အဆစ်ရောင်နာ (Arthritis)
အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ အဆစ်တွေ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ လှုပ်ရှားဖို့ ခက်တာ၊ တက်တက်ကြွကြွနေဖို့ ခက်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ အဆစ်ရောင်နာတွေက အမျိုးမျိုးပါပဲ။ တစ်မျိုးစီတိုင်းမှာ မတူညီတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဆစ်ရောင်နာ အမျိုးအစားကို လိုက်ပြီး ကုထုံးတွေလည်း ကွာခြားနိုင်ပါတယ်။ အဆစ်ရောင်နာ က များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး […]
































