brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

cervico 2000 ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ

လည်ပင်းနာကျင်တာက ဖြစ်လေ့ရှိပါတယ်။ နှစ်အတော်ကြာတဲ့အခါ လည်ပင်းနာကျင်မှုအတွက် ဆွဲဆန့်တဲ့ ကုသမှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်မှုတွေ ကလွဲပြီး ဆွဲဆန့်ခြင်းက အများအားဖြင့် ရလဒ်ကောင်းတွေ ပေးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ရှုပ်ထွေးပြီး ပြုလုပ်ရ ခက်ခဲပါတယ်။

Cervico 2000 က အဲ့ဒီ ပြဿနာတွေကို ဖြေရှင်းဖို့ ထွက်ပေါ်လာတာပါ။

Cervico 2000 ရဲ့ လုပ်ဆောင်မှုတွေက ဘာတွေလဲ။

Cervico 2000 ကို အရိုးခွဲစိတ်ဆရာဝန်များအဖွဲ့က တီထွင်ခဲ့ပြီး ကျောရိုးမ မူမမှန်ခြင်းနဲ့ ဒဏ်ရာတွေနဲ့ ဆက်စပ်သော သေးငယ်ပြီး နာတာရှည်ဖြစ်နေတဲ့ လည်ပင်းနာကျင်မှုကို ကုသပေးပါတယ်။

ဒါက သေးငယ်တယ်၊ သယ်ဆောင်ရလွယ်တယ်၊ အားကောင်းတယ်၊ လည်ပင်းအရွယ်အစားအားလုံးနဲ့ ကိုက်ညီတယ်၊ ထိန်းချုပ်နိုင်တယ်၊ spine effective traction unit မှာ အသုံးပြုနိုင်တယ်။

Cervico 2000 က အသုံးပြုရ လွယ်ကူပါတယ်။ တကယ်လို့ သင့်အခြေအနေက နာတာရှည်ဆိုရင် သင့်ဖာသာ အိမ်မှာ ကိုယ်တိုင် ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။ တစ်ရက်ကို ၁၅မိနစ်မှ မိနစ်၂၀လောက် အချိန်အနည်းငယ်သာ အသုံးပြုရပါမယ်။

Cervico 2000 ဖြင့် ကုသမှု ခံယူနေစဉ်မှာ အလုပ်လည်းသွားနိုင်ပါတယ်၊ သင့်ပုံမှန်နေထိုင်မှုအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် ခွဲစိတ်မှုလိုမျိုး အချိန်ကုန်မှာကို စိတ်ပူစရာမလိုပါဘူး။ ကုသမှုအပြီးမှာလည်း ပြန်လည်နလံထူဖို့အချိန် (recovery period) မလိုအပ်ပါဘူး။

ဘယ်အချိန်အသုံးပြုရမလဲ။

ဒါက ခွဲစိတ်မှုမဟုတ်တဲ့ ကုသမှုပါ။ တကယ်လို့ သင့်က ခွဲစိတ်မှု မလိုအပ်တာ သို့မဟုတ် ခွဲစိတ်မှုခံယူဖို့ မသင့်တော်တာမျိုးဖြစ်ခဲ့ရင် အသုံးပြုနိုင်ပါတယ်။ ပါဝင်တဲ့ အခြေအနေတွေကတော့

– Discogenic disorder သို့မဟုတ် degenerative changes လို ကျောရိုးမပြဿနာတွေနဲ့ ဆက်စပ်တဲ့ လည်ပင်းနာကျင်မှု

– မတော်တဆ သို့မဟုတ် အားကစားလုပ်စဉ် ထိခိုက်မှုရဲ့ ရလဒ်ဖြစ်တဲ့ လည်ပင်းနာကျင်မှု

ဒါပေမယ့် cervico 2000 အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ သင့်ဆရာဝန်နဲ့ ဘယ်ကုသမှုက အကောင်းဆုံးဖြစ်မလဲဆိုတာ သွားရောက်ဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ အသုံးမပြုရဘူးလဲ။

သင့်မှာ အောက်ဖော်ပြပါ အချက်တွေရှိရင် အသုံးမပြုသင့်ပါဘူး။

– ကိရိယာကြောင့် နာကျင်စေနိုင်တဲ့ ထိခိုက်လွယ်တဲ့ အရေပြားရှိခြင်း

– အောက်မေးရိုး၊ လည်ပင်း သို့မဟုတ် ပခုံးမှာ အကျိတ် သို့မဟုတ် ကူးစက်မှု ရှိခြင်း။

– သွားမှာ ရောဂါပိုးကူးစက်မှု ရှိခြင်း

– ခွဲစိတ်မှု သို့မဟုတ် ထည့်သွင်းကုသမှု ခံယူရနိုင်သည့် အောက်မေးရိုး၊ လည်ပင်း အဆစ် မူမမှန်မှု။

– နှုတ်ဖို့လိုအပ်တဲ့ သွားတွေရှိခြင်း

Cervico 2000 က အများအားဖြင့် စိတ်ချရပေမယ့် တချို့ မူမမှန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအခြေအနေမှာ အသုံးပြုမှုကို ရပ်သင့်ပါတယ်။ ဆရာဝန်နဲ့ ဆက်သွယ်ပြီး အောက်ပါအချက်အလက်တွေအတွက် မေးမြန်းသင့်ပါတယ်။

– အသက်ရှုရခက်ခဲခြင်း

– ခေါင်းကိုက်ခြင်း

– မူးဝေခြင်း

Cervico 2000 က ကျောရိုးပြဿနာနဲ့ ဆက်စပ်တဲ့ လည်ပင်းနာကျင်မှု ကုသမှုအတွက် ပြိုင်ဘက်ကင်းနည်းလမ်းပါ။ သေးငယ်တယ်၊ အကျိုးသက်ရောက်မှုရှိတယ်၊ အသုံးပြုရတာ ရိုးရှင်းတယ်။ အိမ်မှာ သင့်ဖာသာ ထိန်းချုပ် အသုံးပြုနိုင်တယ်။

ဒါပေမယ့် သင့်ဆရာဝန်နဲ့တော့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နောက်ဆက်တွဲ ထိခိုက်မှုတွေမဖြစ်အောင် ညွှန်ကြားချက်တွေကို အမြဲ လိုက်နာရပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။