
၂။ သွားပေါင်းကူးစိုက်ခြင်းရဲ့ ရည်ရွယ်ချက်ဘာလဲ
လစ်ဟာသွားတဲ့ သွားတွေနေရာမှာ ဖြည့်တင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပါးစပ်ရဲ့ပုံစံနဲ့ လုပ်ငန်းတာဝန်ကို တိုးတက်စေပါတယ်။ လူနာတွေအနေနဲ့ အရင်လိုပဲ ကောင်းကောင်းစားပြီး စကားလည်း ကောင်းကောင်းပြောနိုင်ပါတယ်။
သွားတချောင်းချောင်း မရှိတော့ရင်၊ ဆိုးရွားစွာ ကျိုးပဲ့ပျက်စီးနေရင်၊ အဲဒီသွားပေါ်မှာပဲ သွားအစွပ်စွပ်ရုံနဲ့ မခိုင်ဘူးဆိုရင် သွားပေါင်းကူးစိုက်ခြင်း ပြုလုပ်နိုင်ပါတယ်။
အောက်ပါသွားတွေကို ဆုံးရှုံးနေရင် ပြုလုပ်သင့်ပါတယ်။
ဒါပေမယ့် အောက်ပါအခြေအနေတွေမှာ မလုပ်သင့်ပါဘူး။
ပိုပြီး အသေးစိတ်သိလိုလျှင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။
အိန္ဒိယမှာ ၂၁.၈၀ နဲ့ ၂၁၇.၉၉ ဒေါ်လာကြား ကုန်ကျပါတယ်။ မလေးရှားမှာ ၂၄၆.၁၅ ဒေါ်လာလောက် ကုန်ပါတယ်။
ကုသမှုမခံယူခင်မှာ အောက်ပါအချက်တွေကို လိုက်နာပါ။
ပိုပြီး အသေးစိတ်သိလိုလျှင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။
ကုသမှုကြာမြင့်ချိန်ဟာ အပိုင်း ၂ပိုင်းပါပြီး ၂-၃နာရီလောက်ကြာတတ်ပါတယ်။ သွားပေါင်းကူးရဲ့ သက်တမ်းကတော့ ၅နှစ်ကနေ ၁၅နှစ်ထိ ကြာရှည်ခံပါတယ်။ ဒီထက်လည်း ပိုခံနိုင်ပါတယ်။ ခံတွင်းကျန်းမာရေးကောင်းပြီး ပုံမှန် စစ်ဆေးနေရင် ၁၀နှစ်အထက်တော့ ကြာပါတယ်။
ပေါင်းကူးတွေဟာ သွားအစွပ်တွေနဲ့ ထိန်းထားတာမျိုးလည်း ရှိပါတယ်။ ပျက်စီးနေတဲ့သွားပေါ် သွားအစွပ်တပ်ဆင်ပြီး ခိုင်မာစေပါတယ်။ ပြိးရင် တခြားသွားတွေကို ပုံစံပြုပြင်ပြီး ပေါင်းကူးစိုက်နိုင်ဖို့ လုပ်ပါတယ်။ ဒါမှမဟုတ်ရင် သွားစိုက်တဲ့နည်းသုံးပါတယ်။ တိုင်တေနီယမ်ချောင်းကို မေးရိုးပေါ်တပ်ဆင်ပြီး အမြစ်အသစ်ဖြစ်စေပါတယ်။ ပြီးရင် ပေါင်းကူးကို သေချာကျနစွာ တပ်ဆင်နိုင်ပါတယ်။
ပေါင်းကူး၃မျိုး ရှိပါတယ်။
ပေါ်စီလင်နဲ့ ပြုလုပ်ထားပြီး အဖိုးတန်တဲ့ ဒါမှမဟုတ် အဖိုးနည်းတဲ့ သတ္တုတမျိုးမျိုးနဲ့ ဆက်ထားပါတယ်။ မရှိတဲ့သွားနေရာရဲ့ ဘေးတဖက်စီက သွားတွေကို အစွပ်စွပ်တဲ့နည်းနဲ့ ပေါင်းကူးတပ်ဆင်ပါတယ်။
ကိုက်အားနည်းတဲ့ ရှေ့သွားတွေအတါက် သုံးပါတယ်။ သွားတုကို သတ္တုနဲ့ပေါင်းပြီး ဘေးသွားတွေကို ထိခိုက်မှုနည်းအောင် လုပ်ပေးပါတယ်။
ကုသမှုဟာ ၂ရက်လောက် အချိန်ယူရတတ်ပါတယ်။ ဆရာဝန်ဆီ ၂ကြိမ် သွားရပါတယ်။
ပထမအကြိမ်မှာ အကူသွားတွေကို အရွယ်ညှိပါတယ်။ အစွပ်စွပ်နိုင်ဖို့ နေရာပြင်ဆင်ပါတယ်။ ပြင်ဆင်ပြီးချိန်မှာ သွားရာတွေကို ယူပါတယ်။ ဒီဂျစ်တယ်နည်းနဲ့ ပုံရိပ်ဖော်နိုင်ပြီး သွားရဲ့ တည်ဆောက်ပုံနဲ့ ဖိအားကို သိနိုင်ပါတယ်။ သွားအစွပ်နဲ့သွားတုတွေကို ပုံစံယူပြီးတဲ့နောက် သွားဖက်ဆိုင်ရာ ဓါတ်ခွဲခန်းမှာ ပြုလုပ်ပါတယ်။ အဲဒီအတွက် ရက်အနည်းငယ် ကြာနိုင်ပါတယ်။ သွားကို ပုံစံပြင်ချိန်မှာ ထိခိုက်မှုမရှိအောင် ယာယီသွားပေါင်းကူး တပ်ဆင်နိုင်ပါတယ်။ သွားစိုက်တဲ့နည်းနဲ့ ပြုလုပ်ရင် မေးရိုးပေါ်က အသားကို အနည်းငယ် ခွဲစိတ်ပါတယ်။ ပြီးရင် ပြန်ချုပ်ပေးပြီး အနာကျက်သွားပါလိမ့်မယ်။
ဒုတိယအကြိမ်မှာတော့ ယာယီသွားပေါင်းကူနေရာမှာ အမြဲတမ်းတပ်သွားမယ့် သွားပေါင်းကူးနဲ့ လဲလှယ်တပ်ဆင်ပါတယ်။ သွားစိုက်တဲ့နည်းဆိုရင် ပေါင်းကူးကို စိုက်ထားတဲ့သွားကို အားယူပြီး တပ်ဆင်ပါတယ်။ တပ်ဆင်ထားတဲ့ ပေါင်းကူးဟာ အံဝင်ခွင်ကျရှိလား စစ်ဆေးပါလိမ့်မယ်။ နောက်ဆုံးမှာ သေချာစမ်းသပ်ပြီးရင် ကော်တမျိုးနဲ့ ကပ်ပါလိမ့်မယ်။ သွားအတုဟာ သွားဖိုးအသားနဲ့ ထိစပ်နေမှာကြောင့် ဘက်တီးရီးယားပိုးတွေ ဝင်ရောက်စေခြင်း မရှိပါဘူး။
ကုသမှုပြီးချိန်မှာ နှုတ်ခမ်း၊ လျှာနဲ့ သွားတွေ နာရီအနည်းငယ်ကြာတဲ့အထိ ထုံနေပါလိမ့်မယ်။ ထုံနေခြင်း ပျောက်သွားတဲ့အထိ ကြိတ်ဝါးခြင်း မပြုပါနဲ့။
ဖိအားနည်းနည်းကို ခံစားသိနေခြင်း၊ ရောင်ရမ်းခြင်း စတာတွေ ကြုံနိုင်ပါတယ်။ ၁-၂ရက်ထက် ပိုပြီး ခံစားနေရရင် ဆားရည်နွေးနွေးနဲ့ကျင်းပါ။ Acetaminophen (သို့) Ibuprofen စတဲ့ ဆေးတွေကို မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။
ပိုပြီး အသေးစိတ်သိလိုလျှင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။
နောက်ဆက်တွဲပြသနာတွေဟာ ရှားပါးပါတယ်။
အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ယာယီကြုံနိုင်ပါတယ်။