backup og meta

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

အဆစ်အမြစ် ကိုက်ခဲတာကို ကြည့်ပြီး မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာရော တကယ်လား။

အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ သူတွေက မိုးရွာရင် မိုးအေးရင် သူတို့ အဆစ်အမြစ်တွေ ပိုပြီး ကိုက်ခဲတယ်လို့ ပြောတဲ့အခါ လူကောင်းတွေအဖို့ ယုံရခက်တယ်။ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲပေါ့။
နောက်တစ်ခါ အဲဒီလူတွေက သူတို့ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကို ကြည့်ပြီး မိုးရွာတာကိုတောင် ခန့်မှန်းနိုင်တယ်လို့ ပြောတာကျတော့ အလွန်အကျွံဖြစ်သွားပြီလို့ မထင်ဘူးလား။
သဘာဝလွန် ကိစ္စရပ်လို့တောင် ထင်စရာ ကောင်းပေမယ့် လေ့လာချက်တွေ အရတော့ ရာသီဥတုနဲ့ အဆစ်အမြစ် ရောင်ရမ်းမှုတွေ ဆက်စပ်မှုရှိတာ မှန်ကန်ပါတယ်တဲ့။
အဆစ်အမြစ် ကိုက်ခဲတတ်တဲ့သူတွေကို ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက် တစ်ခုမှာ အဆစ်အမြစ်ရောင် ဝေဒနာ ခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မိုးရွာမှာကို ကြိုတင်ခန့်မှန်းတာ မှန်ကန် ပါတယ်တဲ့။

အဆစ်အမြစ်ရောင် ရောဂါရှိသွားရင် မိုးလေဝသ ကျွမ်းကျင်ပညာရှင်များ ဖြစ်သွားတာလား ဒါမှမဟုတ် မိုးရွာတာကို ခန့်မှန်းနိုင်တဲ့ မှော်ပညာရှင်များ ဖြစ်သွားတာလား။

သိပ္ပံနည်းကျ ရှင်းလင်းမှုအရတော့ ဒီလိုပါ။

လူတွေရဲ့ ခန္ဓာကိုယ် ဝန်းကျင်မှာ လေထုဖိအား ဆိုတာ ရှိပါတယ်။ အဲဒီ ဖိအားက အဆစ်အမြစ်တွေ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးမှာ သက်ရောက်မှု ရှိတယ်။

မိုးရွာခါနီး အချိန်အခါတွေမှာတော့ လေထုအပူချိန် လျော့ပြီး အေးသွားတယ်။ လေထုဖိအားလည်း ပုံမှန် ရှိနေကျထက် နည်းသွားတယ်။ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတာလည်း နည်းသွားတယ်ပေါ့။

ဒီလို လေထုဖိအား နည်းသွားတာက လူကောင်းတွေအဖို့မှာတော့ ထူးခြားပြီး မသိသာပါဘူး။ ဒါပေမယ့် အဆစ်အမြစ်ရောင် ရောဂါ အခံရှိတဲ့သူတွေ မှာတော့ ကာလကြာရှည် နာကျင်ရောင်ရမ်းမှုတွေ ဖြစ်ထားတဲ့ အဆစ်တွေရဲ့ အာရုံကြောတွေဟာ အရမ်း ထိလွယ်ရှလွယ်နေပြီး အပြောင်းအလဲကို သိသိသာသာ ခံစားသိရှိနိုင်ပါတယ်။

အစတုန်းက အပြင်ကနေ လေထုဖိအားနဲ့ ဖိပေးထားသလို ဖြစ်နေတဲ့ အဆစ်အမြစ်တွေက အခုလို ဖိအား လျော့သွားတဲ့အချိန်မှာ ပိုပြီး ဖောင်းကြွရောင်ရမ်းလာသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရပါတယ်။

ဒါကြောင့် မိုးအေးရင် အဆစ်အမြစ်တွေ ကိုက်ခဲတယ်ဆိုတာနဲ့ မိုးရွာတာကို ခန့်မှန်းနိုင်တယ်ဆိုတာ တကယ်ပါတဲ့။

နာကျင်မှုတွေ သက်သာဖို့အတွက် ကြပ်ထုပ်ထိုးတာပတ်တီး ဒူးစွပ် အစရှိတဲ့ ဖိထားပေးနိုင်တဲ့ အရာတွေကို အသုံးပြုနိုင်ပါတယ်။ သဘောကတော့ လျော့သွားတဲ့ လေထုဖိအားကို တခြားအရာတွေနဲ့ ပြန်ဖိပေးထားတယ်ဆိုတဲ့ သဘောပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

26/08/2022

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ