backup og meta

နှုတ်ခမ်းသားလေးတွေ ပန်းရောင်သွေးကြွယ်စေဖို့

နှုတ်ခမ်းသားလေးတွေ ပန်းရောင်သွေးကြွယ်စေဖို့

နှုတ်ခမ်းလေးက နှင်းဆီဖူးလေးလို နီနီဖူးဖူးလေးလှလိုက်တာ။ ပန်းရောင်သွေးကြွယ်နေတဲ့ နှုတ်ခမ်းလေးက ဆွဲဆောင်မှုရှိလိုက်တာနော်ဆိုပြီး အားကျနေတဲ့သူတွေများရှိလား။ ဒါဆို ဒီဆောင်းပါးလေးက သင့်ဖြစ်ချင်နေတဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်ဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

နှုတ်ခမ်းသားတွေ ညိုမဲနေသလား

ဆေးတွေသောက်ရတာ၊နေ့စဉ်နေထိုင်မှုဘဝပုံစံအနေအထားတွေကြောင့် နှုတ်ခမ်းသားတွေညိုနေတာ၊ မဲနေတာမျိုးခံစားရနိုင်ပါတယ်။ဆေးလိပ်သောက်သူတွေ၊ရေသောက်နည်းတဲ့သူတွေရဲ့ နှုတ်ခမ်းသားကလည်း ကျန်းမာရေးအားနည်းပါတယ်။ ဒါတွေအပြင်ဒီအချက်တွေကြောင့် နှုတ်ခမ်းသားတွေညိုမဲနိုင်ပါသေးတယ်။

နှုတ်ခမ်းလေးပန်းရောင်သွေးကြွယ်စေဖို့

သကြား – သကြားကို နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကိုထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကိုရောပြီး သမအောင်မွှေပေးပါ။ ဒီအရောကို နှုတ်ခမ်းသားပေါ်မှာ ထူထူလေးလူးပေးပါ။ ပြီးရင်လက်ချောင်းလေးတွေသုံးလို့ ခပ်ဖွဖွလေးပွတ်ပေးပါ။ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ထောပတ်က နှုတ်ခမ်းသားအစိုဓါတ်ကို ထိန်းပေးပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးရပါမယ်။

ပျားရည်– နှုတ်ခမ်းသားလေးတွေတောက်ပစေဖို့ အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပါ။ နှုတ်ခမ်းသားကို နူးညံ့စေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ နှုတ်ခမ်းပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလိမ်းပြီး အိပ်ပေးပါ။ သီတင်းပတ်နည်းနည်းကြာတဲ့အထိ ဆက်တိုက်လုပ်ပေးမယ်ဆိုရင် နငတ်ခမ်းသားအရောင်ပြောင်းလဲကောင်းမွန်လာတာကိုတွေ့ရမှာပါ။
သံပုရာရည် – သံပုရာသီးက အစွန်အထင်းတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားညိုနေသူတွေအတွက်လည်း အသုံးတည့်မှာပါ။ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည်ကို နှုတ်ခမ်းပေါ်မှာလိမ်း လက်ချောင်းလေးတွေသုံးလို့နှိပ်နယ်ပေးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်အိပ်ရာထတဲ့အခါရေအေးအေးလေးသုံးလို့ ဆေးချလိုက်ပါ။
ဘယ်ရီသီးတွေစတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးလိုမျိုး ဘယ်ရီသီးတွေက နှုတ်ခမ်းသားကို ပန်းသွေးရောင်ကြွယ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေကို ပျားရည်စစ်စစ်၊ ရှားစောင်းလက်ပပ်အနှစ်တို့နဲ့သေချာရောစပ်ပြီးမွှေပါ။ အနှစ်ကို နှုတ်ခမ်းပေါ်မှာလိမ်းပြီး ၅ မိနစ်ကြာလိမ်းထားပေးပါ။ပြီးရင်ရေဆေးချလိုက်ပါ။ပြီးရင် အဆီတစ်မျိုးမျိုးလိမ်းပေးထားလို့ရပါတယ်။
သံလွင်ဆီနှုတ်ခမ်းသားလေးတွေကျန်းမာစေသလို အစိုဓါတ်ထိန်းပေးပြီး နှုတ်ခမ်းအတွက်လိုအပ်တဲ့ အာဟာရကိုဖြည့်တင်းပေးပါတယ်။ သံလွင်ဆီစစ်စစ်လေးကို နှုတ်ခမ်းသားပေါ်မှာ လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေသုံးလို့နှိပ်နယ်ပေးပါ။ အိပ်ရာမဝင်ခင်နေ့စဉ်လုပ်ပေးမယ်ဆိုရင် ပန်းရောင်သွေးကြွယ်ပြီး ကျန်းမာတဲ့နှုတ်ခမ်းသားလေးကို ရရှိစေမှာဖြစ်ပါတယ်။
လှပတဲ့အပြုံးလေးတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နှုတ်ခမ်းလေးတွေလှပစေဖို့ ဒီနည်းလေးတွေသုံးပြီး နှုတ်ခမ်းကိုစောင့်ရှောက်လိုက်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

16 Ways to Lighten Dark Lipshttps://www.healthline.com/health/dark-lips Accessed Date 29 January 2019
9 Home Remedies To Lighten Dark Lips https://naturalbeautytips.co/how-to-lighten-dark-lips-natural-home-remedies/ Accessed Date 29 January 2019

Natural ways to lighten dark lipshttps://www.onlymyhealth.com/health-slideshow/natural-ways-to-lighten-dark-lips-1389619977.html Accessed Date 29 January 2019

ယခုပုံစံ

21/06/2022

Aye Thi Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆွဲဆောင်မှုရှိရှိ စိုပြေတဲ့နှုတ်ခမ်းသားလေးတွေရအောင် ဘယ်လိုထိန်းသိမ်းမလဲ

နှုတ်ခမ်းတဝိုက် မတော်တဆထိခိုက်မိခဲ့ရင်



Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ