backup og meta

နာတာရှည် နာကျင်ခြင်းဝေဒနာကို ခံစားနေရသူတို့အတွက် မိမိ၏ ကိစ္စများကို စီမံခန့်ခွဲရမည့် နည်းလမ်းများ

မိမိကိုယ်ကို စီမံခန့်ခွဲခြင်းဆိုသည်မှာ နာတာရှည်ရောဂါရှိသူများအနေဖြင့် မိမိ၏တနေ့တာဝန်များကို စီမံခန့်ခွဲခြင်းကို ဆိုလိုသည်။ သင်သည် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရလျှင် စီမံခန့်ခွဲမှုများပြုလုပ်ရန် မလွယ်ကူလှပါ။ နာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များနှင့် တာဝန်များ ပျက်ကွက်ရုံသာမက စိတ်ဓါတ်ကျခြင်း နှင့် ယုံကြည်မှုကျဆင်းခြင်းတို့ဖြစ်စေနိုင်ပါသည်။

နာတာရှည် နာကျင်ခြင်းဝေဒနာကို ခံစားနေရသူတို့အတွက် မိမိ၏ ကိစ္စများကို စီမံခန့်ခွဲရမည့် နည်းလမ်းများ

သို့သော်ငြားလည်း သင်သည် ထိုသို့နာကျင်မှုကိုခံစားနေရသောကြောင့် ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နေနိုင်ကြောင်းသိထားပါ။ ကျွန်ုပ်တို့၏ အကြံပေးချက်နည်းလမ်းများက သင့် ကို ကူညီပေးပါလိမ့်မည်။

ဘာကြောင့် မိမိကိုယ်ကို စီမံခန့်ခွဲဖို့လိုပါသလဲ။

သင်သည် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်လိုပါလျှင် တိကျသော အကူအညီနှင့် သတင်းအချက်အလက်များလိုအပ်ပါသည်။

· သင့်ရောဂါနှင့်ပက်သက်သော အခြေံခံ အချက်အလက်များ

၎င်းတို့ကို အင်တာနက်စာမျက်နှာများ၊ စာအုပ်များနှင့် သင့်ဆရာဝန်ထံမှရယူနိုင်ပါသည်။

· သင့်ရောဂါနှင့်စပ်လျဉ်းပြီး စိမံခန့်ခွဲမှုနည်းလမ်းများ

နာတာရှည် နာကျင်ခြင်းကို ထိန်းချုပ်ပြီး နေထိုင်နိုင်ရန် နည်းလမ်းများသိရှိရန် ဝေဒနာသည်များကို အကူအညီပေးသော လူမှုအဖွဲ့အစည်းများ၊ သင်တန်းများမှ အကူအညီကိုရယူသင့်သည်။

· မိသားစု၊ မိတ်ဆွေနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထောက်ပံ့မှုကို ရယူသင့်သည်။

မိမိကိုယ်ကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး ဘာတွေကို သိထားသင့်သလဲ။

သင်သည် သင်တန်းများသွားတက်ခြင်းဖြင့်ဖြစ်စေ မိမိဖာသာလေ့ကျင့်ခြင်းဖြင့်ဖြစ်စေ မိမိကိုယ်ကို စီမံခန့်ခွဲခြင်းဆိုသည်မှာ သင်ခံစားနေရသော နာကျင်မှုဝေဒနာများကို ထိန်းချုပ်နိုင်ခြင်းပင်ဖြစ်ကြောင်းနားလည်သင့်သည်။ နာကျင်မှုကြောင့် စိတ်ဓါတ်ကျခြင်း၊ နွမ်းနယ်ခြင်း၊ စိုးရိမ်စိတ်များခြင်း စသည်တို့ဖြစ်ကာ နာကျင်မှုကို ပိုဆိုးစေပါသည်။

ထိုလက္ခဏာများကို ကောင်းစွာထိန်းချုပ်နိုင်လျှင် သင့်နာကျင်မှုသည်လည်း သက်သာသွားမည်ဖြစ်ပြီး သင့်ဘဝပျော်ရွှင်မှုကိုပါ ထင်ဟပ်စေလိမ့်မည်။ အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။

· များများစားရန်

လတ်ဆတ်သော အသီးများ၊ အိုမီဂါ ၃ ငါးကြီးဆီ(ဆာလမီန်နှင့် အခြားငါးများမှရသော)၊ ကာဗိုဟိုက်ဒြိတ်ဓါတ်နှင့် သကြားဓါတ်နည်းသော အစာများကို များများစားပါ။

· ရှောင်ရန်

ကော်ဖီ၊ ကဖိန်းဓါတတ်ပါသော အစားအစာများ၊ အသင့်စားအစာများ၊ ကစီဓါတ်ပါေသောအစာများ(ဖုတ်ထားသော အစာများတွင်တွေ့ရများသည်။)၊ မြေကြီးပေါ်တွင်ပေါက်သော အသီးနှံများ(ဥပမာ ခရမ်းချဉ်သီး၊ အာလူးနှင့် ဥအပင်များ)၊ အချိုမှုန့်နှင့် အခြားချိုစေသော အမှုန့်များ ကိုရှောင်ပါ။

· တက်ကြွစွာနေထိုင်ခြင်း

အေရိုးဗစ်လေ့ကျင့်ခန်းနှင့် ခွန်အားသုံးရသော လေ့ကျင့်ခန်းများကို တပတ်လျှင် ၄-၅ ရက်ခန့်ပြုလုပ်ပါ။ သင့်ရောဂါအခြေအနေပေါ်မူတည်ပြီး အားစိုက်ထုတ်နိုင်သည့် ပမာဏထက်ပိုပြီးမလုပ်ပါနှင့်။

· စောင့်ကြည့်ခြင်း

ကွန်ပျူတာ၊ သို့မဟုတ် စာအုပ်ထဲတွင် သင့်ကိုပိုနာကျင်စေသော အခြေအနေ၊ နာကျင်မှုပြင်းထန်ခြင်းရှိမရှိနှင့် နာကျင်သောနေရာများကို မှတ်သားပါ။

· ဆေးသောက်ခြင်း

ဆေးသောက်ရာတွင် ဆရာဝန်ညွှန်ကြားချင်အတိုင်းသောက်သင့်သည်။ သင်သောက်နေသောဆေး၏ အကျိုးသက်ရောက်ပုံနှင့်ဘေးထွက်ဆိုးကျိုးများကို လေ့လာထားပြီး သင့်ကိုယ်သင်စောင့်ကြည့်သင့်သည်။

· နာကျင်မှုဝေဒနာဆိုးရွားလာပါက ဖြေရှင်းခြင်း

နာကျင်မှုဝေဒနာဆိုးရွားလာပါက သင်သောက်နေသောဆေး၊ လုပ်နေသော အလုပ်နှင့် အစားအသောက်များကို ချိန်ဆပြီး ဖြေရှင်းနိုင်ရမည်။

· ဖြစ်နိုင်ချေကို လျှော့ချခြင်း

နာကျင်မှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို လေ့လာထားခြင်းဖြင့် သင့်ကိုယ်သင်တာဝန်ယူနိုင်သည်။

· ကျန်းမာသောနေထိုင်မှုပုံစံကို အတုယူပါ။

သင်သည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်နှင့်နေထိုင်မှုပုံစံကို ဇွဲရှိရှိနှင့် လိုက်နာသင့်သည်။ သို့မှသာ နာကျင်မှုကို အနိုင်ယူနိုင်ပြီး သင့် ပန်းတိုင်ကို ရောက်မည်ဖြစ်သည်။

အချုပ်ဆိုရသော် သင်သည် သင်စီစဉ်ထားသည်တို့ကို နိုငိနင်းစွာလုပ်ဆောင်နိုင်ရန် မိသားစုဝင်နှင့် မိတ်ဆွေတို့၏ အကူအညီကို ရယူသင့်သည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများကလည်း သင့်နာကျင်မှုကိုသက်သာစေရန်နှင့် ဘဝတန်ဖိုးမြင့်လာစေရန် သင့်အတွက် ထောက်ပံ့မှုများပေးနိုင်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.health.com/health/gallery/0,,20309924,00.html

http://www.ihi.org/resources/Pages/Changes/SelfManagement.aspx

ယခုပုံစံ

14/01/2022

Dr. K Zin Thwe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ



Dr. K Zin Thwe မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ