ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။
ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။

ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။
ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။
ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး အမျိုးအစားအလိုက် လက္ခဏာခြင်း အတန်ငယ်ကွဲပြားတတ်ပါတယ်။ တခြားအကြောင်းအရင်းတွေကြောင့်လည်း ကျီးကန်းပါးစပ် ဖြစ်နိုင်ပေမယ့် ဗီတာမင် B12 ချို့တဲ့ရင်တော့ သေချာပေါက် ကျီးကန်းပါးစပ် ဝေဒနာခံစားရပါလိမ့်မယ်။

ဗီတာမင် B12 ချို့တဲ့ ခြင်းနဲ့ နှုတ်ခမ်းပေါ်က ပြဿနာများ
ဗီတာမင် B12 ချို့တဲ့သူတွေဟာ နှုတ်ခမ်းထောင့်တွေ နီရဲကွဲအက်တဲ့ ကျီးကန်းပါးစပ် တင်သာမက တခြားလက္ခဏာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါတွေကတော့ နှုတ်ခမ်းနဲ့ နှုတ်ခမ်းထောင့်တွေမှာ
ဒီလို နှုတ်ခမ်းမှာ ပြဿနာတက်တော့ စားရေးသောက်ရေးမှာပါ တစ်ပူပေါ်တစ်ပူဆင့်ပါတော့တယ်။ ဗီတာမင် B12 ချို့တဲ့ပြီး ကျီးကန်းပါးစပ် ဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့
ဗီတာမင် B12 ချို့တဲ့တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ
ဗီတာမင် B12 ဟာ အလွယ်တကူဖြည့်ဆည်းလို့ရပါတယ်။ ဗီတာမင် B12 ချို့တဲ့ မှုမဖြစ်ချင်ရင် အောက်ပါအစားအစာတွေကို ပုံမှန် မီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။
ဒါတွေကတော့

ဗီတာမင် B12 ချို့တဲ့တာကြောင့်ဖြစ်တဲ့ ကျီးကန်းပါးစပ် ကို ဘယ်လို သက်သာစေမလဲ
နှုတ်ခမ်းနဲ့ နှုတ်ခမ်းထောင့်တွေ ခြောက်သွေ့လာချိန်မှာ တံတွေးကနေတဆင့် မှိုပိုးဝင်တာ ဒါမှမဟုတ်ဘက်တီးရီးယားပိုး ဝင်တာတွေကြောင့် ကျီးကန်းပါစပ် စတင်ဖြစ်ရပါတယ်။ ဒီလိုဖြစ်ရာမှာ ဗီတာမင် B12 ချို့တဲ့တာကြောင့် ဒါမှမဟုတ် သံဓာတ်အားနည်းတာကြောင့် စတဲ့ နောက်ခံအကြောင်းအရင်းကို ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။
နေအိမ်မှာ ကုသမယ်ဆိုရင်တော့
အနာကို သင့်လျော်ရာ လိမ်းဆေးတစ်မျိးမျိုးလိမ်းပြီး သန့်သန့်ရှင်းရှင်းထားတာ၊
အရောင် သက်သာအောင် စတီးရွိုက်လိမ်းတာ၊
ပါးစပ်မခြောက်အောင် ရေခဏခဏ သောက်တာ၊
နှုတ်ခမ်းကွဲတာ သက်သာအောင် နှုတ်ခမ်းအဆီလိမ်းတာ
တံတွေးနဲ့ တိုက်ရိုက်မထိအောင် နှုတ်ခမ်းထောင့်ကို အုန်းဆီ၊ Vaseline ဂျယ် စတာတွေလိမ်းတာတွေ လုပ်ပေးနိုင်ပါတယ်။ ကျီးကန်းပါးစပ်ရောဂါ အများစုက အိမ်မှာ ကုရင်းနဲ့ပဲ ပျောက်သွားတာ များပါတယ်။ ဒါကြောင့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ခဏခဏ ပြန်ဖြစ်တတ်ရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။
ဗီတာမင် B12 ချို့တဲ့တာကြောင့်ဖြစ်တာဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသမှု ခံယူပြီး ကျီးကန်းပါစပ် ဝေဒနာကို သက်သာစေနိုင်ပါတယ်။