သင်၏ နောက်ကျောတွင်ရှိသော ကျေားရိုးမကြီးကို အရွတ်များ၊ ကြွက်သားများက ထောက်ပံ့ ပေးထားရပါသည်။ သို့မှသာ ကျောရိုးမကြီးသည် ခန္ဓါကိုယ် လှုပ်ရှားမှု့ကို ကောင်းစွာ ထောက်ပံပေးနိုင်မည်ဖြစ်ပါသည်။ သင်သည် ခါးအကွေးအဆန့်ကို သတိမမှုဘဲ ယင်းကြွက်သားများကို အလွန်အမင်း ဆန့်ထုတ်သကဲ့သို့ ဖြစ်စေမည်ဆိုလျင် ယင်းကြွက်သားများတွင် သေးငယ်သော ဒါဏ်ရာလေးများ ဖြစ်ပေါ်စေလိမ့်မည်။ ယင်းသို့ ခဏခဏ ဒါဏ်ဖြစ်စေခြင်းက သင်၏ ခါးနောက်ကျောရှိ ကြွက်သားများကို အားပျော့စေ ပါသည်။ ထိုသို့အားပျော့စေခြင်းက ကျောရိုးမကြီး၏ ခါးရိုးဆစ်များကို နေရာတကျ ဖြစ်စေရန် ထိန်းသိမ်းနိုင်စွမ်း ကျဆင်းစေပါသည်။ ထို့ကြောင့် ခါးရိုးဆစ်များ၏ တည်ငြိမ် မှု့ကို ထိခိုက်စေနိုင်ပြီး ခါးနာခြင်းကို ဖြစ်ပေါ်စေ ပါသည်။ ယင်းခါးရိုးဆစ်များမှ ထွက်လာသော အာရုံကြော များကို ထိခိုက်စေနိုင်သဖြင့် ခါးတွင်သာမကဘဲ အခြားသော နေရာများတွင်ပါ နာကျင်ခြင်းကို ခံစားရနိုင်ပါသည်။
အဓိပ္ပါယ်ဖွင့်ဆိုချက်
Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) ကဘာလဲ။

Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။
လက္ခဏာများ
Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ခါးနောက်ကျော တောင့်တင်းခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ ခါးနောက်ကျော နာကျင်ခြင်းနဲ့ တောင့်တင်းနေခြင်း၊ တင်ပါးအတွင်းထဲမှ ခြေထောက်အထိ နာကျင်ခြင်း၊ ပေါင်အနောက်တစ်ပိုင်း နာကျင်ခြင်းတို့ ဖြစ်စေနိုင်ပြီး ယင်းနာကျင်မှု့သည် ကွေးခြင်း၊ ဆန့်ခြင်း၊ ချောင်းဆိုးခြင်း၊ နှားချေခြင်း စသော ကြွက်သားအားကို အသုံးပြုရသော အခြေအနေများတွင် ပိုဆိုးစေပါသည်။ အထက်မှာဖော်ပြထားတဲ့ အထဲမှာမပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေ မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ခါးနောက်ကျော တောင့်တင်းခြင်းသည် အခြားသော ပြင်းထန်သည့် ရောဂါအခြေအနေများကို ညွှန်းဆိုခြင်းလည်း ဖြစ်နေနိုင်သဖြင့် အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခု ရှိခဲ့ရင် သင့်ဆရာဝန်နဲ ဆက်သွယ်သင့်ပါတယ်။ အကြောင်းအမျိုးကြောင့် ခြေထောက်ထုံကျင်ခြင်း၊ အားနည်းနေခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း ကဲ့သို့သော ပြဿ နာတစ်ရပ်ရပ်ကို ခံစားနေရခြင်း စသည့် လက္ခဏာများသည် ကျောရိုမကြီးမှထွက်သော အာရုံကြောများကို ထိခိုက် ခြင်းကြောင့် ဖြစ်သောလက္ခဏာများ ဖြစ်နိုင်ပြီး ချက်ချင်း ဆေးကုသမှု့ ခံယူရန်လိုအပ်ပါသည်။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ် တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အဓိက ဖြစ်ပွားစေသော အကြောင်းရင်းများမှာ ပြင်ထန်သော ကာယလှုပ်ရှားမှု့များ ပြုလုပ်ခြင်း၊ အ့မြင့်မှပြုတ်ကျခြင်း၊ ခါးကုန်းခြင်းနှင့် ဆောင့်ကြောင့်ထိုင်ခြင်းကို ခဏခဏ ပြုလုပ်ခြင်း၊ အနေအထားမမှန်ဘဲ အလေးအပင်မခြင်းတို့ ဖြစ်ပါသည်။ ယင်းအခြေအနေများသာမကပဲ ကိုယ်ခန္ဓါ အနေအထား မမှန်ခြင်း၊ ကိုယ်အလးချိန်များ လွန်းခြင်း၊ ပုံစံတခုတည်း အထိုင်များလွန်ခြင်းတို့ကြောင့်လည်း ဖြစ်စေနိုင် သကဲ့သို့ တခါတရံတွင် ပြင်းထန်သော တာရှည်ချောင်းဆိုးခြင်း မှလည်း ခါးနောက်ကျော တောင့်တင်းခြင်းများကို ဖြစ်ပွား စေနိုင်ပါသည်။
ဖြစ်နိုင်ခြေများ
Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ပြည့်စုံသော ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လုံလောက်သော စမ်းသပ်စစ်ဆေးမှု့သည် ဤခါးနောက်ကျော တောင့်တင်းခြင်း ရောဂါကို အတည်ပြုရန် လုံလောက်ပါသည်။ ရောဂါရာဇဝင်မေးမြန်းခြင်းတွင် လတ်တလောခံစားနေရသော လက္ခဏာများ၊ ယင်းလက္ခဏာများ စတင်ဖြစ်ပေါ်လာသော အခြေအနေ (ဥပမာ။ ထိခိုက်မှု့ ဖြစ်ပြီးနောက် သို့မဟုတ် ထိခိုက်မှု့ မရှိဘဲ ရုတ်ချည်း ဖြစ်ပေါ်လာခြင်း) စသည်တို့အပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်မလုပ်၊ လုပ်ပါကလည်း လေ့ကျင့်ခန်း အမျိုးအစားနှင့် ကြာချိန်၊ အိပ်စက်သည့် ပုံစံနှင့် ကြာချိန် တို့အပြင် ယခင်ဖြစ်ခဲ့ဖူးသောရောဂါနှင့် ကျန်းမာရေး အခြေအနများလည်း ပါဝင်ပါမည်။ ခန္ဓါကိုယ် စမ်းသပ ် စစ်ဆေးခြင်းတွင် ခါးနှင့် ခါးအောက်ပိုင်း အရိုးအဆစ်များ ကောင်းစွာ ကွေးဆန့်နိုင်ခြင်း ရှိမရှိ၊ ထုံကျင်ခြင်း၊ ထိတွေ့မှု့ကို ခံစားသိခြင်း၊ စသည်တို့ကို စစ်ဆေးခြင်းတို့အပြင် ကျောရိုး တလျောက် ကျောရိုးဆစ်များ အနေအထား မှန်မမှန် စစ်ဆေးခြင်း၊ နာကျင်မှု့ စတင်ဖြစ်သော ခါးရိုးဆစ်ကို ရှာဖွေခြင်း တို့ကို စမ်းသပ်စစ်ဆေးရပါမည်။ ကျောရိုးမကြီးမှ ထွက်လာသော အာရုံကြောများကို စမ်သတ်ရာတွင်မူ leg raise testဟုခေါ်သော စစ်ဆေးမှု့ကို ဆရာဝန်များမှ ပြုလုပ်ပေးပြီး ခါးရိုးဆစ် အရိုးနုကျွံခြင်း၊ ခါးရိုးဆစ်ကျဉ်းခြင်း စသော ထိခိုက်ဒဏ်ရာများ ရှိမရှိကို စစ်ဆေးနိုင်ပါသည်။
ယင်းကဲ့သို့ စမ်းသပ်စစ်ဆေးမှု့များ အပြင် အခြားရောဂါ အခြေအနေများကို သံသယရှိပါက ရိုးရိုးဓါတ်မှန် သံလိုက်ဓါတ်မှန်ကဲ့သို့သော ပုံရိပ်ဖော် နည်းပညာများကို အသုံးပြုပြီး ကြွက်သား ထိခိုက်ဒဏ်ရာများ ရှိမရှိနှင့် ခါးရိုးဆစ်ကျိုးခြင်း၊ အရိုးနုပြား ကျွံခြင်း ကဲ့သို့ အခြားသော ရောဂါ အခြေအနေများ ရှိမရှိကိုလည်း စစ်ဆေး သိရှိနိုင် ပါသည်။ အကယ်၍ လူနာတွင် ကင်ဆာရောဂါနှင့် အခြားထိခိုက်ဒဏ်ရာများကို သံသယရှိပါက ယင်းပုံရိပ်ဖော် နည်းပညာများကို အစဉ်လိုက် အသုံးပြုကြပါသည်။ ပုံမှန်အားဖြင့် ရိုးရိုးဓါတ်မှန်ကို ကနဦး ရိုက်လေ့ရှိပြီး ယင်းရိုးရိုးဓါတ်မှန်တွင် ပုံမှန်မဟုတ်သော အနေအထားကို တွေ့ရှိမှသာ သံလိုက်ဓါတ်မှန်ကဲ့သို့ အဆင့်မြင့် ပုံရိပ်ဖော် နည်းပညာများကို အသုံးပြု၍ ရောဂါရှာဖွေပါမည်။
Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်း က ခါးနောက်ကျော တောင့်တင်းခြင်းကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခါးနောက်ကျော တောင့်တင်းခြင်းကို ကုသတဲ့နေရာမှာနဲ့လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
မည်သည့် ကိုယ်လက်လေ့ကျင့်ခန်းကို ပြုလုပ်သည်ဖြစ်စေ အလျင်စလို ပြုလုပ်ခြင်းကို ရှောင်ကြင်ရပါမည်။ သင်ယခင်က လုပ်နိုင်ခဲ့သော လေ့ကျင့်ခန်းများ ဖြစ်စေကာမူ အပြည့်အ၀ မကောင်းသေးသ၍ နာကျင်မှု့ မဖြစ်ခင် အနေအထားအတိုင်း ပြန်မစသင့်ပါ။ ကွေးဆန့်ခြင်း၊ လှည့်ခြင်း၊ လမ်းလျောက်ခြင်း၊ ခုန်ခြင်း၊ ပြေးခြင်းတို့ကို နာကျင်ခြင်း မရှိဘဲ ပြုလုပ်နိုင်မှသာ သင့်ပုံမှန်ပြုလုပ်နေကျ ကိုယ်လက်လှုပ်ရှားမှု့များကို ပြန်လည် ပြုလုပ်သင့်ပါသည်။
ခါးနောက်ကျော တောင့်တင်းခြင်း မဖြစ်စေရန် အောက်ပါ အချက်များကို လိုက်နာသင့်ပါသည်။
- ကိုယ်လက် လှုပ်ရှားမှု့ ပြုလုပ်စဉ် မည်သို့သော ခါးနောက်ပိုင်း နာကျင်ခြင်းမဆို ခံစားရပါက ရပ်ပါ။
- အကယ်၍ ကိုယ်လက်လှုပ်ရှားမှု့များကို တိုး၍ပြုလုပ် ပြီးနောက် တစ်ရက်ထဲတွင် ခါးနောက်ပိုင်းနာကျင်ခြင်း ရှိပါက နောက်ရက်များတွင် ပုံမှန်လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပါ။
- ခါးကို အနေအထားမှန်ပါစေ။
- ခါးနောက်ကျော ကြွက်သားများကို ဆန့်ထုတ်သော လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
- မှောက်ခုံအိပ်ခြင်းကို ရှောင်ကြင်ပါ။
- ဘေးစောင်းအိပ်ခြင်း၊ ပက်လက်အိပ်ခြင်းနှင့် အိပ်စက်ရာတွင် ဖက်လုံးကို ခြေထောက်အောက် တွင်ထားရှိပါ။
- အလေးအပင်မ မည် ဆိုပါက ဒူးကွေး၍ မ ယူပါ။ ခါးကို ကိုင်း၍ မယူရပါ။
- ကိုယ်အလေးချိန် များလွန်းနေပါက လျော့ပါ။
- ကောင်းမွန်သော ကိုယ်နေဟန်ထား ရှိပါစေ။ ခါးကို ဖြောင့်ဖြောင့်ထား၍ ထိုင်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။