အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။

ခါးနာ တဲ့ဝေဒနာက လူကြီးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဒီခေတ်ရဲ့ ဘဝနေထိုင်မှု ပုံစံအရ လူငယ်တွေမှာလည်း ခါးနာတာတွေ ခပ်စိတ်စိတ် တွေ့လာရပါပြီ။ အထူးသဖြင့်တော့ လုပ်နိုင်ကိုင်နိုင်တဲ့ ၂၀ကျော် ၃၀ပတ်ချာလည်လောက်မှာ တွေ့လာရတာပါ။ ငယ်ငယ်လေးနဲ့ ခါးနာနေရတာ ဘာကြောင့်များပါလိမ့်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ နေပြီလား။ လူငယ်တွေမှာ ခါးနာရတာက နေထိုင်မှု ပုံစံနဲ့ ရောဂါတွေကြောင့်လို့ ခွဲပြောလို့ရပါတယ်။ နေထိုင်မှု ပုံစံကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။ ဒီနေ့ခေတ်မှာ အထိုင်များလာတာ၊ လှုပ်ရှားမှု နည်းလာတာ၊ ခုလို work from home ကာလမှာ အပြင်မထွက်နိုင်ဘဲ အိမ်ထဲမှာပဲ နေရတာက ခါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ နေထိုင်မှု ပုံစံကြောင့် ခါးနာ ခြင်း ခါးကုန်းပြီးထိုင်တာ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ကိုယ်မသိလိုက်ဘဲ ရှေ့ကို ကုန်းပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အထိုင်များလို့ ခါးနာ၊ ကျောနာ ဖြစ်နေပြီလား။

အခုနောက်ပိုင်း နည်းပညာတိုးတက်လာမှုတွေကြောင့် အလုပ်တော်တော်များများကို ထိုင်ရာကမထဘဲ လူအများနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်နေပါပြီ။ ဒီလို တိုးတက်လာမှုက တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆိုးကျိုးရှိနေပါတယ်။ ဒီလိုပြောရတာက လူသားတွေဟာ အရင်က လမ်းလျှောက်တာ အပါအဝင် သင့်တင့်လျောက်ပတ်တဲ့ လှုပ်ရှားသွားမှု ရှိတဲ့ နေ့စဉ်ဘဝရော အလုပ်ခွင်ကိုပါ ပိုင်ဆိုင်ထားပေမယ့် တိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးမှာတော့ လှုပ်ရှားမှုတွေက တော်တော်လေး နည်းလာပါတယ်။ အရင်က ဓာတ်လှေကားတွေ၊ စက်လှေကားတွေ တွင်တွင်ကျယ်ကျယ် မပေါ်ခင်က လှေကားတက်ရတာလိုမျိုး လှုပ်ရှားမှုကို လုပ်ဆောင်မိပေမယ့် အခုခေတ်မှာတော့ ရုံးတွေ၊ အိမ်တွေက အထပ် ဘယ်လောက်မြင့်မြင့် ချွေးတစ်စက် မထွက်ဘဲ မတ်တတ်လေးရပ်ရင်း ဓာတ်လှေကားပြီး ရောက်သွားကြတာလေ။ အလုပ်ခွင်မှာဆိုလည်း အွန်လိုင်း app တွေကို သုံးပြီး ထိုင်ရာကမထဘဲ တစ်စားပွဲ ခြားလောက်ကိုတောင် လမ်းမလျှောက်ဖြစ်တော့ဘူးလေ။ ဒီတော့ တိုးတက်လာတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်း

ဆောင်းတွင်းရောက်လာပြီဆိုရင် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အဆစ်တွေ ကိုက်တတ်ကြပါတယ်။ နဂိုအဆစ်ကိုက်တတ်တဲ့သူတွေဆိုရင် ပိုပြီး သတိထားမိမှာပါ။ သာမန်အချိန်တွေထက် ဆောင်းတွင်းမှာ အဆစ်ကိုက်တာက ပိုပြင်းထန်တတ်သလို ခဏခဏလည်း ကိုက်တတ်ကြပါတယ်။ ဒါက ဘာကြောင့်များပါလိမ့်။ ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်း လူတိုင်းတော့ မဟုတ်ပေမယ့် တချို့က ဆောင်းတွင်းရောက်ရင် သိသိသာသာ အဆစ်ပိုကိုက်ကြပါတယ်။ ခြေဆစ်လက်ဆစ်တွေကစလို့ ဒူးဆစ်လို အဆစ်ကြီးတွေအထိ ကိုက်တတ်ပါတယ်။ အအေးပိုတဲ့ ညဦးပိုင်းတွေ၊ မနက်အရုဏ်တက်ချိန်တွေဆို ပိုသိသာပါတယ်။ ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်းတွေကတော့ သွေးလည်ပတ်မှု မကောင်းတာ အေးတဲ့အခါ ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့လိုတဲ့အတွက် ကိုယ်တွင်းမှာ ရှိတဲ့ အင်္ဂါတွေဆီကို သွေးပိုပို့ပါတယ်။ ဥပမာ နှလုံး၊ အဆုတ်၊ အစာခြေစနစ် စတာတွေကိုပါ။ သိပ်အရေးမကြီးတဲ့ ခြေဖျားလက်ဖျားတွေက သွေးကြောတွေကိုတော့ ကျုံ့လိုက်ပြီး သွေးစီးဆင်းမှုနည်းအောင် လုပ်လိုက်ပါတယ်။ ဒါကြောင့် ခြေဖျားလက်ဖျားတွေ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

သင့် အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

အဆစ်အမြစ်ကိုက်ခဲ တယ်ဆိုတာက နေ့စဉ်ဘဝမှာ တွေ့ကြုံနိုင်တဲ့ ဝေဒနာတစ်ခုပါ။ အရွယ်မရွေး၊ ကျားမမရွေး ကြုံရနိုင်ပါတယ်။ အဆစ်အမြစ်ကိုက်တယ်ဆိုတာက လက္ခဏာသက်သက်သာဖြစ်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။ အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ အဆစ်အမြစ်တွေမှာ အဆစ်ကြီးတွေအပြင် လက်ဆစ်၊ ခြေဆစ်တွေလည်း ကိုက်ခဲနိုင်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိပေမယ့် တွေ့ရတတ်တာတွေကတော့ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis) ဒါကအဖြစ်များတဲ့ အဆစ်ရောင်ခြင်းအမျိုုးအစားပါ။ သက်လတ်ပိုင်းလောက်မှာ တဖြည်းဖြည်း စဖြစ်လာပြီး သက်ကြီးပိုင်းရောက်ရင် လက္ခဏာသိသာလာပါတယ်။ အသက်ရလာတာနဲ့အမျှ အဆစ်တွေကြားထဲမှာ ရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်မှုကြောင့် ပါးပြီး အဆစ်ရောင်လာတာပဲ ဖြစ်ပါတယ်။ အဆစ်နာတာ၊ တောင့်တင်းတာတွေ ခံစားရတတ်ပါတယ်။ လေးဖက်နာအဆစ်ရောင် ရောဂါ နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်တွေ ဖောင်းပြီး နာတတ်ပါတယ်။ များသောအားဖြင့် လက်ဆစ်တွေ၊ လက်ကောက်ဝတ်တွေက အဆစ်တွေ ရောင်ရမ်းပြီး ပုံပျက်တတ်ပါတယ်။ ဂေါက်ရောဂါ ယူရစ်အက်စစ် crystalတွေက အဆစ်တွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကိုယ်နေဟန်ထားတွေကိုများ လုပ်မိနေပြီလား။

ကွန်ပျူတာ ရှေ့ထိုင်ပြီး အကြိုက်ဆုံး သီချင်းလေး နားထောင်ရင်း သီချင်းလေး ညည်းရင်း အချိန်တွေ ကုန်မှန်း မသိ အလုပ်တွေ လုပ်နေလိုက်တာ ညနေ အလင်းရောင် ပျောက်ချိန်မှ အော် ရုံးဆင်းချိန်တောင် ရောက်ပြီပဲဆိုပြီး လက်ပ်တော့ ပိတ်တတ်တဲ့ workerholic လေးတွေ များရှိလား။ ဒါတောင် အလုပ် မပြီးသေးရင် ဆက်လုပ်လိုက်ပါဦးမယ် ဆိုတဲ့သူလေးတွေလည်း ရှိပါတယ်။ အခုလို ကာလမှာ Work from home ကြောင့် အိမ်မှာပဲနေပြီး အလုပ်လုပ်တဲ့အခါ လက်ပ်တော့တစ်လုံးချလို့ရတဲ့ နေရာတိုင်းကအလုပ်စားပွဲဖြစ်ပြီး သီချင်းဖွင့်ထားရင်ကို ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အနေအထားမှာ တစ်နေကုန် လှုပ်ရှားမှု မရှိဘဲ အလုပ်လုပ်နေတာက ညနေများ နားချိန် ရောက်ပြီဆိုရင် အကြောတွေ တင်းပြီး နာတာကို မခံစားရဘူးဆိုတဲ့သူက နည်းမယ် ထင်ပါတယ်။ ဒါတွေက ဘာကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့

အိမ်ကနေအလုပ်လုပ်ရလို့ သက်သာလိုက်တာလို့ ထင်ရင် လွဲနေပါပြီ။ ကားမစီးရတာကလွဲရင် ကျန်တာက တစ်နေကုန် ကွန်ပျူတာရှေ့မှာ ငုတ်တုပ်ပါပဲ။ သိသာတဲ့အချက်ကတော့ ညနေ အလုပ်ဆင်းချိန်ရောက်လို့ အလုပ်စားပွဲက ထလိုက်ရင် တစ်ကိုယ်လုံး နာကျင်နေတာပါ။ ဇက်ကြောတွေတက်၊ ခါးကနာ၊ လက်ဆစ်တွေကိုက်၊ မျက်ရိုးတွေကိုက်နဲ့ ဝေဒနာ ပေါင်းစုံတင်လာပါပြီ။ တစ်ရက်လည်း မဟုတ် နေ့တိုင်းသာ ဒီလိုဆိုရင် ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့ ဒီတော့ နေ့စဉ်အလုပ်လုပ်နေရပေမယ့် နာကျင်မှုတွေ ကင်းနေအောင်၊ မိမိရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေ မထိခိုက်အောင် အောက်ပါအချက်တွေကို လိုက်လုပ်ပေးနိုင်ပါတယ်။ အချိန်ဇယားအတိအကျထားပါ။ ဘယ်အချိန်မှာ အလုပ်စလုပ်မယ်။ ဘယ်အချိန်မှာ ထမင်းစားနားမယ်။ ဘယ်အချိန်မှာ အလုပ်ဆင်းမယ်ဆိုတာကို ရုံးမှာလိုပဲ သတ်မှတ်ထားပါ။ မဟုတ်ရင် ထိုင်ရာမထ ရုံးချိန်ကျော်တဲ့အထိ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

အိပ်ရာ ထထချင်း ကြွက်သားတွေ နာလိုက်တာ ဘာလို့လဲမသိဘူးဆိုပြီး စဉ်းစားနေရင်း ခေါင်းထဲမှာ ပေါ်လာတာက အော် မနေ့က လေ့ကျင့်ခန်း လုပ်ထားတာကြောင့်ပဲဆိုပြီးဟုတ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေ ပြေလျော့စေဖို့ ကျန်းမာစေဖို့ ဆိုပေမယ့် လေ့ကျင့်ခန်းကို စစလုပ်တဲ့အခါမျိုး၊ လေ့ကျင့်ခန်း လုပ်တာကို အကြာကြီး ရပ်ထားပြီးမှ ပြန်လုပ်တဲ့အခါမျိုးမှာ ကြွက်သားတွေ နာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခံစားရလေ့ရှိတဲ့ ကြွက်သားနာတာကို သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် နာကျင်ကိုက်ခဲလာတဲ့ ကြွက်သားတွေ ပြေလျော့ပြီး ကိုက်ခဲတာ သက်သာစေဖို့ဆိုရင် အနားယူပါ ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

ခုဆိုရင် တော်တော်များများက အိမ်ကနေပဲ အလုပ်လုပ်လာကြတဲ့အခါ တစ်အိမ်လုံးက ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ရုံးခန်း ဖြစ်လာပါတယ်။ အလုပ်ဆိုတာကလည်း သက်သောင့်သက်သာဖြစ်တဲ့နေရာမှာဆို ပိုပြီး လုပ်ချင်စိတ်ဖြစ်တဲ့အတွက် အိမ်မှာဆိုရင် အိပ်ရာတို့ ဆိုဖာတို့က မျက်စိကျစရာပါ။ အစပိုင်းမှာတော့ စားပွဲနဲ့ ခုံနဲ့ လုပ်ကောင်း လုပ်ကြပေမယ့် နောက်ကျတော့ လက်တော့က အိပ်ရာနား ရောက်လာ၊ တစ်ဆင့်တက်ပြီး အိပ်ရာပေါ် ရောက်လာတော့တာပါပဲ။ လှဲပြီး၊ ခေါင်းအုံးလေးတွေကို မှီပြီး အလုပ်လုပ်ရတဲ့ အခွင့်အရေးကို ရုံးမှာမှ မရနိုင်ဘဲလေ။ ဒီလိုမျိုး အိပ်ရာပေါ်မှာ၊ ဆိုဖာပေါ်မှာ အလုပ်လုပ်တာက ဇိမ်ကျတယ်ဆိုပေမယ့် တကယ် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။ ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။ အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း ကိုယ်နေဟန်ထား မမှန်ဘူး။ သိတဲ့အတိုင်း အိပ်ရာပေါ်၊ ဆိုဖာပေါ် ရောက်သွားပြီဆိုရင် တစ်ခုခုကို မှီနေရမှ။ နောက်က ကုတင်ပေါင် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Work from Home က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ.......

ကိုဗစ်ဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာချိန်ကစပြီး အလုပ်တော်တော်များများက အွန်လိုင်း နည်းပညာတွေကို အသုံးပြုရင်း နေအိမ်တွေကနေ ရုံးအလုပ်တွေကို လုပ်ကြရပါတယ်။ ဆွေးနွေးစရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမှုတွေလုပ်ရင်း မဖြစ်မနေမှ လူချင်းတွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်ကြပါတယ်။ ဒီလိုနဲ့ နည်းပညာတွေနဲ့ ပိုမိုရင်းနှီးလာခဲ့သလို Work from Home ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လာကြပါတယ်။ ဒီလိုလုပ်ဆောင်မှလည်း ကိုဗစ်ကူးစက်နှုန်းကို အကောင်းဆုံး ဟန့်တားနိုင်မှာကို လက်ရှိမှာလည်း Work from Home ကို ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေ အများကြီးပါ။ ပုံမှန်အတိုင်း တွေးကြည့်ရင် ဒီလိုလုပ်တာက သွားလာရတဲ့ အချိန်တွေကို သက်သာစေပြီး ရောဂါကူးစက်ခံရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ပေါ့။ ဒါပေမယ့် အချိန်ကာလ အတော်လေးကြာလာတဲ့အခါမှာတော့ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာတာကို ခံစားမိကြမယ်ထင်ပါတယ်။ အရင်က မနက်ခင်း စောစောထတယ်။ လေ့ကျင့်ခန်း လုပ်တယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒရမ် အတီး ကြာလို့ နာနေတဲ့ သင့်လက် အမြန်သက်သာစေဖို့

ဒရမ် တီးတယ်၊ Kajon တီးတယ် .. ဒါမှမဟုတ် တစ်ခုခု (ဥပမာ ပုံး)ကို အားနဲ့ မာန်နဲ့ တီးတဲ့အခါ အတီးမတတ်ရင် ကြာတဲ့အခါ လက်မှာ ဒဏ်ဖြစ်လာပါတယ်။ ဒီတော့ နောက်ရက်တွေမှာ ဆက်တီးဖို့၊ ဆက်လေ့ကျင့်ဖို့ အခက်အခဲဖြစ်လာမှာပါ။ ဒါကြောင့် ဒရမ်တီးတဲ့အခါ လက်မှာ ဘယ်လို အရိုးအဆစ်ပြဿနာတွေ ဖြစ်တတ်သလဲ။ ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာတွေကို သိထားဖို့ လိုပါတယ်။ ဒရမ် တီးတဲ့အခါ လက်မှာ ဖြစ်လာနိုင်တဲ့ အရိုးအဆစ် ပြဿနာများ လက်ချောင်း တစ်ခုခုကို ဆုပ်ကိုင်ပြီး တီးတဲ့အခါ လက်ချောင်းတွေက အရေးကြီးပါတယ်။ လက်ချောင်းတွေ သန်မှ အသံအားကောင်းကောင်း ထွက်မှာပါ။ ဒါ့ပြင် လက်ချောင်းတွေကို ကောင်းကောင်း အသုံးမချတတ်ရင် ကျန်တဲ့လက်အစိတ်အပိုင်း (ဥပမာ လက်ဖျံ၊ လက်မောင်းအား)တွေ သုံးရတဲ့အတွက် ကြာလာတဲ့အခါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း