backup og meta

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

သင် အရိုးပွ နိုင်ပါသလား။

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

ဆိုရိုးတစ်ခုရှိပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်တဲ့။ သင့်အနေနဲ့ အရိုးပွခြင်းကို လျှော့ချနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ သင့်အနေနဲ့ ဒီရောဂါ ဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အန ္တရာယ် တွေကို သတိထားပြီး ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ အရိုးပွခြင်းဆိုတာ အရိုးကို ကျိုးလွယ်ပဲ့လွယ်စေတဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အရိုးတစ်သျှူးတွေ ပျက်စီးနှုန်းက ဆဲလ်အသစ်တွေ ဖြစ်ပေါ်နှုန်းထက် ပိုပြီးမြန်ဆန်နေလို့ ဖြစ်ပါတယ်။

မရှောင်လွှဲနိုင်သော အန ္တရာယ်များ

  • အသက်။ ၅၀ကျော်ချိန် ၊သွေးဆုံးချိန် တွေမှာဖြစ်တတ်ပါတယ်
  • ကျား/မ။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်
  • လူမျိုးစု။ အိန္ဒိယဥရောပမျိုးနွယ် နဲ့ အာရှအမျိုးသမီးတွေမှာဖြစ်ပါတယ်
  • မိသားစုရာဇဝင်။ မိသားစုဝင် တစ်ဦးဦးတွင် အရိုးပွရောဂါ ရှိခြင်း
  • ကိုယ်ခန္ဓါတည်ဆောက်ပုံ။ ပေါ့ပါးသေးသွယ်သောခန္ဓါကိုယ်ပိုင်ရှင်များ
  • မတော်တဆဖြစ်ပွားမှု။ အရိုးကျိုးခြင်း

အထက်ပါ အချက်များသည် ရှောင်လွှဲလို့မရသောအချက်များဖြစ်ပါတယ်။

ထိန်းချုပ်စီမံနိုင်သော အန ္တရာယ်များ

  • စားသောက်မှုပုံစံ။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီလုံလောက်စွာမရခြင်း၊ အသီးအရွက် အစားနည်းပြီးပရိုတင်း၊ ဆိုဒီယမ်၊ ကဖင်းဓါတ်အစားများခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
  • ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်းစသည်တို့သည် ရှောင်လွှဲ၍ရသောအချက်များဖြစ်ပါတယ်။

ဆေးဝါးများ

စတီးရွိုက်ဆေးဝါးများကို ရောင်ရမ်းမှု ကျစေဖို့ သုံးကြပါတယ်။ ပန်းနာရင်ကျပ်ကနေကင်ဆာအထိကျယ်ပြန့်စွာသုံးကြပါတယ်။

ကုသမှုတွေမှာကာလကြာရှည် သုံးစွဲရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိလာပါတယ်။ ထိုအထဲမှ ဆိုးကျိုးတစ်ခုကတော့ အရိုးဟာကျိုးပဲ့လွယ်တဲ့အထိအရိုးပွလာခြင်းပဲ ဖြစ်ပါတယ်။

တခြားဆေးဝါးတွေကတော့ အလူမီနီယမ် (aluminium) ပါဝင်တဲ့ အစာအိမ်ဆေး၊ ကင်ဆာဆေး၊ Proton pump inhibitors (အစာအိမ်အက်ဆစ်အထွက်နည်းစေသောဆေး)နဲ့ သိုင်းရွိုက်ဆေးတွေဖြစ်ပြီးလွန်ကျူးစွာသုံးစွဲပါကအရိုးကိုထိခိုက်စေပါတယ်။

သင့်အနေနဲ့ လက်ရှိမှာသောက်သုံးနေတဲ့ ဆေးဝါးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ နဲ့ အရိုးအပေါ်ကိုဘယ်လိုသက်ရောက်မှု ရှိတယ်ဆိုတာတွေကို ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် ဆရာဝန်၊ ကျွမ်းကျင်သူများ၏ညွှန်ကြားချက် မပါဘဲကိုယ့်သဘောနဲ့ကိုဆေးများကိုရပ်ပစ်ခြင်း၊ ဆေးပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနဲ့။

ရောဂါများ

တချို့ရောဂါတွေဟာသင့်အရိုးကျန်းမာရေးကိုထိခိုက်စေပြီးအရိုးပွခြင်း ဖြစ်စေပါတယ်။

  • မိမိခန္ဓါကိုယ်ရှိဆဲလ်များကို ပြန်တိုက်ခိုက်သောကိုယ်ခံအားစနစ် မူမမှန် ရောဂါ
  • အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ
  • ဟော်မုန်းရောဂါ
  • သွေးရောဂါ
  • အာရုံကြောရောဂါ
  • ကင်ဆာရောဂါ စတာတွေဟာအရိုးပွခြင်းကို ဖြစ်နိုင်ခြေများစေပါတယ်။

အရိုးပွခြင်းကိုပိုဆိုးစေတဲ့ တခြားအခြေအနေတွေ ရှိပါသေးတယ်။ အရိုးပွခြင်းဖြစ်နိုင်ချေရှိမရှိနဲ့ ပတ်သက်ပြီးဘယ်လိုကာကွယ်ရမယ်ဆိုတာသင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Translated by Thant Zin

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://nof.org/articles/2
http://www.livestrong.com/article/146247-what-are-the-medical-uses-of-steroids/
http://www.webmd.com/osteoporosis/guide/osteoporosis-risk-factors

 

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ