လှပဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒီလိုလှပဖြူစင်တဲ့ သွားတွေက ိုပိုင်ဆိုင်ရတာက ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ သို့မဟုတ် သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သောစားစရာတွေနဲ့ အခြားသော ပြင်ပအကြောင်းအရာတွေကြောင့် သင့်သွားတွေဟာ သင်ထင်ထားသလောက် ဖြူစင်နေမှာမဟုတ်ပါဘူး။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိသေးရင် ဒီစာလေးကသင့်ကို ကူညီနိုင်ပါလိမ့်မယ်။

သင့်သွားတွေပျက်စီးသထက် ပျက်စီးလာစေနိုင်တဲ့ အကြောင်းရင်းတွေများစွာရှိတဲ့အထဲကမှ အချို့အကြောင်းအရာတွေကိုအောက်မှာဖော်ပြထားပါတယ်။
စီးကရက်တွေနဲ့ ဆေးတံသောက်တဲ့ခါမှာ ထည့်ပေးရတဲ့ ဆေးရွက်ကြီး (tobacco products)တွေကို စွဲလမ်းနေပြီးပုံမှန်သောက်နေရင်တော့ ဒါတွေကသင့်သွားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။
သွားချေးတွေစုပုံလာမှုနဲ့ သွားချိုးတွေကိုဖ ယ်ရှားပစ်ဖို့အတွက် အစာစားပြီးတိုင်းမှာပုံမှန် သွားတိုက်တာ၊ ကြိုးကိုအသုံးပြုပြီး သွားကြားထိုးတာနဲ့ ပါးစပ်ဆေးတာ(အာလုပ်ကျင်းတာ)မလုပ်ဘူးဆိုရင် သင့်သွားတွေကို အရောင်ပြောင်းသွားစေပါမယ်။
သွားအရောင်ပြောင်းလဲခြင်းဟာ တစ်ခါတလေမှာ ကင်ဆာဓါတုဆေးကုထုံး (သို့မဟုတ်) ကင်ဆာဓါတ်ရောင်ခြည်ဆေးကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခရမ်းချဉ်သီးတွေ၊ ဟင်းခတ်ပစ္စည်းတွေနဲ့ ဘယ်ရီသီးတွေအစရှိတဲ့ စားစရာအမျိုးမျိုးကလည်းသွားတွေကိုပျက်စီးစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာဖြစ်တဲ့အရွက်သုပ်လိုစားစရာမျိုးကတောင် သင့်သွားကိုအကျည်းတန်စေမယ့် အရောင်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်သွားတွေကိုပျက်စီးစေနိုင်ဆုံးသောလူကြိုက်အများဆုံးသောက်စရာဆိုရင်တော့ ကော်ဖီနဲ့လက်ဖက်ရည်ကိုပြရမှာပါ။ အခြားသောက်စရာတွေဖြစ်တဲ့ ဝိုင်ဖြူ၊ ဝိုင်နီ စတာတွေလည်းသွားပျက်စီးစေနိုင်တဲ့ထဲမှာ ပါဝင်ပါတယ်။
သွားအရောင်ပြောင်းခြင်းဟာရေထဲမှာ သဘာဝအတိုင်းကို fluoride ပမာဏမြင့်တက်နေခြင်း၊ fluoride ပါဝင်တဲ့အသုံးအဆောင်များ ဥပမာပလုပ်ကျင်းဆေးရည်၊ သွားတိုက်ဆေးနဲ့ fluroide ပါဝင်တဲ့သောက်ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သွားဝါခြင်းမဖြစ်အောင် လုပ်ဆောင်ပေးရမယ့် အဖြေတွေကသိပ်ကိုရိုးစင်းလွန်းပါတယ်။ ဒီရိုးရှင်းတဲ့အချက်လေးတွေကပဲ သွားဝါခြင်းကိုပျောက်စေနိုင်တဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်းထားနိုင်ပြီး သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ပိုပြီးတိုးတက်လာစေမှာပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ