backup og meta

အဆစ်တွေ တောင့်တင်းနေပြီလား

အသက်အရွယ်ရလာတဲ့အခါ အရိုးအဆစ်တွေ တောင့်တင်းတာကို ခံစားကြရပါတယ်။ အကြောင်းကတော့ နှစ်ရှည်လများ အသုံးပြုထားတာကြောင့် အဆစ်တွေ၊ အရိုးတွေနဲ့ ကြွက်သားတွေကက နာကျင်တာ တောင့်တင်းတာတွေကို ခံစားလာရတာပါ။ ဒီလို အဆစ်တွေ တောင့်တင်းနာကျင်တာက နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

အဆစ်တွေ တောင့်တင်းနေပြီလား

ဒီလို အဆစ်တွေ တောင့်တင်းရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အဆစ်တွေတောင့်တင်းတာကို မနက် အိပ်ရာ ထထချင်းတွေမှာ ပိုပြီး သိသိသာသာ ခံစားရပါတယ်။ ဒီတော့ အဆစ်တွေ တောင့်တင်းနေတယ် ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို သက်သာအောင်လုပ်ရမလဲ။ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ဆီ သွားပြဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။

အဆစ်တွေ တောင့်တင်းတယ်ဆိုတာ

အဆစ်တွေ တောင့်တင်းတယ်ဆိုတာ

အဆစ်တွေ တောင့်တင်းတယ်ဆိုတာက တောင့်တင်းတယ် ဆိုတဲ့အတိုင်း အဆစ်တွေနေရာမှာ တောင့်တောင့်ကြီး ဖြစ်နေတာမျိုးပါ။ ပြင်းထန်တဲ့ အတိုင်းအတာကို လိုက်ပြီးတော့တော့ သက်သောင့်သက်သာ မရှိတဲ့ အနေအထားက ကွာခြားနိုင်ပါတယ်။ အချို့သူတွေမှာ သိပ်မပြင်းထန်ပေမယ့် အချို့တွေမှာတော့ တော်တော်လေး ပြင်းထန်ပါတယ်။ လှုပ်ရှားလို့ မရတဲ့အထိ အဆစ်တွေ တောင့်တင်းနာကျင်တာမျိုး ရှိနိုင်ပါတယ်။

အဆစ်တွေက ရောင်လည်းရောင်မယ်။ နာလည်းနာမယ်ဆိုရင် လမ်းလျှောက်တဲ့အခါ မတ်တတ်ရပ်တဲ့အခါမျိုးမှာ ပိုပြီး တောင့်တင်းနာကျင်တာကို ခံစားရနိုင်ပါတယ်။ အဆစ်တွေ တောင့်တင်း နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ များသလို အဆစ်တွေ တောင့်တင်းတာကို ပိုမိုပြင်းထန်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါပဲ။ အသက်အရွယ်ရလာတာ တစ်ခုတည်းကြောင့် အဆစ်တွေ တောင့်တင်းတာ မဟုတ်ပါဘူး။

အသက်အရွယ်ရလာတာအပြင် အခုလို အချက်တွေကြောင့် အဆစ်တွေတောင့်တင်းနိုင်ပါတယ်။

အဆစ်တွေ တောင့်တင်းနေတာကို သက်သာစေဖို့

အဆစ်တွေ တောင့်တင်းနေတာက ဆရာဝန်ပြရလောက်အောင် မပြင်းထန်ဘူးလို့ ခံစားရရင် အိမ်တွင်းကုထုံးတွေနဲ့ အရင်ဆုံး သက်သာအောင် လုပ်ကြည့်နိုင်ပါတယ်။

  • အကိုက်အခဲ ပျောက်ဆေး သောက်တာမျိုး လုပ်ပေးလို့ ရပါတယ်
  • နာနေတဲ့နေရာကို ရေအေးဝတ် ကပ်ပေးတာ၊ ရေခဲဝတ် ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်
  • ရေနွေးဝတ် ကပ်ပေးလို့ ရပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး အရောင်ကျစေနိုင်သလို တောင့်တင်းနာကျင်တာကို သက်သာစေနိုင်ပါတယ်
  • လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သလို အဆစ်တွေ တောင့်တင်းတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်
  • ငါးကြီးဆီ သောက်ပေးလို့ ရပါတယ်
  • အဆစ်အတွက် ဖြည့်စွက်အာဟာရတွေ သောက်ပေးလို့ ရပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြမလဲ

အပေါ်မှာ ပြောသလိုတွေ လုပ်ပေမယ့် အဆစ်တွေ တောင့်တင်းတာက မသက်သာဘူး ဆိုရင်တော့ ကျန်းမာရေး ပြဿနာ တစ်ခုခု ကြောင့် ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။ အဆစ်တွေ နာတာက ရုတ်တရက် ဖြစ်ပြီး ၅ ရက် ကနေ ၇ ရက် အထိ မသက်သာဘူး ဖြစ်နေမယ်ဆိုရင်၊ အဆစ်တွေမှာ ထိခိုက်ထားတာမျိုး ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ စစ်ဆေးမှုလေးတွေကို လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။

ကဲ ….. အဆစ်တွေ တောင့်တင်းနေပြီလား …… ဒီနည်းလမ်းလေးတွေနဲ့သက်သာအောင် လုပ်ဆောင်ကြည့်လိုက်နော်။

ဒီအချက်တွေကြောင့် အဆစ်တွေ တောင့်တင်းနိုင်ပါတယ်

အသက်အရွယ်ရလာတာအပြင် အခုလို အချက်တွေကြောင့် အဆစ်တွေတောင့်တင်းနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Are Stiff Joints and How to Remedy Them https://www.orthoatlanta.com/media/what-are-stiff-joints-and-how-to-remedy-them Accessed Date 10 May 2022

ယခုပုံစံ

08/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆစ်အတွင်း သွေးယိုခြင်း

အဆစ်ရောင်နာ (Arthritis)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ