backup og meta

သွားဝါခြင်းဖြစ်စေနိုင်သော သင်မထင်ထားတဲ့ အကြောင်းရင်းများ

သွားဝါခြင်းဖြစ်စေနိုင်သောသင်မထင်ထားတဲ့ အကြောင်းရင်းများ

လှပဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒီလိုလှပဖြူစင်တဲ့ သွားတွေက ိုပိုင်ဆိုင်ရတာက ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ သို့မဟုတ် သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သောစားစရာတွေနဲ့ အခြားသော ပြင်ပအကြောင်းအရာတွေကြောင့် သင့်သွားတွေဟာ သင်ထင်ထားသလောက် ဖြူစင်နေမှာမဟုတ်ပါဘူး။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိသေးရင် ဒီစာလေးကသင့်ကို ကူညီနိုင်ပါလိမ့်မယ်။

သွားဝါခြင်းဖြစ်စေနိုင်သော သင်မထင်ထားတဲ့ အကြောင်းရင်းများ

ဖြစ်ရခြင်းအကြောင်းရင်းများ

သင့်သွားတွေပျက်စီးသထက် ပျက်စီးလာစေနိုင်တဲ့ အကြောင်းရင်းတွေများစွာရှိတဲ့အထဲကမှ အချို့အကြောင်းအရာတွေကိုအောက်မှာဖော်ပြထားပါတယ်။

1. ဆေးလိပ်သောက်ခြင်း

စီးကရက်တွေနဲ့ ဆေးတံသောက်တဲ့ခါမှာ ထည့်ပေးရတဲ့ ဆေးရွက်ကြီး (tobacco products)တွေကို စွဲလမ်းနေပြီးပုံမှန်သောက်နေရင်တော့ ဒါတွေကသင့်သွားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။

2. ခံတွင်းသန့်ရှင်းမှုမရှိခြင်း

သွားချေးတွေစုပုံလာမှုနဲ့ သွားချိုးတွေကိုဖ ယ်ရှားပစ်ဖို့အတွက် အစာစားပြီးတိုင်းမှာပုံမှန် သွားတိုက်တာ၊ ကြိုးကိုအသုံးပြုပြီး သွားကြားထိုးတာနဲ့ ပါးစပ်ဆေးတာ(အာလုပ်ကျင်းတာ)မလုပ်ဘူးဆိုရင် သင့်သွားတွေကို အရောင်ပြောင်းသွားစေပါမယ်။

3. ဖျားနာခြင်း

သွားအရောင်ပြောင်းလဲခြင်းဟာ တစ်ခါတလေမှာ ကင်ဆာဓါတုဆေးကုထုံး (သို့မဟုတ်) ကင်ဆာဓါတ်ရောင်ခြည်ဆေးကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

4. အစားအစာ

ခရမ်းချဉ်သီးတွေ၊ ဟင်းခတ်ပစ္စည်းတွေနဲ့ ဘယ်ရီသီးတွေအစရှိတဲ့ စားစရာအမျိုးမျိုးကလည်းသွားတွေကိုပျက်စီးစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာဖြစ်တဲ့အရွက်သုပ်လိုစားစရာမျိုးကတောင် သင့်သွားကိုအကျည်းတန်စေမယ့် အရောင်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

5. သောက်စရာများ

သင့်သွားတွေကိုပျက်စီးစေနိုင်ဆုံးသောလူကြိုက်အများဆုံးသောက်စရာဆိုရင်တော့ ကော်ဖီနဲ့လက်ဖက်ရည်ကိုပြရမှာပါ။ အခြားသောက်စရာတွေဖြစ်တဲ့ ဝိုင်ဖြူ၊ ဝိုင်နီ စတာတွေလည်းသွားပျက်စီးစေနိုင်တဲ့ထဲမှာ ပါဝင်ပါတယ်။

6. မတော်တဆမှုများ

သွားအရောင်ပြောင်းခြင်းဟာရေထဲမှာ သဘာဝအတိုင်းကို fluoride ပမာဏမြင့်တက်နေခြင်း၊ fluoride ပါဝင်တဲ့အသုံးအဆောင်များ ဥပမာပလုပ်ကျင်းဆေးရည်၊ သွားတိုက်ဆေးနဲ့ fluroide ပါဝင်တဲ့သောက်ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကုထုံးများ

  • မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သွားကြားထိုးနည်း(ကြိုးကိုအသုံးပြုသော) တွေကိုအသုံးပြုပါ။
  • သွားပျက်စီးစေသောအစားအသောက်များကိုရှောင်ကြဉ်ပါ။
  • သွားဆရာဝန် ဆီမှာသွားအရောင်တင်ခြင်း ပြုလုပ်ပါ။
  • စီးကရက်၊ ဝိုင်နဲ့ အခြားသောအရက်ပါဝင်တဲ့ သောက်စရာတွေကို ဖြတ်လိုက်ပါ။
  • ဆေးစာမလိုဘဲ ဝယ်လို့ရသောသွားဖြူဆေးတွေကိုအသုံးပြုပါ။
  • ဒါတွေအပြင် ရှောက်သီး၊ စတော်ဘယ်ရီနဲ့ လိမ္မော်ခွံတို့ကိုအသုံးပြုပြီး သွားဝါခြင်းကိုကုသနိုင်ပါသေးတယ်။

သွားဝါခြင်းမဖြစ်အောင် လုပ်ဆောင်ပေးရမယ့် အဖြေတွေကသိပ်ကိုရိုးစင်းလွန်းပါတယ်။ ဒီရိုးရှင်းတဲ့အချက်လေးတွေကပဲ သွားဝါခြင်းကိုပျောက်စေနိုင်တဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်းထားနိုင်ပြီး သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ပိုပြီးတိုးတက်လာစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ten causes of yellow teeth and how to avoid them,

http://www.colgate.com/en/us/oc/oral-health/life-stages/adult-oral- care/article/ten-causes- of-yellow- teeth-and- how-to- avoid-them- 0116

Accessed March 14
2017

TOP 6 REASONS YOUR TEETH ARE SO YELLOW

https://www.listerine.com/teeth-whitening/causes-yellow-teeth Accessed March 14, 2017.

Dental Health and Tooth discoloration,

http://www.webmd.com/oral-health/guide/tooth- discoloration Accessed March 14, 2017

Home Remedies for Yellow Teeth,

http://www.top10homeremedies.com/home-remedies/home- remedies-for-yellow- teeth.html

Accessed March 14, 2017.Ten causes of yellow teeth and how to avoid them,

http://www.colgate.com/en/us/oc/oral-health/life-stages/adult-oral- care/article/ten-causes- of-yellow- teeth-and- how-to- avoid-them- 0116

Accessed March 14
2017

 

 

 

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်သွားတွေကို သေချာထိန်းသိမ်းပါ၊ ဒီသွားတွေက နောက်တစ်ကြိမ်အခွင့်အရေး ပြန်မရနိုင်ပါဘူး

လျှပ်စစ် သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ