Morton’s neuroma ဟာ ခြေချောင်းတွေကိုသွားတဲ့ အာရုံကြောတစ်ခု ပတ်လည်က တစ်ရှူးထူထဲခြင်းကြောင့် ဖြစ်တဲ့ နာကျင်တဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် တတိယနဲ့ စတုတ္ထခြေချောင်းကြားမှာ အဖြစ်များပါတယ်။ ဒီအခြေအနေဟာ ဖိနပ်ကြားက ကျောက်စရစ်ခဲပေါ်မှာ မတ်တပ်ရပ်နေရသလိုမျိုး ခြေဖဝါးမှာ ပူလောင်တဲ့ ခံစားမှုမျိုး ရရှိစေနိုင်ပါတယ်။
Foot neuromas ဖြစ်ရခြင်း အကြောင်းရင်းများ
ခြေချောင်းတွေကိုသွားတဲ့ အာရုံကြော ထိခိုက်မိခြင်း၊ ဖိအားသက်ရောက်ခြင်း၊ ဆွခြင်းအစရှိတာတွေဟာ Morton’s neuroma ဖြစ်စေခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ အခြားအခြေအနေတွေဖြစ်တဲ့ ဒေါက်မြင့်ဖိနပ်စီးခြင်း၊ အားကစားအချို့မှာ ပါဝင်ကစားခြင်း၊ ခြေထောက် ပုံစံချို့ယွင်းခြင်းတွေဟာ Morton’s neuroma ကို ဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးအတော်များများဟာ ဒေါက်မြင့်ဖိနပ်တွေအစား ဒေါက်နိမ့်ဖိနပ်တွေ၊ ခြေချောင်းတွေအတွက်နေရာကျယ်တဲ့ဖိနပ်တွေရွေးချယ်စီးပြီး သက်သာသွားနိုင်ပါတယ်။ ကျပ်တဲ့ဖိနပ်တွေစီးရတဲ့ အားကစားတွေဖြစ်တဲ့ snow skiing၊ climbing တွေဟာ ခြေချောင်းတွေမှာ ဖိအားအပိုသက်ရောက်ပြီး မကြာခဏ ဒဏ်ရာရမှု ဖြစ်စေနိုင်ပါတယ်။
ခြေထောက်ပုံပျက်မှုရှိသူတွေဖြစ်တဲ့ ခြေမအနာစိမ်းဖြစ်ခြင်း၊ ခြေချောင်းကွေးခြင်း၊ flat feet ရှိသူတွေဟာ foot neuromas တွေ အဖြစ်များနိုင်ပါတယ်။
Morton’s neuroma ရဲ့ လက္ခဏာများ
Neuroma ဟာ အာရုံကြောတွေအတွင်းမှာ ဖြစ်ပေါ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပြီး အခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးနေရာကတော့ ခြေမရဲ့ အောက်ခြေကနေ ဒုတိယနဲ့ တတိယ ခြေချောင်းကြားအထိ ဖြစ်ပါတယ်။
လူနာတွေဟာ ခြေချောင်းကြားက နေရာမှာ ထုံကျင်မှုကို စစပိုင်း ခံစားရနိုင်ပါတယ်။ အာရုံကြောပတ်ပတ်လည်က တစ်ရှူးတွေ ထုံလာတဲ့အခါမှာ စူးရှပြီး ပူပြင်းတဲ့နာကျင်မှုကို ခြေဖနောင့်မှာ ခံစားရနိုင်ပါတယ်။ နာကျင်မှုဟာ လမ်းလျှောက်တဲ့အခါ ရုတ်တရက်ဖြစ်လာနိုင်ပြီး ဖိနပ်ချွတ်လိုက်တဲ့အခါ၊ ခြေထောက်ကို နှိပ်လိုက်တဲ့အခါ သက်သာသွားနိုင်ပါတယ်။ ထိခိုက်မိတဲ့ ခြေချောင်းတွေကြားမှာ ထုံကျင်မှု ဖြစ်နိုင်ပါတယ်။
Morton’s neuroma ရဲ့ လက္ခဏာတွေကတော့ မမျှော်လင့်ပဲ ဖြစ်ပေါ်နိုင်ပြီး မကုသရင် ပိုဆိုးလာနိုင်ပါတယ်။ နာတာရှည် အခြေအနေဟာ လူနာတွေကို လမ်းလျှောက်ရ ကြောက်ရွံ့ခြင်း၊ ခြေဖဝါးကို ကြမ်းပြင်ပေါ် ချရမှာ ကြောက်ရွံ့ခြင်းအထိ ဖြစ်နိုင်ပါတယ်။
အချို့သူတွေမှာတော့ သိသာထင်ရှားတဲ့ လက္ခဏာ ပြခြင်းမရှိပါဘူး။ MRI scans တွေဟာ လက္ခဏာ မပြတဲ့လူနာတွေမှာ Morton’s neuroma ကို တစ်ခါတစ်ရံ ညွှန်ပြနိုင်ပါတယ်။
Morton’s neuroma ရှိသူလူနာတွေဟာ အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်ထိုးဆေးတွေကို နာကျင်မှုသက်သာဖို့ အသုံးပြုနိုင်သလို ဖိနပ်ကိုလဲ ပြောင်းလဲနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ထိခိုက်မိတဲ့ အာရုံကြောကို ဖယ်ထုတ်ပြီး သူ့အပေါ်သက်ရောက်နေတဲ့ ဖိအားလျော့နည်းရအောင် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။