ့အထိ လုပ်ပေးသင့်ပါတယ်။

• ပတ်တီးစီးထားခြင်း (compression) – အရောင်ကျ သက်သာဖို့ ပတ်တီးကို ပထမ ၂၄ နာရီအတွက် စီးထားပေးသင့်ပါတယ်။

• ခြေထောက် မတင်ထားခြင်း (elevation) – အရောင်ကျဖို့ နောက်တစ်နည်းကတော့ ခြေပွတ်တိုင်ကို နှလုံး ရေပြင်ညီ မျက်နှာပြင် အထက်ကို ၂ နာရီက နေ ၃နာရီအထိ မြှောက်ထားပေးသင့်ပါတယ်။

တကယ်လို့ အရမ်းနာနေတယ်ဆိုရင် အကိုက်အခဲပျောက်ဆေးတွေကို အသုံးပြုသင့်ပါတယ်။ Ibuprofen (သို့) naproxen ကို အသုံးပြုသင့်ပါတယ်။

ပိုအရေးကြီးတာကတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အခြေအနေ အတော်များများမှာ ဒဏ်ရာရရှိမှုဟာ ပြင်းထန်တတ်ပြီးတော့ ခွဲစိတ်ကုသရန်အထိ လိုအပ်နိုင်ပါတယ်။

ခြေပွတ်တိုင်လည် ခြင်းဟာ သင့်လျော်တဲ့ ကုသမှုရရှိဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကောင်းမွန်စွာ အနာမကျက်ဘူးဆိုရင် ဆိုးကျိုးတွေဖြစ်တဲ့ နာတာရှည် ခြေပွတ်တိုင် နာကျင်ခြင်းနဲ့ အဆစ်လွဲခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါဟာ ခြေပွတ်တိုင်ကို မငြိမ်စေပဲ အားနည်းစေပြီး နောက်တစ်ခါ ပြန်လည် ဒဏ်ရာ ရရှိစေနိုင်ပါတယ်။ တကယ်လို့ အဆင်သင့်မဖြစ်သေးရင် ခြေဖဝါးကို ပုံမှန်အတိုင်း မလျှောက်စေသင့်ပါဘူး။

နောက်ပိုင်း ပြန်ကောင်းသွားပြီးရင်တော့ အထောက်အကူ ပစ္စည်းတွေဖြစ်တဲ့ ပတ်တီးလိုမျိုး အစည်းတွေ စည်းထားသင့်ပါတယ်။ သင့်ဆရာဝန်ကို ပြန်လည်ထူထောင်မှု အစီအစဉ်တွေ အတွက် မေးမြန်းသင့်ပါတယ်။

ပြန်လည်နေကောင်းလာစဉ်မှာ ရှောင်ရမယ့် အရာများ

နောက်ဆုံးမှာတော့ သင်ရှောင်ကြဉ်ရမယ့် အရာတွေ ရှိပါတယ်။ HARM လို့ အတိုကောက်မှတ်နိုင်ပါတယ်။

• အပူ (heat) – ရေပူချိုးခြင်း၊ အပူကပ်ခြင်း တွေ ပါဝင်ပါတယ်။ အပူဟာ သွေးစီးဆင်းမှုကို မြင့်တက်စေပြီး ရောင်ရမ်းမှုကို ပိုဆိုးစေပါတယ်။

• အရက် (alcohol) – အရက်ဟာ သွေးခြေဥခြင်းနဲ့ သွေးထွက်ခြင်းကို မြင့်တက်စေပါတယ်။ သူဟာ အနာကျက်တဲ့ ဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။

• ပြေးခြင်း (running) – ထပ်မံ ပျက်စီးမှုတွေကို ရှောင်ကျဉ်ဖို့ ကူညီပေးပါတယ်။

နှိပ်နယ်ခြင်း (Massage) – အနာကို အနားပေးပါ။ ၇၂ နာရီကျော်ကြာပြီးရင် နှိပ်နယ်နိုင်ပါတယ်။

ခြေပွတ်တိုင်လည်ခြင်းဟာ လျစ်လျူရှုသင့်တဲ့ ဒဏ်ရာငယ်တစ်ခု မဟုတ်ပါဘူး။ ဒဏ်ရာ ပြင်းထန်မှုပေါ်မှာ မူတည်ပြီးတော့ ကုသမှုတွေက ကွာခြားတတ်ပါတယ်။ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားဖို့ သင့်လျော်တဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။