brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေမအဆစ်ရောင်ရမ်းခြင်းအား ခွဲစိတ်ကုသခြင်း

ခြေမအဆစ်ရောင်တဲ့ လူအများစုဟာရိုးရှင်းတဲ့ကုသခြင်းတွေနဲ့ ခြေမနာကျင်ခြင်းကိုသက်သာအောင် လုပ်ကြပါတယ်။ ဥပမာအားဖြင့် ရှူးဖိနပ်ကြီးတာကိုစီးတာ၊ အခုအခံထည့်တာစတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ရုံနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ဟာ ခွဲစိတ်ဖို့ အကြံပြုပါလိမ့်မယ်။

ခြေမအဆစ်ရောင်ရမ်းခြင်းအား ခွဲစိတ်ကုသခြင်း

ခြေမအဆစ်ရောင်ခြင်းဆိုတာဘာလဲ

ခြေမအဆစ်ရောင်ခြင်းဆိုတာခြေမရဲ့အရင်းကအရိုးဟာအဖုအထစ်ဖြစ်လာပြီးရောင်ရမ်းလာခြင်းကိုဆိုလိုပါတယ်။ ခြေမအဆစ် ရောင်လာတဲ့အခါ အဲ့ဒီခြေညှိုးဟာခြေညှိုးဘက်ကိုသိသိသာသာစောင်းသွားပါတယ်။ ခြေမအဆစ်ရောင်ခြင်းဟာအသားနဲ့အရိုး ၂ခုစလုံးကို ထိခိုက်စေတဲ့ ခြေဖဝါး ပုံပျက်ခြင်းပဲ ဖြစ်ပါတယ်။

ခြေမအဆစ် ရောင်ခြင်းဟာအရမ်းနာကျင်ပါတယ်။ ဒီပြဿနာကိုအဖြစ်များစေတာကတော့ မတော်တဲ့ ရှူးဖိနပ်တွေစီးလို့ ဖြစ်ပါတယ်။ အရမ်းသေးတဲ့ ဒါမှမဟုတ် အရမ်းကြီးတဲ့ ဖိနပ်တွေစီးရင် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ဖြစ်ပေါ်တဲ့ ဖိအားကိုတုံ့ပြန်တဲ့ အခြေအနေ ဖြစ်စေပါတယ်။ အမျိုးသမီးတွေဟာအမျိုးသားတွေထက်စာရင် ပိုအဖြစ်များပါတယ်။

ခြေအဆစ်ရောင်ခြင်းကိုခွဲစိတ်ကုသရန် ဆုံးဖြတ်ခြင်း

ခွဲစိတ်ကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာပုံမှန်အတိုင်း ပြန်လည်သက်သာပြီးနာကျင်မှုကိုပျောက်ကင်းစေဖို့ အရိုးအတက်ကိုဖယ်ရှားကာအဆစ်ကို (အရွတ်၊ ကြွက်သားအရွတ်နဲ့ အာရုံကြောတွေ အပါအဝင်) ပြန်လည် ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။ ခြေမအဆစ် ရောင်ခြင်းအတွက် ခွဲစိတ်ကုသတဲ့နည်းပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဖြစ်တဲ့အခြေအနေနဲ့ အရွယ်အစားပေါ် မူတည်ပြီးဘယ်လိုမျိုးခွဲစိတ်မယ်ဆိုတာ ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။

စမ်းသပ်စစ်ဆေးမှု (ဥပမာဓါတ်မှန်ရိုက်ခြင်း) လုပ်ပြီးရင် ခြေမအဆစ်ရောင်ခြင်းကိုသာမန်၊ အတော်အသင့်၊ ဆိုးရွားဆိုပြီးအဆင့်၃ဆင့် ခွဲပါလိမ့်မယ်။ ဆရာဝန်ဟာ သင့်ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အရိုးများတစ်သျှူးများရဲ့ ခံနိုင်ရည်အားကိုမူတည်ပြီးဆုံးဖြတ် ပါလိမ့်မယ်။

သာမန်ခြေမအဆစ် ရောင်ခြင်းအတွက် ဖြတ်တောက်ဖယ်ရှားခြင်းနည်းကိုသုံးပါတယ်။ အရိုးရဲ့ ရောင်နေတဲ့အပိုင်းကိုဖယ်ထုတ်ပြီး ကြွက်သားအရွတ်၊ ကြွက်သားနဲ့ အရွတ်များကို ပြန်လည်ချိန်ညှိခြင်း ပါဝင်ပါတယ်။ အတော်အသင့်ကြီးတဲ့အဆင့် ဆိုရင်တော့ ဆရာဝန်ဟာ ခြေမရဲ့ထိပ်ပိုင်းနဲ့ အနီးဆုံးအရိုးကိုလှီးထုတ်လိုက်ပြီးခြေမကိုအရင်အနေအထားအတိုင်း ပြန်ရောက်သွားအောင် ပြုပြင်ပါတယ်။

အရမ်းဆိုးသွားတဲ့ ရောင်ရမ်းခြင်းတွေကိုတော့ ခြေမအရိုးရဲ့ အောက်ခြေကိုဖြတ်ထုတ်ပြီးခြေမကိုအရင်နေရာဖြစ်အောင်ကာ ဝက်အူနဲ့စုပ်ထား လိုက်ပါတယ်။

ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်တာအမြဲတမ်းတော့ မလွယ်ပါဘူး။ ဖြစ်လာနိုင်ခြေအကျိုးကျေးဇူးများနဲ့ ဆိုးကျိုးများကြားမှာသေချာစွာစဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပိုပြီးသိလိုတဲ့အခါ ဆရာဝန်ကို မေးမြန်းပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Dr.Aye Myat Myat Noe · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။