brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လေးဘက်နာအဆစ်ရောင် ရဲ့ အစောပိုင်း လက္ခဏာနဲ့ သင်္ကေတများ

လေးဘက်နာအဆစ်ရောင် (Rheumatoid arthritis) တွေရဲ့ လက္ခဏာတွေကတော့ မြင်သာတဲ့ အဆစ်တွေယိုယွင်းပျက်စီးလာတဲ့ လက္ခဏာတွေကနေ သိပ်မမြင်ရဘဲ အခြားသော နာမကျန်းဖြစ်မှုတွေလိုထင်ရတဲ့ လက္ခဏာတွေထိရှိပါတယ်။ ဒါတွေကြောင့် ဒီရောဂါကို အစောပိုင်းအဆင့်တွေမှာ ရောဂါအတည်ပြုဖို့ ခက်ခဲတာပါ။

လေးဘက်နာအဆစ်ရောင် ရဲ့ အစောပိုင်း လက္ခဏာနဲ့ သင်္ကေတများ

လေးဘက်နာအဆစ်ရောင် (Rheumatoid Arthritis – RA) ဆိုတာဘာလဲ။

RA ဆိုတာကတော့ ခုခံအား ပုံမှန်မဟုတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်တွေကို နာတာရှည်(ကာလတာရှည်)ရောင်ရမ်းစေနိုင်ပါတယ်။ သူကတော့ စစချင်းမှာ ဖြစ်လိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ အပျော့စားလက္ခဏာလေးတွေနဲ့ အစပျိုးတတ်ပြီး ခန္ဓါကိုယ် နှစ်ခြမ်းလုံးမှာ ဖြစ်တတ်ပါတယ်။

ဒီကာလဟာ ရက်သတ္တပတ်အနည်းငယ်မှ လတွေထိ ကြာတတ်ပါတယ်။ ဒီနာတာရှည်ရောဂါရဲ့ လက္ခဏာတွေကတော့ လူတစ်ယောက်ချင်းစီပေါ်လိုက်ပြီး နေ့တိုင်းနေ့တိုင်းတောင် ပြောင်းလဲနိုင်ပါသေးတယ်။ ရောဂါလက္ခဏာပြတဲ့အချိန်တွေကိုတော့ flare-ups လို့ခေါ်ပြီး ငုပ်နေတဲ့အချိန်တွေကိုတော့ remission လို့ခေါ်ပါတယ်။

RAရဲ့ အစောပိုင်း လက္ခဏာများ

  • ပင်ပန်းနွမ်းနယ်ခြင်း

အခြားလက္ခဏာတွေ ထင်ရှားမလာသေးခင်မှာပဲ ပုံမှန်မဟုတ်တဲ့ မောပန်းမှုတွေကို ခံစားလာရပါတယ်။ မောပန်းမှုတွေဟာ အခြားသော လက္ခဏာတွေ စတင်တဲ့အချိန်ထက် ရက်သတ္တပတ်အနည်းငယ်ခန့် ဒါမှမဟုတ် လအနည်းငယ်ခန့် ကြိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာတော့ မောပန်းခြင်းဟာ ဖျားနာခြင်းတွေ ဒါမှမဟုတ် စိတ်ဓါတ်ကျခြင်းတွေနဲ့ပါ ယေဘုယျအားဖြင့် ရောပြီးဖြစ်တတ်ပါတယ်။

  • နံနက်ခင်းမှာ အကြောတွေ တောင့်တင်းနေခြင်း

Morning stiffness ဟာလည်း အကြောရောင်နာရဲ့ အစောပိုင်းသင်္ကေတဖြစ်နိုင်ပါတယ်။ ဒိလိုတောင့်တင်းမှုမျိုးဟာ မိန်စအနည်းငယ်ခန့်ကြာတတ်ပြီး ဒါကလည်း အကြောရောင်နာရဲ့ degenerative ပုံစံရဲ့ လက္ခဏာတစ်ရပ်ဖြစ်တတ်ပါတယ်။ နာရီပေါင်းများစွာ ကြာရင်တော့ ဒါဟာ RA ရဲ့ ပုံစံတစ်မျိုးဖြစ်တဲ့ inflammatory arthritis ရဲ့ ယေဘုယျ လက္ခဏာပါ။ အိပ်စက်ပြီးချိန် ဒါမှမဟုတ် ထိုင်တာကြာတဲ့အချိန်တွေမှာ ဒီလို တောင့်တင်းမှုမျိုးကို ခံစားရနိုင်ပါတယ်။

  • အဆစ်တွေတောင့်တင်းခြင်းနဲ့ လှုပ်ရှားနိုင်မှု လျော့ကျခြင်း

တောင့်တင်းခြင်းဟာ ရောဂါက ရောင်ရမ်းတဲ့အဆင့်ကိုရောက်တဲ့အချိန်တွေမှာ ဖြစ်ပါတယ်။ များသောအားဖြင့် နံနက်ခင်းပိုင်းတွေမှာဖြစ်တတ်ပေမယ့် နေ့ဘက်တွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ တောင့်တင်းခြင်း ခေါ် အဆစ်တွေအားလုံးရောင်ရမ်းခြင်းက လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်ပစ်နိုင်ပါတယ။်

  • အဆစ်နာခြင်း

အဆစ်တွေ တောင့်တင်းခြင်းရဲ့နောက်မှာ အဆစ်တေါနာကျင်ခြင်းက ကပ်လိုက်လာပါတယ်။ ဒါကတော့ လှုပ်ရှားနေစဉ် ဒါမှမဟုတ် အနားယူနေစဉ်တွေမှာ ဖြစ်တတ်တာပါ။ ဒါကလည်း ခန္ဓါကိုယ်ရဲ့ အခြမ်းနှစ်ခြမ်းလုံးမှာ ညီမျှစွာဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးနေရာတွေကတော့ လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်တွေမှာပါပဲ။ ဒီလိုနာကျင်မှုတွေကို ဒူး၊ ခြေထောက်၊ ခြေချင်းဝတ် သို့မဟုတ် ပုခုံးတွေမှာလည်း ခံစားရတတ်ပါတယ်။

  • အဆစ်ရောင်ရမ်းခြင်း

အဆစ်ရောင်ရမ်းခြင်းကတော့ အဆစ်ရှိတဲ့ အိမ်ရောင်ရမ်းလာတာကြောင့်ဖြစ်ရတာပါ။ ဒီရောင်ရမ်းမှုဟာ မသိသာတဲ့အဆင့်ကနေ သတိထားမိတဲ့အဆင့်ထိ အမျိုးမျိုးရှိပါတယ်။ အဆစ်တွေ ရောင်ရမ်းလာတဲ့အခါ လှုပ်ရှားမှုတွေ သိပ်မလုပ်နိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်လို့များ ရေငရမ်းခြင်းက လက်နဲ့ လက်ချောင်းတွေမှာဖြစ်ခဲ့ရင် လက်စွပ် ဝတ်ဖို့၊ ချွတ်ဖို့ဆိုတာတောင် ခက်ခဲနေပါလိမ့်မယ်။

  • ထုံကျဉ်ခြင်း

ကြွက်သားကြောတွေ ရောင်ရမ်းခြင်းဟာ အာရုံကြောတွေပေါ်မှာ ဖိအားတွေဖြစ်စေနိုင်ပါတယ်။ ဒါကပဲ သင့်လက်တွေပေါ်မှာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ပူလောင်နေတဲ့ခံစားမှုမျိုးကို ရရှိစေတာဖြစ်ပြီး ဒါဟာ carpal tunel syndrome လို့ ကိုယ်စားပြုပါတယ။် cartilage တွေပျက်စီးမှုက သင်လှုပ်ရှားတဲ့အချိန်တိုင်းမှာ အဆစ်တွေကို ထိခိုက်စေနေတာကြောင့် သင့်လက်သို့မဟုတ် ခြေထောက်တွေရဲ့ အဆစ်တွေဟာ ကလက်ကလက်အသံတွေ ထွက်နေနိုင်ပါတယ်။

ဒီလက္ခဏာတွေဟာ အမျိုးမျိုးသောရောဂါတွေကြောင့် ဖြစ်လာတယ်ဆိုတာ သေချာပေါက်ပါပဲ။ ဒါကြောင့် RA ကို သတိထားဖို့ အရေးကြီးတာဖြစ်ပြီး သူ့ရဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတွေကို မှန်ကန်တဲ့ ရောဂါအတည်ပြုမှုတွေ ပြုလုပ်ဖို့နဲ့ ကုသမှုကို တတ်နိုင်သမျှစောစောခံယူဖို့က တကယ်ကို လိုအပ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 07/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။