Osteochondritis dissecans ဆိုသည်မှာ အရိုးနုနှင့် အောက်ခံ အရိုး၏ တစ်စိတ်တစ်ပိုင်းသည် အဆစ်မျက်နှာပြင် မှ ကွဲထွက်ပြီး ပြုတ်ထွက်နိုင်သော အခြေအနေတစ်ခုကို ခေါ် ပါသည်။ တင်ပဆုံနှင့် ဒူး အဆစ်တို့တွင် ဖြစ်ပွားလေ့ရှိပြီး ခြေ ကျင်းဝတ်နှင့် တံတောင်ဆစ်တို့တွင်လည်း ထပ်မံဖြစ်ပွားနိုင်ပါ သည်။
ငယ်ရွယ်သော (အသက် ၁၀-၂၀) နှင့် အလတ်ပိုင်း (အ သက် ၃၀-၆၀) လူများနှင့် အားကစားလုပ်သော လူများတွင် ဖြစ်ပွားလေ့ရှိပါသည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုဖြစ်ပါသည်။
Osteochondritis dissecans ၏ရောဂါလက္ခဏာများ သည် ထိခိုက်သော အဆစ်ပေါ်တွင် မူတည်ပါသည်။ ရောဂါ လက္ခဏာများမှာ-
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
ရောဂါလက္ခဏာများရှိပါက ဆရာဝန်ကို အကြောင်းကြားပါ။
ဖြစ်စေသော အကြောင်းရင်းသည် မရှင်းလင်းသော်လည်း Osteochondritis dissecans သည် အရိုးတွင် သွေးထောက် ပံ့မှု ဆုံးရှုံးခြင်းကြောင့် ဖြစ်ပုံပေါ်သည်။ ထိုသို့ ဆုံးရှုံးခြင်းသည် အရိုး၏ တစ်စိတ်တစ်ပိုင်းကို သေစေသည်။ ထိခိုက်ခံရသော အရိုး၏ အပိုင်းသည် ပြိုကျပြီး အဆစ်မျက်နှာပြင်တွင် ချိုင့်ခွက် တစ်ခု ဖြစ်စေသည်။ ထိုသေသော အရိုးပေါ်မှ အရိုးနုသည် လည်း ပျက်စီးသွားသည်။
သေသော အရိုးသည် ကျိုးသွားပြီး အဆစ်အတွင်းတွင် လွတ်နေသော ပစ္စည်းအဖြစ် ပေါလောပေါ် နေပါသည်။ ရောဂါသည် ထိခိုက်ဒဏ်ရာရသူများ ခဏခဏ တစ်နေရာတည်းကို ထိခိုက်မိသူများတွင် ဖြစ်ပွားပါသည်။ အခြား အချက်များကို တံစဉ်ပုံ သွေးဆဲလ်များဖြစ်သော သွေး အားနည်းရောဂါ နှင့် ဓါတ်ရောင်ခြည်ကုထုံးတို့ ဖြစ်ပါသည်။
Osteochondritis dissecans ဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ယခု ဖော်ပြထားသည့် အချက်အလက် များမှာ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေး ချက် များနေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသော အချက်အလက် များအတွက် သင့်၏ ဆရာဝန် နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။
Osteochondritis dissecans အတွက် ကုသမှု ရွေးချယ်ခြင်း တွေက ဘာလဲ။
အနားယူခြင်း၊ မလှုပ်ရှားဘဲနေခြင်း၊ အကိုက်အခဲပျောက် ဆေးများသုံးခြင်းဖြင့် ရလဒ်ကောင်းများ ရရှိနိုင်ပါသည်။ လေ့ ကျင့်ခန်း မလုပ်ခြင်းဖြင့် ပြန်လည်ကောင်းမွန်မှုကို မြန်ဆန်စေ ပါသည်။ အထူးသဖြင့် ငယ်ရွယ်သောသူများတွင် ခွဲစိတ်ကုသ မှု လိုအပ်ခြင်းမှာ ရှားပါးပါသည်။ ကျောက်ပတ်တီး သိုင်းကြိုး ဖြင့် အဆစ်ကို ကာကွယ်ထားခြင်းသည် ပြဿနာမဖြစ်စေဘဲ အနာကို ပြန်လည်ကောင်းမွန် စေပါသည်။ နာကျင်ခြင်းသည် ဆိုးရွားလာပါက အဆစ်သည် လှုပ်မရတော့ပါက ကွေး၍ ဆန့် ၍မရတော့ပါက ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ပါသည်။
Osteochondritis dissecans အတွက် အသုံးအများဆုံး စစ် ဆေးမှုကို ဘာလဲ။
Osteochondritis dissecans ကိုအတည်ပြုရန် ပထမဦး စွာ ခန္ဓါကိုယ်စစ်ဆေးမှု ခံယူရပါမည်။ ခန္ဓါကိုယ်စစ်ဆေးမှု ပြု လုပ်နေစဉ်တွင် ဆရာဝန်သည် ထိခိုက်သော အဆစ်ကို ဖိကြည့်ပြီး ရောင်ရမ်းခြင်း နာကျင်ခြင်းကို စစ်ဆေးပါသည်။ ပုံမှန်အတိုင်း လှုပ်ရှားနိုင်သလား သိရှိရန် သင်အဆစ်အား ဦး တည်ချက်များစွာကို လှည့်ခိုင်းပါမည်။ ဆရာဝန်သည် ထိခိုက် သောနေရာဝန်းကျင်မှ အရွတ်ကဲ့သို့သော အရိုး၏ အစိတ် အပိုင်းများကို လည်း စစ်ဆေးပါမည်။
ထို့နောက် ဆရာဝန်သည် ရောဂါအဖြေရှာခြင်းကို အတည် ပြုရန် အောက်ပါစစ်ဆေးမှု အချို့ကို ပြုလုပ်ပါသည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Osteochondritis dissecans ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Osteochondritis dissecans ကို ထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။