အဓိပ္ပါယ်ဖွင့်ဆိုချက်
Bone Pain (အရိုးနာခြင်း) ကဘာလဲ။
အရိုးနာခြင်းဆိုတာ အရိုးတစ်ခုသို့တစ်ခုထက်ပိုပြီး ကိုက်ခြင်းသက်တောင့်သက်သာမရှိခြင်းဖြစ်ပါတယ်။ လှုပ်နေနေမလှုပ်နေနေ နာနေတာကြောင့် ကြွက်သားအဆစ်နာခြင်းတွေနဲ့ ကွဲပြားပါတယ်။ အရိုးနာခြင်းက ကြွက်သားအဆစ်နာခြင်ေးတွနဲ့စာရင် အဖြစ်နည်းပါတယ်။
Bone Pain (အရိုးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Bone Pain (အရိုးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အရိုးနာခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လှုပ်နေနေမလှုပ်နေနေ နာနေခြင်းဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့ အရိုးနာခြင်းအကြောင်းရင်းပေါ်မှာ မူတည်နေပါတယ်။
- ထိခိုက်ဒဏ်ရာရခြင်း- ရောင်ခြင်း၊ မြင်သာအောင်ကျိုးခြင်း၊ ပုံပျက်နေခြင်း၊ ထိခိုက်ဒဏ်ရာအပေါ်မှာ အသံတကျိကျိမြည်ခြင်း
- ကိုယ်ဝန်ဆောင်မိခင်- ဆီးခုံရိုးနာခြင်းတောင့်ခြင်းနဲ့ တင်ပဆုံရိုးနာခြင်း
- သတ္တုဓါတ်ချို့တဲ့ခြင်း- ကြွက်သားနဲ့တစ်ရှူးနာခြင်း၊ အိပ်စက်မှုပြဿနာများ၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း
- အရိုးပါးခြင်း- ကျောအောင့်ြခ်ငး၊ ခါးကုန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
- ကင်ဆာ- ကင်ဆာပျံ့နှံ့သွားတြ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေက ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရိုးကျိုးခြင်း။ တက်ခြင်း၊ မူးဝေခြင်း၊ အသားဝါခြင်း၊ အသက်ရှူမဝခြင်း၊ ဗိုက်ဖောခြင်းစတာတွေဖြစ်နိုင်ပါတယ်။
- အရိုးကင်ဆာ- အရိုးကျိုးလွယ်ခြင်း၊ အရေပြားအောက်အဖုအကျိတ်တည်ခြင်း၊ ထုံခြင်းစပ်ဖျဉ်းဖျဉ်းခံစားရခြင်း ( အကျိတ်က အာရုံကြောအပေါ်ဖိထားခြင်းကြောင့်)
- အရိုးတွေဆီကို သွေးအရောက်နည်းခြင်း- အဆစ်နာခြင်း၊ အဆစ်လုပ်ဆောင်နိုင်စွမ်းမရှိခြင်း၊ အားနည်းခြင်း
- ကူးစက်ပိုးဝင်ခြင်း- နြီခ်င်း၊ ရောင်ခြင်း၊ ကူးစက်ခံရသည့်နေရာတွင်ပူခြင်းနွေးခြင်း၊ ရွေ့လျားမှုကောင်းကောင်းမလုပ်နိုင်ခြင်း၊ မူးဝေခြင်း၊ အစားစားလိုစိတ်မရှိခြင်း
- သွေးကင်ဆာ- မောပန်းခြင်း၊ အရေပြားအရောင်ဖျော့ခြင်း။ အသက်ရှူမဝခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ အကြောင်းမရှိဘဲကိုယ်အလေးချိန်ကျခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ပြင်းထန်တဲ့အခြေအနေတွေဟာ အရိုးနာခြင်းအကြောင်းရင်းဖြစ်နိုင်ပါတယ်။ မသိမသာနာခြင်းမျိုးကနေတောင် အရေးပေါ်အခြေအနေဖြစ်သွားနိုင်ပါတယ်။ အကြောင်းမရှိဘဲရက်အနည်းငယ်အတွင်း အရိုးနာနေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးပါ။
အရိုးနာခြင်းနောက်မှာ ကိုယ်အလေးချိန်ကျခြင်း၊ အစားစားလိုစိတ်မရှိခြင်း၊ နေ့စဉ်ကိစ္စတွေမှာမောပန်းလွယ်ခြင်းတွေရှိလာခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြသငင့်ပါတယ်။
ထိခိုက်မိခြင်းကြောင့် အရိုးနာခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ခက်ျချင်းပြသင့်ပါတယ်။ ဆေးပေးကုသမှုက အရိုးကိုတိုက်ရိုက်ထိခိုက်မိခြင်းကြောင့် ကျိုးခြင်းတွေအတွက် လိုအပ်ပါတယ်။ သင့်တော်တဲ့ကုသမှုမရှိဘူးဆိုရင် အရိုးကပုံမှန်အနေအထားမဟုတ်ဘဲ ကျက်သွားနိုင်ပြီး လှုပ်ရှားမှုမရနိုင်ောတ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Bone Pain (အရိုးနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ထိခိုက်ဒဏ်ရာရခြင်း- ရောင်ခြင်း၊ မြင်သာအောင်ကျိုးခြင်း၊ ပုံပျက်နေခြင်း၊ ထိခိုက်ဒဏ်ရာအပေါ်မှာ အသံတကျိကျိမြည်ခြင်း
- ကိုယ်ဝန်ဆောင်မိခင်- ဆီးခုံရိုးနာခြင်းတောင့်ခြင်းနဲ့ တင်ပဆုံရိုးနာခြင်း
- သတ္တုဓါတ်ချို့တဲ့ခြင်း- ကြွက်သားနဲ့တစ်ရှူးနာခြင်း၊ အိပ်စက်မှုပြဿနာများ၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း
- အရိုးပါးခြင်း- ကျောအောင့်ြခ်ငး၊ ခါးကုန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
- ကင်ဆာ- ကင်ဆာပျံ့နှံ့သွားတြ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေက ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရိုးကျိုးခြင်း။ တက်ခြင်း၊ မူးဝေခြင်း၊ အသားဝါခြင်း၊ အသက်ရှူမဝခြင်း၊ ဗိုက်ဖောခြင်းစတာတွေဖြစ်နိုင်ပါတယ်။
- အရိုးကင်ဆာ- အရိုးကျိုးလွယ်ခြင်း၊ အရေပြားအောက်အဖုအကျိတ်တည်ခြင်း၊ ထုံခြင်းစပ်ဖျဉ်းဖျဉ်းခံစားရခြင်း ( အကျိတ်က အာရုံကြောအပေါ်ဖိထားခြင်းကြောင့်)
- အရိုးတွေဆီကို သွေးအရောက်နည်းခြင်း- အဆစ်နာခြင်း၊ အဆစ်လုပ်ဆောင်နိုင်စွမ်းမရှိခြင်း၊ အားနည်းခြင်း
- ကူးစက်ပိုးဝင်ခြင်း- နြီခ်င်း၊ ရောင်ခြင်း၊ ကူးစက်ခံရသည့်နေရာတွင်ပူခြင်းနွေးခြင်း၊ ရွေ့လျားမှုကောင်းကောင်းမလုပ်နိုင်ခြင်း၊ မူးဝေခြင်း၊ အစားစားလိုစိတ်မရှိခြင်း
- သွေးကင်ဆာ- မောပန်းခြင်း၊ အရေပြားအရောင်ဖျော့ခြင်း။ အသက်ရှူမဝခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ အကြောင်းမရှိဘဲကိုယ်အလေးချိန်ကျခြင်း
ဖြစ်နိုင်ခြေများ
Bone Pain (အရိုးနာခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အရိုးနာခြင်းကို ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- အသက်ကြီးခြင်း – အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။
- မျိုးရိုးဗီဇ- အရိုးနာခြင်းက မျိုးရိုးလိုက်နိုင်ပါတယ။်
- အလုပ်အကိုင်- သင့်အလုပ်က
- သင့်အရိုးတွေအပေါ်ခဏခဏဝန်ပိစေမယ်ဆိုရင် သင့်အတွက်ဖြစ်နိုင်ချေအရမ်းများပါတယ်။
- အထိုင်များသောလူနေမှုပုံစံ
- အဝလွန်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Bone Pain (အရိုးနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ကုသမှုပေးနိုင်ဖို့ ဆရာဝန်က ဖြစ်ရခြင်းအကြောင်းရင်းကို သိဖို့လိုပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ကုသပေးခြင်းက နာကျင်ခြင်းကိုသက်သာပျေက်ကင်းစေနိုင်ပါတယ်။
ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်းနဲ့ ကျန်းမာရေးရာဇဝင်ကို မေးပါလိမ့်မယ်။ အမေးများတဲ့မေးခွန်းတွေကတော့
- ဘယ်နေရာမှာနာနေတာလဲ။
- ဘယ်အချိန်ပထမဆုံးသတိထားမိတာလဲ။
- နာတာကပိုဆိုးလာတာမျိုးရှိလား။
- အခြားလက္ခဏာတွေရှိသေးလား။
သင့်ဆရာဝန်က ဗီတာမင်ချို့တဲ့ခြင်း၊ ကင်ဆာအမှတ်အသားတွေကို ရှာနိုငိဖို့သွေးစစ်ဆေးခြင်းလည်း ပြုပါလိမ့်မယ်။ သွေးစစ်ဆေးခြင်းက သင့်ဆရာဝန်ကို အရိုးကျန်းမာရေးကိုထိခိုက်စေတဲ့ကူးစက်ပိုးတွေနဲ့အဒရီနယ်ဂလင်းပြဿနာတွေကို သိနိုင်ပါတယ်။
အရိုးဓါတ်မှန်၊ အမ်အာအိုင်နဲ့စီတီစကန်ဖတ်ခြင်းကနေ ထိခိုက်မှုဖြစ်တဲ့နေရာ၊ အရိုးပြဿနာ၊ နဲ့အရိုးအတွင်းအကျိတ်တွေကို သိနိုင်ပါတယ်။
ဆီးစစ်ဆေးခြင်းက multiple myelomaအပါအဝင် ရိုးတွင်းချဉ်ဆီအတွင်း ပုံမှန်မဟုတ်ခြင်းများကို သိနိုင်ပါတယ်။
အချို့ကိစ္စတွေမှာ အရိုးနာခြင်းရဲ့တိကျတဲ့အကြောင်းရင်းကို သိနိုင်ဖို့နဲ့ အခြားအခြေအနေတွေကနေ ခွဲထုတ်ုနိင်ဖို့ စစ်ဆေးနည်းများစွကိုပြုလုပ်ဖို့ လိုပါလိမ့်မယ်။
Bone Pain (အရိုးနာခြင်း) ကို ဘယ်လိုကုသပါသလဲ
အရိုးနာရခြင်းအကြောင်းရင်းကို ဆရာဝန်ကအတည်ပြုပေးပြီးတာနဲ့ ကုသမှုကိုစတင်၇ပါတယ်။ ဖြစ်တဲ့နေရာကို တတ်နိုင်သမျှအနားပေးဖို့ ပြောပါလိမိ့်မယ်။ အသင့်အတင့်ကနေ ဆိုးဆိုးရွးရွားထိနာလာမယ်ဆိုရင် အကိုက်အခဲပျေက်ဆေးပေးပါလိမ့်မယ်။
ဖြစ်ရတဲ့အကြောင်းရင်းကို မသေချာဘဲ ကူးစက်ပိုးနဲ့ပတ်သက်ပြီး သံသယဝင်ဖွယ်တွေရှိနေမယ်ဆိုရင် ပဋိဇီဝဆေးတွေစပေးပါလိမ့်မယ်။ ရက်အနည်းငယ်အတွင်း သက်သာသွားခဲ့ရင်တောင် ဆေးပတ်လည်အောင် သောက်ရပါလိမ့်မယ်။ ကော်တီကိုစတီးရွိုက်တွေကို အရောင်ကျဖို့အတွက် အများဆုံးသုံးလေ့ရှိပါတယ်။
အရိုးနာခြင်းအတွက် ကုသမှုနည်းလမ်းတွေကတော့
- အကိုက်အခဲပျောက်ဆေး- အရိုးနာခြင်းအတွ်က် အများဆုံးအသုံးပြုဖို့ညွှန်းကြားလေ့ရှိပေမဲ့ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ မကုသပေးပါဘူး။
- ibuprofen (Advil) or acetaminophen (Tylenol)စတဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်နိုင်တဲ့ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ပါရာစီတမော၊ မောဖင်းကဲ့သို့သော ညွှန်ကြားချက်နဲ့သာဝယ်နိုင်တဲ့ဆေးတွေကို အနာပြင်းထန်လာခြင်းအတွက် သုံးနိုင်ပါတယ်။
- ပဋိဇီဝဆေးများ- အရိုးကူးစက်ပိုးဝင်ခြင်းရှိမယ်ဆိုရင် ကူးစက်ခြင်းကိုဖြစ်စေတဲ့ မျိုးစေ့ဗီဇကိုသတ်နိုင်တဲ့ အားကောင်းတဲ့ပဋိဇီဝဆေးကို ညွှန်းပါလိမ့်မယ်။ ဒီပဋိဇီဝဆေးတွေက ciprofloxacin, clindamycin, or vancomycinတို့ဖြစ်ပါတယ်။
- ကင်ဆာကုသမှုများ – ကင်ဆာကြောင့်ဖြစ်တဲ့အရိုးနာခြင်းက ကုသဖို့ခက်ပါတယ်။ အနာသက်သာဖို့အတွက် ကင်ဆာကိုကုသဖို့ ဆရာဝန်လိုပါတယ်။ ခွဲစိတ်ကုသခြင်း၊ ဓါတ်ရောင်ခြည်ပေးကုသခြင်း၊ ဓါတုကုထုံး( အရိုးနာခြင်းကိုဖြစ်စေနိုင်သော) စတာတွေက အသု့းများပါတယ်။ Bisphosphonatesတွေက အရိုးပျက်စီးခြ်ငကိုကာကွယ်ပေးပြီး အရိုးကင်ဆာတွေမှာ အရိုးနာခြင်းကို သက်သာစေတဲ့ဆေးအမျိုးအစားဖြစ်ပါတယ်။ စိတ်ကိုပြောင်းလဲစေတဲ့အကိုက်အခဲပျောက်ဆေးတွေကိုလည်း ညွှန်းပါလိမ့်မယ်။
- ခွဲစိတ်ကုသခြင်း- ကူးစက်ပိုးကြောင့်သေသွားတဲ့အရိုးအပိုင်းအစတွေကို ဖယ်ထုတ်ဖို့ ခွဲစိတ်ခြင်းပြုလုပ်ရပါတယ်။ ကျိုးသွားတဲ့အရိုးတွေကို ပြန်ဆက်ဖို့နဲပ ကင်ဆာေကြောင့်ဖြစ်တဲ့အကျိတ်တွေကို ဖယ်ရှားဖို့အတွက်လည်း ခွဲစိတ်ဖီု့လိုပါတယ်။ အဆစ်တွေအစားထိုးခံရတဲ့ ပြင်းထန်တဲ့အခြေအနေတွေမှာလည်း ပြန်လည်ဖွဲ့စည်းပေးတဲ့ခွဲစိတ်ခြင်းကို အသုံးပြုနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရိုးနာခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်
အရိုးနာခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- ကျန်းမာရေးအတွက် လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခြင်း
- ကယ်ဆီယမ်နဲ့ဗီတာမင်ဒီလုံလုံလောက်လောက်မှီဝဲခြင်း
- အနည်းငယ်သာသောက်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရိုးနာခြင်းကိုဖြစ်စေနိုင်တဲ့ ထိခိုက်မှုတွေကိုရှောင်ခြင်း -ကြမ်းပြင်ရှုပ်ပွနေခြင်းကို ရှင်းလင်းခြင်းဖြင့် ချော်မလဲရအောင်ကာကွယ်ခြင်း၊ ခြေသုတ်ခုံလျော့ရဲနေခြင်း၊ အလင်းရောင်မကောင်းခြင်းတွေမှာ သတိထားခြင်း၊ လှေကားအတက်အဆင်းသတိထားခြင်း
- အားကစားလုပ်နေစဉ်အတွင်း အကာအကွယ်ပေးဂီယာဝတ်ဆင်ခြင်း၊ အထူးသဖြင့် ဘောလုံးကန်ခြင်း၊ လက်ဝှေ့ထိုးခြင်းကဲ့သို့သော အားကစားများ
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
















