တစ်နေ့လုံးမတ်တပ်ရပ်ရတာ၊ တခြားရောဂါတွေရှိတာစတဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် ခြေထောက်နာကျင်မှုခံစားရနိုင်ပါတယ်။
အိမ်မှာပဲလုပ်လို့ရတဲ့ ဒီလေ့ကျင့်ခန်းတချို့က အကုန်အကျသက်သာစွာနဲ့ ခြေထောက်နာကျင်မှုကို သက်သာစေနိုင်ပါလိမ့်မယ်။
ခြေဖနောင့်ဆွဲဆန့်ခြင်း
မျက်စိနဲ့တန်းတန်းမှာလက်နှစ်ဘက်ကို နံရံပေါ်မှာ ဆန့်ဆန့်ထားပါ။ သင့်ညာခြေထောက်ကို ဘယ်ခြေထောက်နောက်မှာ ထားခဲ့ပါ။ ဖြည်းဖြည်းညင်ညင်သာသာ ဘယ်ခြေကိုကွေးလိုက်ပြီး နံရံကိုတွန်းထားပါ။ အဲ့အနေအထားအတိုင်း စက္ကန့်၂၀ကနေ၃၀ ( အသက်၄၊ ၅ကြိမ်ရှူပြီး ) လောက်ထိန်းထားပါ။ ၅ကြိမ်ပြန်လုပ်ပြီးနောက် နောက်တစ်ဖက်ကိုပြောင်းလုပ်ပါ။
အိပ်ရာထက်မှာ ခြေသလုံးကြွက်သားဖြေလျှော့ခြင်း
အိပ်ရာနိုးနိုးချင်းအိပ်ရာထဲကထွက်ပြိးမနက်ပိုင်း အစပိုင်းပြုလုပ်ခြင်းက သင့်ရောင်ရမ်းခြင်းနာကျင်ခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။ အနာကျင်မှုသက်သာစေတဲ့အကောင်းဆုံးနည်းလမ်းကတော့ အိပ်ရာထဲကမထွက်ခင် သင့်ခြေသလုံးကြွက်သားကိုဖြေလျှော့ပေးသင့်ပါတယ်။
သင့်ခြေသလုံးကြွက်သားတွေက တောင့်တင်းနေတဲ့အခါမှာ ခြေဖနောင့်ရိုးကိုဆွဲပြီး ခြေဖဝါးအရွတ်ပြားကိုတောင့်တင်းစေကာ အလွယ်တကူထိခိုက်မိစေနိုင်ပါတယ်။ တောင့်တင်းမှုတွေပြေလျော့စေဖို့အတွက်ဆိုရင် ပဝါသို့ ခါးပတ်ကို U ပုံစံဖြစ်အောင်လုပ်ပြီး သင့်ခြေဖနောင့်နားမှာ ထားပါ။
သင့်ခြေထောက်အောက်ပိုင်းဆန့်သွားတယ်လို့ ခံစားရသည်အထိ ခြေထောက်ကိုဆန့်ပြီး ကိုယ်ကိုကွေးပါ။ အိပ်ရာထဲကမထွက်သေးခင် ၃ကြိမ်ကနေ၅ကြိမ်အထိ အခါခါပြုလုပ်ပါ။
ရေအိတ်ဖြင့်ရေခဲအိတ်တွေက အရောင်အရမ်းကိုကျစေပါတယ်။ သက်တောင့်သက်သာရှိတဲ့ခုံမှာ ထိုင်ပါ။ ကြမ်းပြင်ပေါ်မှာ ရေခဲပုလင်းကိုထားပါ။
သင့်ခြေဖဝါးကို ပုလင်းပေါ်တင်ပြီး ခြေဖဝါးအစကနေအဆုံးအထိ ၅မိနစ်လောက်ဖြည်းဖြည်းချင်းလှိမ့်ပေးပါ။
ခြေဖနောင့်နှစ်ခုလုံးနာနေတယ်ဆိုရင် နှစ်ဖက်လုံးအတွက်အသုံးပြုနငိပါတယ်။ ဒိလေ့ကျင့်ခန်းက ခြေဖဝါးအရွတ်ပြားကို ဖြည်းဖြည်းချင်းဆွဲဆန့်ပေးပါတယ်။ ခြေဖဝါးအရွတ်ပြားရောင်ခြင်းကြောင့် အဖြစ်များတဲ့ရောင်ရမ်းခြင်းတွေကို သက်သာစေဖို့လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ သင့်ခြေထောက်ကိုအအေးခံထားနိုင်ပါတယ်။
လှေကားထစ်ဆွဲဆန့်ခြင်း
ဘယ်လှေကားအထစ်မှာဖြစ်ဖြစ် သင့်ခြေထောက်နှစ်ဘက်လုံးနဲ့ လှေကားထစ်မှာမတ်မတ်ရပ်ပါ။ သင့်အလေးချိန်တစ်ခုလုံးကို ဘယ်ခြေပေါ်ကိုပြောင်းလိုက်ပါ။ ခြေဖျားနဲ့ခြေချောင်းလေးတွေပဲ ချန်ထားပြီး ခြေဖနောင့်လွတ်သွားတဲ့အထိ ညာခြေထောက်ကိုနောက်အနည်းငယ်ရွေ့လိုက်ပါ။
လေ့ကျင့်ခန်းအတောအတွင်း ခြေနှစ်ဖက်လုံးကို ဖြောင့်ဖြောင့်ထားပါ။ နံရံသို့လှေကားလက်ရန်းကို အမှီပြုပါ။
သင့်ညာဘက်ခြေသလုံးကြွက်သားပြေလျော့သွားတယ်လို့ ခံစားမိရင် သင့်ခြေဖနောင့်ကိုနှိမ့်လိုက်ပါ။ ဆွဲဆန့်ခြင်းကို ၁၅စက္ကန့်ကနေ ၃၀စက္ကန့်အထိ ထိန်းထားပါ။ ခြေတစ်ဖက်စီကို ၂ခါကနေ၄ခါအထိ ပြောင်းလဲပြုလုပ်ပေးပါ။
ခြေဖဝါးဖြေလျှော့ခြင်း
ကြမ်းပြင်ပေါ်မှာထိုင်ပြီး သင့်ခြေထောက်တွေကိုရှေ့ကို ဆန့်ထုတ်လိုက်ပါ။ သင့်ညာခြေထောက်ကို ဒူးမှာကွေးလိုက်ပြီး သင့်ညာခြေဖျားကို ခြေချောင်းတွေအထက်ကနေပြီး ဆုပ်ကိုင်ထားပါ။ သင့်ကိုယ်ဆီကိုဆွဲယူပြီး ၁၅စက္ကန့်ကနေ၂၀အထိ ကိုင်ထားပါ။်
ဒီလေ့ကျင့်ခန်းက သင့်ခြေဖဝါးတစ်လျှောက်ရှိနေတဲ့ ခြေဖဝါးအရွတ်ပြားကို ပြေလျော့စေပါတယ်။
နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ခြေဖနောင့်နာကျင်ခြင်းကို တစ်ပတ်အတွင်းသက်သာသွားစေပါလိမ့်မယ်။
ရိုးရှင်းဘေးကင်းတဲ့ဆွဲဆန့်နည်းလမ်းတွေနဲ့ သင့်ခြေထောက်နာကျင်ခြင်းကို အိမ်မှာပဲကုသမှုပေးနိုင်ပါတယ်။ မသက်သာဘူးဆိုရင်တော့ သင့်ဆရာဝန်ဆီမှာ စမ်းသပ်စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

















