Salter-Harris fracture ဆိုတာက ကလေးတစ်ယောက်ရဲ့ ကြီးထွားဆဲအရိုးပလိတ်ပြားနေရာ ထိခိုက်မိတာကို ခေါ်တာပါ။ ကြီးထွားဆဲပလိတ်ပြားက အရိုးရှည်တွေရဲ့ အစွန်နားမှာရှိတဲ့ အရိုးနုမှပျော့သောနေရာပဲ ဖြစ်ပါတယ်။ ဒီအရိုးတွေက ကားတာထက် ရှည်တာကို ပိုဖြစ်စေပါတယ်။ Salter-Harris fracture က ခြေချောင်း လက်ချောင်းကစလို့ လက်မောင်း ခြေထောက်ရိုးများအထိ ဘယ်လိုအရိုးရှည်မှာမဆို ဖြစ်နိုင်ပါတယ်။
ကလေးတစ်ယောက်ရဲ့ကြီးထွားမှုက အဓိကအားဖြင့် ကြီးထွားဆဲပလိတ်တွေမှာပဲ ဖြစ်တာပါ။ ကလေးက ပြည့်ပြည့်၀၀ကြီးထွားသွားပြီးဆိုရင် ဒီနေရာတွေက အစိုင်အခဲအဖြစ်မာသွားမှာပါ။
ကြီးထွားဆဲပလိတ်ပြားတွေက နှိုင်းရအားဖြင့်တော့ အားနည်းနေပြီး လဲကျတာ၊ တိုက်မိတာ၊ ဖိအားများများပေးတာတွေကြောင့် ထိခိုက်မိနိုင်ပါတယ်။
ပုံမှန်အရိုးကြီးထွားမှုရရှိနိုင်ဖို့အတွက် Salter-Harris fracture ကို မြန်မြန်သိ မြန်မြန်ကုဖို့ လိုအပ်ပါတယ်။
Salter-Harris fracture အမျိုးအစားများ
Salter-Harris fracture ကို ကနေဒါနိုင်ငံသား ဆရာဝန် ရော့ဘတ်ဆော့တာနဲ့ ဒဘယ်လျူ ရော့ဘတ် ဟဲရစ်တို့က စတွေ့ခဲ့ပါတယ်။
အဓိကအမျိုးအစား ငါးမျိုးရှိတယ်။ ကြီးထွားဆဲပလိတ်ပြားနဲ့ ပတ်လည်းကအရိုးကို ထိခိုက်တဲ့ပုံပေါ်မူတည်ပြီးခွဲတယ်။ ကိန်းကဏန်း မြင့်လေလေ ကြီးထွားမှုပြဿနာ များလေလေပါပဲ။
အမျိုးအစားတစ်
ဒီအမျိုးအစားကတော့ အားတစ်ခုက ကြီးထွားဆဲပလိတ်ပြားကိုလာရိုက်မိပြီး အရိုးရဲ့ လုံးဝန်းတဲ့အပိုင်းက အရိုးတံကနေ ပြုထွက်သွားတဲ့ အဆင့်ဖြစ်ပါတယ်။
ကလေးအငယ်လေးတွေမှာ အတွေ့ရပိုများပါတယ်။ Salter-Harris fracture အားလုံးရဲ့ ၅%လောက်က အမျိုးအစားတစ်တွေပါပဲ။
အမျိုးအစား နှစ်
သည်အမျိုးအစားကတော့ ကြီးထွားဆဲပလိတ်ပြားကို ထိခိုက်မိပြီးနောက် အရိုးအစလေးနဲ့အတူ အဆစ်ကနေ ချော်ထွက်သွားတာပါပဲ။
အဖြစ်အများဆုံးအမျိုးအစားဖြစ်ပြီး အသက် ၁၀ နှစ်ထက် ကလေးတွေမှာ ပိုဖြစ်ပါတယ် Salter-Harris fracture ရဲ့ ၇၅% က အမျိုးအစားနှစ်တွေပါပဲ။
အမျိုးအစားသုံး
အားတစ်ခုက ကြီးထွားဆဲပလိတ်ပြားနဲ့ အရိုးရဲ့လုံးဝန်းတဲ့အပိုင်းကိုရိုက်မိပြီး ရိုးတံကို မရိုက်မိတဲ့ အမျိုးအစားဖြစ်ပါတယ်။ အရိုးနုကျိုးသွားပြီး အဆစ်ထဲကိုဝင်သွားပါတယ်။
ဒီအမျိုးအစားကို ၁၀ နှစ်အထက် ကလေးတွေမှာ ပိုတွေ့ရတယ်။ Salter-Harris fracture ရဲ့ ၁၀% က အမျိုးအစားသုံးတွေပါပဲ။
အမျိုးအစားလေး
သည်အမျိုးအစားက ကြီးထွားဆဲပလိတ်ပြားရယ်၊ အရိုးရဲ့လုံးဝန်းတဲ့အပိုင်းရယ်၊ အရိုးတံရယ်ကို အားတစ်ခုလာရိုက်မိတဲ့အခါဖြစ်လာပါတယ်။
Salter-Harris fracture ရဲ့ ၁၀% လောက်က အမျိုးအစားလေးပါပဲ။ ဒါက ဘယ်အရွယ်မှာမဆို ဖြစ်သွားတတ်ပြီး အရိုးကြီးထွားမှုကို ထိခိုက်စေပါတယ်။
အမျိုးအစားငါး
ကြီးထွားဆဲပလိတ်ပြားကို ကြိတ်ခြေမိသွားတဲ့အခါ ဒီလိုပုံမှန်မဟုတ်တဲ့အမျိုးအစား ဖြစ်လာနိုင်ပါတယ်။ ဒူးနဲ့ ခြေကျင်းဝတ်တွေက အဖြစ်အများဆုံးပဲ။ Salter-Harris fracture ရဲ့ ၁% အောက်လောက်ကပဲ အမျိုးအစား ၅ ဖြစ်ပါတယ်။ မကြာခဏ ရောဂါအမ်တပ်လွဲမှားတတ်ပြီး ထိခိုက်မှုက အရိုးကြီးထွားမှုကို အနှောက်အယှက်ပေးနိုင်ပါတယ်။
တခြားအမျိုးအစားများ
နောက်ထပ်အမျိုးအစားလေးခုကတော့ အတော့အတော်ကို ရှာပါတယ်။
Salter-Harris fracture က ကလေးတွေမှာဖြစ်တဲ့ အရိုးကျိုးဝေဒနာတွေရဲ့ ၁၅-၃၀% လောက်ထိ ရှိပါတယ်။ အဖြစ်အများဆုံးကတော့ အားကစားလုပ်တဲ့နေရာမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအဖြစ်များတာပါပဲ။ ကောင်လေးတွေက ကောင်မလေးတွေထက် Salter-Harris fracture ပိုအဖြစ်များပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
a Salter-Harris fracture က လဲတာ ထိခိုက်မိတာကနေ နာတာနဲ့စပါတယ်။ တခြားလက္ခဏာတွေကတော့…
အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ကြီးထွားဆဲပလိတ်ပြားကျိုးတာက လဲကျတာ၊ ယာဉ်မတော်တဆဖြစ်တာတွေကနေ ပလိတ်ပြားကို ကျိုးသွားစေလို့ဖြစ်တာပါ။
ကြီးထွားဆဲပလိတ်ပြားပေါ်မှာ ခဏခဏ ဖိအားပေးနေတာကလည်း ကျိုးစေတတ်ပါတယ်။ ကလေးပြိုင်ရမယ့် အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ရေးဆင်းတာကနေလည်း ဖြစ်သွားနိုင်ပါတယ်။
ကြီးထွားဆဲပလိတ်ပြားကျိုးစေနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ကြီးထွားဆဲပလိတ်ပြား ပိတ်တဲ့အရွယ်စောတာမို့ ယောက်ျားလေးတွေမှာ ပိုကျိုးကြတာပါ။ ပလိတ်ပြားကျိုးတဲ့ဖြစ်ရပ်အများစုက အားကစားပြိုင်ပွဲတွေနဲ့ ပြုတ်ကျပစ်လဲတာမျိုးရဲ့ ရလဒ်ပါပဲ။ စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်းနဲ့ စကိတ်ဘုတ်စီးခြင်းတွေက ပလိတ်ပြားကျိုးရတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ ကလေးငယ်တွေထက် မြီးကောင်ပေါက်အရွယ်တွေက ပလိတ်ပြားပိုကျိုးလွယ်ကြတယ်။ အချက်အလက်တွေ ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
အရိုးကျိုးကြောင်းသံသယရှိတဲ့အခါ ကလေးကို ဆရာဝန်ဆီ ဒါမှမဟုတ် အရေးပေါ်လူနာ ကုသဆောင်ဆီခေါ်သွားပေးပါ။ ကြီးထွားဆဲပလိတ်ပြား ကျိုးတာက ချက်ချင်းကုသမှုမျိုး လိုအပ်ပါတယ်။
ဆရာဝန်က ထိခိုက်ပုံထိခိုက်နည်းကို သိလိုပါလိမ့်မယ်။ ကလေးမှာ အရင်တုန်းကကျိုးဖူးတာတွေရှိမရှိ၊ မထိခိုက်ခင်က နာနေတာတွေရှိမရှိ မေးပါလိမ့်မယ်။
ဖြစ်တဲ့နေရာရယ် အဲ့ဒီအထက်နဲ့ အောက်ဖက်တွေရယ်ကို ဓါတ်မှန်ရိုက်ခိုင်းနိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်ဖို့အတွက် မဖြစ်တဲ့ဖက်ကိုပါ ဓါတ်မှန်ရိုက်ရနိုင်ပါတယ်။ ကျိုးတာကို သံသယဖြစ်ပေမယ့် ဓါတ်မှန်မှမပြဘူးဆိုရင် ဆရာဝန်က ကျောက်ပတ်တီးစည်းပေးနိုင်ပါတယ်။ နောက်သုံးလေးပတ်ကြာတဲ့အခါမှာ ဓါတ်မှန် ထပ်ရိုက်ပြီး ကျိုးတဲ့နေရာမှာ ပြောင်းလဲတာတစ်ခုခု တွေ့နေရရင်တော့ ကျိုးတာကိုအတည်ပြုနိုင်ပါတယ်။
ကျိုးတာက ရှုပ်ထွေးနေမယ်ဆိုရင် ဒါမှမဟုတ် ဆရာဝန်က တစ်ရှူးပျော့တွေရဲ့မြင်ကွင်းကို တိတိကျကျသိလိုရင် တခြားပုံရိပ်ဖော်စစ်ဆေးတာတွေ လိုအပ်နိုင်ပါတယ်။
အမျိုးအစားငါးကတော့ အတည်ပြုဖို့ အတော်လေးခက်တယ်။ ကြီးထွားဆဲပလိတ်မှာ ကျယ်နေတာက ဒီအမျိုးအစားဖြစ်ကြောင်း သဲလွန်စရနိုင်ပါတယ်။
ကုသမှုက Salter-Harris fracture အမျိုးအစား၊ ဖြစ်တဲ့အရိုးနဲပ ကလေးမှာ တခြားထိခိုက်ဒဏ်ရာတွေ ရှိမရှိအပေါ် မူတည်ပါတယ်။
မခွဲပဲကုသခြင်း
များသောအားဖြင့် အမျိုးအစား ၁နဲ့၂ က ပိုရိုးရှင်းတာမို့ ခွဲစိတ်ကုသဖို့ မလိုပါဘူး။
ဆရာဝန်က ဖြစ်တဲ့အရိုးမှာ ကျောက်ပတ်တီးစည်းတာ၊ Sling တပ်တာတွေနဲ့ နေသားတကျဖြစ်အောင် လုပ်ပါလိမ့်မယ်။ ဒါတွေက အနာကျက်နေချိန်မှာ အကာအကွယ်ပေးမှာပါ။
တစ်ခါတစ်လေမှာ ဒီလိုကျိုးတာတွေက ခွဲစိတ်စရာမလိုပေမယ့် အရိုးကိုအလိုင်းမင်း ပြန်တည့်ရတယ်။ ဒါကို Reduction လို့ခေါ်တယ်။ Reduction လုပ်ဖို့အတွက် အနာသက်သာဖို့ဆေး၊ ထုံးဆေး၊ မေ့ဆေး တစ်ခုခုပေးရနိုင်ပါတယ်။
အမျိုးအစား ၅ ကတော့ အတည်ပြုဖို့ပိုခက်ပြီ ပုံမှန်အရိုးကြီးထွားမှုကို ထိခိုက်နိုင်ပါတယ်။
ဆရာဝန်တွေက ပလိတ်ပြားကိုထပ်ပြီး မထိခိုက်စေဖို့ ဖြစ်နေတဲ့အရိုးဖက်ကို ဖိပြီးမလုပ်ရမယ့်အကြောင်း ပြောပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ကုသမှုမစခင် အရိုးကြီးထွားပုံကို စောင့်ကြည့်ဖို့လိုတတ်ပါတယ်။
ခွဲစိတ်ကုသခြင်း
အမျိုးအစား ၃ နဲ့ ၄ ကတော့ အရိုးအလိုင်းမင်းချိန်ဖို့ ခွဲစိတ်ရပါမယ်။ ဒါကို open reduction လို့ခေါ်တယ်။ ခွဲစိတ်ဆရာဝန်က အရိုးအပိုင်းအစတွေကို အလိုင်းမင်းအတိုင်း ပြန်ထည့်ပြီး နေသားတကျ ဖြစ်စေဖို့ စတီးချောင်းထည့်တာမျိုး လုပ်ရပါလိမ့်မယ်။ တစ်ချို့သော အမျိုးအစား ၅ ကျိုးတာမျိုးကိုလည်း ခွဲစိတ်ရတတ်ပါတယ်။
ခွဲရတဲ့အခြေအနေတွေမှာ အနာကျက်နေတဲ့အချိန်တွင်း ဖြစ်တဲ့နေရာကို ကာကွယ်ဖို့ မရွေးဖို့ ကျောက်ပတ်တီးကို သုံးရပါတယ်။ ဖြစ်တဲ့နေရာမှာ အရိုးကြီးထွားမှုကောင်းမကောင်း ပြန်ချိန်းတဲ့အချိန်မှာ ဓါတ်မှန်ရိုက်ကြည့်ရပါမယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့ အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ a Salter-Harris fracture ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင် လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။
ပြန်ကောင်းရန်အချိန်ယူတာ ဖြစ်တဲ့နေရာ၊ ထိခိုက်တဲ့ဒဏ်ရာ အပြင်းအထန်ပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။ များသောအားဖြင့် ဒီလိုကျိုးတာတွေက လေးပတ်ကနေ ခြောက်ပတ်ထိ ကြာတတ်ပါတယ်။
ကျောက်ပတ်တီးစည်းထားရမယ့်ကြာချိန်ကတော့ ထိခိုက်မိတဲ့ဒဏ်ရာပေါ် မူတည်ပါတယ်။ အနာကျက်နေတဲ့အချိန်မှာ ဖြစ်တဲ့ခြေထောက်ကို အားမပြုရဘူးဆိုရင်တော့ ချိုင်းထောက်အကူအညီ လိုပါလိမ့်မယ်။
ကနဦး မလှုပ်ရှားပဲနေရာတဲ့ကာလပြီးတဲ့နောက် ဆရာဝန်က ကိုယ်လက်လှုပ်ရှားမှုကုထုံးကို စတင်ပါလိမ့်မယ်။ ဒါတွေက လူနာကို ဖြစ်တဲ့နေရာရဲ့ ကွေးနိုင်ဆန့်နိုင်စွမ်း၊ ခွန်အားနဲ့ လှုပ်ရှားနိုင်တဲ့ပမာဏကို တိုးတက်စေပါလိမ့်မယ်။ ပြန်ကောင်းနေစဉ်ကာလမှာ ဆရာဝန်က အနာကျက်တာ၊ အရိုးအလိုင်းမန်းနဲ့ အရိုးသစ်ထွက်မှု ရှိမရှိသိရအောင် ပြန်ပြချိန်မှာ ဓါတ်မှန်ရိုက်ခိုင်းပါလိမ့်မယ်။ ပြင်းထန်တဲ့ အရိုးကျိုးတာတွေကိုတော့ တစ်နှစ် ဒါမှမဟုတ် လူနာရဲ့အရိုးတွေ အပြည့်အဝကြီးထွားတဲ့အထိ ပြန်ပြန်ပြနေရပါလိမ့်မယ်။
ထိခိုက်တဲ့နေရာကို ပုံမှန်အတိုင်း လှုပ်ရှားနိုင်ဖို့နဲ့ အားကစားတွေပြန်လုပ်နိုင်ဖို့က အချိန်အများကြီးကြာပါတယ်။ အဆစ်ပါ ထိခိုက်သွားတဲ့ အရိုးလူနာတွေကို အားကစားတွေ ပြန်မလုပ်ခင် ၆ လအထိနားရမယ်လို့ သတ်မှတ်ထားကြပါတယ်။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။