backup og meta

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ

ခါးနာလိုက်တာလို့ဆိုလိုက်ရင် လူတွေ အရင်ဆုံး ပြေးမြင်မှာက အလေးအပင်မလိုက်လို့လား။ ဒဏ်ရှိနေတာလားဆိုတာကို အရင်မေးလေ့ရှိကြပါတယ်။ တကယ်ကတော့ ခါးနာတာက ဒီအချက်တွေကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာ ရောဂါတွေ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွက်စေလို။

လူတွေက ခါးနာတယ်လို့ အလွယ်တကူပြောကြပေမယ့် ခါးနာတာကို မပေါ့သင့်ပါဘူး။ တကယ်ကတော့ ခါးဆစ်တွေ (ကျောရိုး)က ခန္ဓာကိုယ်ကို အကောင်းဆုံး မတ်နိုင်စေဖို့ ထောက်ပံ့ပေးထားတာပါ။ ခါးက လမ်းလျှောက်ဖို့ ထိုင်ဖို့၊ ထဖို့ အားလုံးကို ထောက်ပံ့ပေးထားတာပါ။

ခါးဆစ်တွေထဲမှာ အာရုံကြောတွေ ပါဝင်နေပြီး ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံပေးလို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခါးဆစ်မှာ တစ်ခုခု ထိခိုက်မိမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို အကြောတွေ သေသွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးနာတဲ့အခါ ဘယ်လို အခြေအနေက စိုးရိမ်စရာကောင်းလဲ။ ဘယ်လို အခြေအနေမျိုးဆို ကုသမှု ချက်ချင်းခံယူဖို့လိုမလဲဆိုတာကို ဖတ်ကြည့်ပေးပါဦးနော်။

ဘာတွေက ခါးနာစေတာလဲ။

ခါးနာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။

ခါးနာကို ဘယ်လို သက်သာစေနိုင်လဲ

အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ တစ်သက်တာမှာ တစ်ကြိမ်လောက်တော့ ခါးနာတာကို ခံစားကြရပါတယ်။ ဒီလိုအခြေအနေမှာ အရေးကြီးတာက ခါးနာတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ပြင်းထန်လား။ ခါးနာတာက သာမန်ပဲလားဆိုတာကို သေချာ ဆန်းစစ်ဖို့ပါ။

ခါးနာတာက အနေအထား မမှန်တာ၊ အလေးအပင် မတာတွေကြောင့် နာကျင်တာမျိုးဆိုရင် သာမန် ခါးနာတာမျိုးလို့သတ်မှတ်ရပါမယ်။ ဒီလို ခါးနာတာက သေချာ အနားယူမယ်။ ရေခဲဝတ်ကပ်မယ်။ ရေနွေးအိတ်ကပ်မယ်ဆိုရင် ၇၂ နာရီ (၃ ရက်) လောက်ဆို သက်သာသွားပါတယ်။

ဒါပေမယ့် ခါးနာတာက ဒီလိုတွေ လုပ်ပေမယ့် ၃ ရက်အထိ မသက်သာဘူး။ အခုလို လက္ခဏာတွေပါ ခံစားနေရမယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။

ခါးထဲက စူးခနဲနာကျင်တာ – ဒါက ကြွက်သား ဒါမှမဟုတ် အရွတ် စုတ်ပြဲတာဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါ ခံစားနေရတာပါ။

ခါးထဲနေရာ အနှံမှာ တဆစ်ဆစ် နာတာ – နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။ ခြေ၊လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့ အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ်။

ခါးနာရင်းက ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာ – ခါးထဲက နာတဲ့အခါ ခြေထောက်တွေပါ နာလာတာ၊ ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာက အာရုံကြော ဖိမိနေတာ တင်ပါးဆုံက အာရုံကြောတွေ ညပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆီး၊ ဝမ်းမနိုင်တာ – ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ ဆီးတွေ၊ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ ဖြစ်နေတာဆိုရင် အာရုံကြော ပျက်စီးနေတာ၊ ကျောရိုးမကြီး ပိုးဝင်နေတာ၊ ဦးနှောက် အမြှေးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။

ပေါင်ရင်းက ထုံနေတာ (သို့မဟုတ်) တစ်ဆစ်ဆစ်စူးပြီး နာတာ – ခါးနာတာက ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ် စူးပြီး နာနေမယ်ဆိုရင် အာရုံကြော ပြင်းပြင်းထန်ထန် ထိခိုက်တာ ဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလို လက္ခဏာတွေ ခံစားရပြီဆိုရင် ထိခိုက်မှုတွေ ပိုဆိုး မလာစေဖို့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ အချို့အခြေအနေတွေက ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။

ခါးနာတာက အရမ်းမပြင်းထန်ရင်

  • အနားယူပေးတာ
  • ရေခဲဝတ်ကပ်တာ
  • ရေနွေးအိတ်ကပ်တာ
  • နှိပ်နယ်တာ
  • ဆေးသောက်တာ
  • ဆေးထိုးတာတွေနဲ့ သက်သာနိုင်ပါတယ်။

ပြင်းထန်မယ်ဆိုရင်တော့

ခွဲစိတ်ကုသမှု

ခွဲစိတ်ကုသတာက ပြင်းထန်တဲ့ ခါးနာမှု ​ပြဿနာကို ကုသနည်းတစ်ခုပါ။  ပုံမှန်ကတော့ ကုထုံးတွေ ခံယူတာ၊ ဆေးတွေ သောက်သုံးတာလောက်ပဲ လုပ်ဆောင်ရတာပါ။

ခါးဆစ်ကပုံမမှန်တာတွေကို ဖယ်ရှားဖို့ လိုတဲ့အခါ ခွဲစိတ်မှုကို လိုအပ်ပါမယ်။

Corrective osteotomy

ဒါကတော့ ခါးဆစ်ရိုး ပုံစံ မမှန်တာကို ကုသပေးတဲ့ နည်းလမ်းတစ်ရပ်ပါ။ အာရုံကြော ညပ်လို့ ခါးနာတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

Minimally Invasive surgery

အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းရှည်လေးတွေနဲ့ ကြည့်ပြီး စက်ရုပ်လက်ကို အသုံးပြုလို့ ခါးရိုးထိခိုက်မှုတွေအတွက် ခွဲစိတ်ကုသပေးတဲ့ နည်းလမ်း တစ်မျိုးပါ။ ထိခိုက်မှုနည်းပြီး ချုပ်ရိုးက သေးတာကြောင့် နာလန်ထချိန်လည်း မြန်ပါတယ်။

ခါးနာလာတဲ့အခါ ၃ ရက်နဲ့ မသက်သာဘူးဆိုရင် ပြင်းထန်တဲ့ ရောဂါတွေကို မခံစားရခင် မြန်မြန်သိ မြန်မြန် ကုသနိုင်စေဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူပေးပါ။

ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။

ခါးခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်

Mount Elizabeth Hospitals Singapore, Myanmar Office

ရန်ကုန် Helpline : 09-430 66666, 09-430 66663

မန္တလေး Helpline: 09-430 66667, 09-7930 66667

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 signs your back pain might be an emergency https://utswmed.org/medblog/5-signs-your-back-pain-might-be-emergency/ Accessed Date 18 November 2020

Home remedies for low back pain https://www.health.harvard.edu/pain/home-remedies-for-low-back-pain Accessed Date 18 November 2020

Back pain https://www.nhs.uk/conditions/back-pain/treatment/ Accessed Date 18 November 2020

ယခုပုံစံ

26/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ