ဖိအားကြောင့်အရိုးကျိုးခြင်းသည် အရိုးတွင် ကွဲကြောင်းအသေးဖြစ်ခြင်းဖြစ်သည်။ သူတို့သည် ခဏခဏ ထိခိုက်မိခြင်း အသုံးပြုမှုများခြင်း- ခုန်ခြင်း နှင့် အဝေးပြေးခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ဖိအားကြောင့်အရိုးကျိုးခြင်းသည် ပုံမှန်အသုံးပြုနေသော်လည်း အရိုးအားနည်းသော ဥပမာ အရိုးပွခြင်းရှိနေသူများတွင်ပိုဖြစ်တတ်သည်။
ဖိအားကြောင့်အရိုးကျိုးခြင်းသည် အလေးချိန်ကိုခံရသော ခြေထောက် ခြေဖဝါးတို့တွင်ပိုဖြစ်တတ်သည်။ အားကစားသမားများ အလေးချိန်များသောအထုတ်များကို အဝေးကြီးသယ်ရသောစစ်သားများတွင်ပိုဖြစ်တတ်သော်လည်း လူတိုင်းတွင်ဖြစိနိုင်သည်။ အကယ်၍ သင် လေ့ကျင့်ခန်းအသစ်စလုပ်ပါက ဥပမာ စစခြင်းအများကြီးလုပ်မိပါကဖြစ်နိုင်သည်။
ဖိအားကြောင့်အရိုးကျိုးခြင်းသည် များသောအားဖြင့် အားကစား သမား ဂျင်ဆော့သူများ အကသမားများ တန်းနစ်ကစားသမား ဘေ့ဘောသမားများတွင်ပိုဖြစ်တတ်သည်။ ထိုလှုပ်ရှားမှုများသောသူများတွင်ဖြစ်သောပြသာနာရယ်လို့မဟုတ်ပါ။ အရိုးအားနည်းသူ သို့မဟုတ် အာဟာရချို့တဲ့သူများတွင်လဲဖြစ်နိုင်ပြီး ခြေထောက်လက် ကျောရိုးနံရိုး နှင့် အခြားအရိုးရှိသောနေရာများတွင်ဖြစ်နိုင်သည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဖိအားကြောင့်အရိုးကျိုးခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ခြေထောက် ခြေဖဝါး ကျောရိုးနှင့် အခြားနေရာများတွင် နာခြင်း(
လေ့ကျင့်ခန်းစလုပ်ချိန်တွင်နာခြင်း
အချိန်ကြာလာသည်နှင့်ပိုနာလာပြီး နားချိန်တွင်ပါမသက်သာခြင်း
ထိသောအရိုးတွင် ကိုင်ရုံနှင့်နာခြင်း
တခါတရံ ယောင်ခြင်း ရဲခြင်း။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
အနာပြင်းထန်ခြင်း
နားနေသော်လည်း ဆက်နာနေခြင်း
နားနေခြင်း ရေခဲကပ်ခြင်း ခြေထောက်မြှောက်ထားခြင်းတို့နှင့်မသက်သာခြင်း
ဖိအားကြောင့်အရိုးကျိုးခြင်းသည် များသောအားဖြင့် လှုပ်ရှားမှုများခြင်း မြန်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။
အရိုးသည် ပြန်လည်တည်ဆောက်ခြင်းဖြစ်သည့်အချိန်တွင်သိပ်သည်းစများလာသည်။ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး အရိုးသိပ်သည်းစများလာချိန်တွင်ဖြစ်သည်။ ပြန်လည်တည်ဆောက်ရာတွင် ထိုအရိုးသည် ပျက်ဆီးပြီး ပြန်လည်တည်ဆောက်ခြင်းပါဝင်သည်။
ခန္ဓါကိုယ်မှဆဲလ်ကိုပြန်ဖြည့်နိုင်ခြင်းသည် ပျက်ဆီးသောဆဲလ်ကိုဖယ်ခြင်းထက်မမြန်နိုင်ပါက ဖိအားကြောင့်အရိုးကျိုးခြင်းကိုဖြစ်စေတတ်သည်။
ဖိအားကြောင့်အရိုးကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အချို့သောအားကစားများ။ အားကစားတွင်ပါဝင်သူများတွင်ပိုဖြစ်တတ်သည်။ဥပမာ ပြေးခုန်ပစ်ကစားခြင်းဘတ်စကတ်ဘော တန်းနစ် အက သို့မဟုတ် ဂျင်ကစားခြင်း။
လှုပ်ရှားမှုများခြင်း။ ဖိအားကြောင့်အရိုးကျိုးခြင်းသည် ရုတ်တရက် လှုပ်ရှားမှုမရှိသောအလုပ်မှ လှုပ်ရှားရသော အလုပ် သို့မဟုတ် လေ့ကျင့်မှုကို ကြာမြင့်စွာ ခဏခဏ သို့မဟုတ် ပြင်းထန်စွာလုပ်ရသူများတွင်ဖြစ်တတ်သည်။
လိင်။ အမျိုးသမီးများ များသောအားဖြင့် ရာသီပုံမှန်မလာသူများတွင်ပိုဖြစ်နိုင်သည်။
ခြေထောက်ပြသာနာများ။ ခြေဖဝါးပြားခြင်း သို့မဟုတ် မြင့်ခြင်း မာခြင်း တို့ရှိပါက ပိုဖြစ်နိုင်သည်။ ခြေအဝတ်ကို ဝတ်ဆင်ခြင်းဖြင့်ထိုအခြေအနေကိုသက်သာစေသည်။
အရိုးအားနည်းခြင်း။ အခြေအနေများ ဥပမာ အရီုးပွခြင်းသည် အရိုးကိုအားနည်းစေပြီး ဖိအားကြောင့်အရိုးကျိုးခြင်းကိုပိုဖြစ်စေသည်။
အရင်က ဖိအားကြောင့်အရိုးကျိုးခြင်းရှိပါကလည်းပိုဖြစ်နိုင်သည်။ တစ်ခါ သို့မဟုတ် အခါခါ ဖြစ်ဘူးပါက ဖြစ်နိုင်ချေပိုများစေသည်။
အာဟာရမလုံလောက်ခြင်း။ အစားအသောက်မူမမုန်ခြင်းနှင့် ဗီတာမင် ဒီ ကယ်စီယမ်ချို့တဲ့ခြင်းကြောင့်ပိုဖြစ်နိုင်သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆေးပိုင်းဆိုင်ရာသမိုင်းကြောင်းနှင့် ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်းတို့ဖြင့် အတည်ပြုနိုင်သော်လည်း တခါတရံ အရိပ်ပုံဖော်စမ်းသက်မှုများလည်းလိုအပ်နိုင်သည်။
ဓါတ်မှန်ရိုက်ခြင်း။ အနာစပြီး အချိန်အနည်ငယ်အတွင်း ပုံမှန်ဓါတ်မှန်ရိုက်ပါက မမြင်ရနိုင်ပါ။ အပါတ်ပေါင်းအတော်ကြာ -နှင့်တခါတရံ တစ်နည်းပါး- ကြာမှ ဓါတ်မှန်တွင်မြင်ရနိုင်သည်။
အရိုးစစ်ဆေးခြင်း။ အရိုးစစ်ဆေးခြင်းမလုပ်မီနာရီအနည်းငယ်အကြာတွင် ရေဒီယိုသတ္ထုကြွပမာဏအနည်းငယ်အား သွေးကြောမှတစ်ဆင့်ပေးလိမ့်မည်။ ထိုရေဒီယိုသတ္ထုကြွပစ္စည်းများသည်အ ရိုးများပြန်လည် တည်ဆောက်နေသောနေရာတွင်ပေါ်လိမ့်မည်။-လင်းပြီးဖြူသော အစက်ပုံလေးနှင့်ပြလိမ့်မည်။ သို့သော် အရိုးပြသာနာတော်တော်များများက အရိုးစစ်ဆေးခြင်းတွင်တူနေတတ်သည်။ ထိုကြောင့် ထိုစစ်ဆေးခြင်းသည် ဖိအားကြောင့်အရိုးကျိုးသည်ဟု မသေချာစေပါ။
သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်း။ ရေဒီယိုအသံလှိုင်းနှင့် သံလိုက်စက်ကွင်းအပြင်းက အတွင်းရှိ အဂါၤများကိုအတိအကျပုံရိပ်ဖော်နိုင်သည်။ ထိုစမ်းသက်ခြင်းသည် ဖိအားကြောင့်အရိုးကျိုးခြင်းကို ထိခိုက်ပြီး တစ်ပါတ်အတွင်းသိနိုင်ပြီး ဓါတ်မှန်တွင်မဖော်ပြသေးသော ရောဂါအနိမ့်စားများကိုလည်းတွေ့ရသည်။ ထိုစမ်းသက်မှုက ဖိအားကြောင့်အရိုးကျိုးခြင်း နှင့် တစ်သျူးအပျောစားထိခိုက်မှုကိုခွဲရန် ပိုသင့်တော်သည်။
အလေးထိန်းပေးသော် အရိုးလုပ်ဆောင်မှုများကိုအနာကျက်သည်အထိအနားပေးပါ။ လမ်းလျောက်သောခြေအိတ် သို့မဟုတ် ခြေဆွဲ သိုမဟုတ် ချိုင်းထောက်များအသုံးပြုရန်လိုအပ်နိုင်သည်။
တခါတရံ ခွဲစိတ်မှုသည် ရောဂါအရှင်းကောင်းရန်လိုအပ်နိုင်သည်။ များသောအားဖြင့် သွေးရရှိမှုနည်းသောနေရာ။ ခွဲစိတ် ခြင်းသည် အနာပြန်ပြန်ကျက်လိုသော အားကစားသမား သို့မဟုတ် ဖိအားကြောင့်အရိုးကျိုးခြင်းဖြစ်တတ်သော နေရာတွင်အလုပ်လုပ်သည့် အလုပ်ကြမ်းသမားများအတွက် ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်သည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဖိအားကြောင့်အရိုးကျိုးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
ထိမိသောခြေထောက်အား ဆရာဝန်ညွှန်ကြားသည့်အတိုင်းအနားပေးပါ။
ယောင်ခြင်း နာခြင်း သက်သာစေရန် ထိသောနေရာကိုရေခဲကပ်ရန်ဆရာဝန်မှမှာနိုင်သည်-တစ်နေ့တွင်သုံးလေးခါ တစ်ခါလျင် ဆယ့်ငါးမိနစ်။
လှုပ်ရှားမှုဖြည်းဖြည်းချင်းပြန်စပါ။ ဆရာဝန်မှ အဆင်ပြေပြီဆိုပါက အလေးမပါသောလှုပ်ရှားမှုများ-ဥပမာရေကူးခြင်း- မှတစ်ဆင့် ပုံမှန်လှုပ်ရှားမှုများစသင့်သည်။ ထိုမှ ပြင်းထန်သောအားကစား ဥပမာပြေးခြင်း ကို တဖြည်းဖြည်းခြင်း အချိန် အကွာအဝေးဖြည်းဖြည်းချင်းလုပ်သင့်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ