brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ယူကလစ်အဆီ(Eucalyptus Oil) နဲ့ Acacia Gum တို့က ကျန်းမာရေးအတွက် ဘာတွေစွမ်းသလဲ

ယူကလစ်အဆီ(Eucalyptus Oil) နဲ့ Acacia Gum တို့က ကျန်းမာရေးအတွက် ဘာတွေစွမ်းသလဲ

ယူကလစ်အဆီ(Eucalyptus Oil) နဲ့ Acacia Gum တို့က ကျန်းမာရေးအတွက် ဘာတွေစွမ်းသလဲ

ယူကလစ်ဆိုတာ တကယ်ကိုအသုံးဝင်တဲ့အပင်တစ်မျိုးပါ။ သူ့ရဲ့အရွက်တွေကို အခြောက်ခံ၊ကြိတ်ချေပြီးရလာတဲ့အဆီကို ဆေးဖက်ဝင်အဆီအဖြစ် အသုံးပြုကြတယ်။ ယူကလစ်ပင်ကရတဲ့အဆီက ကျန်းမာရေးအတွက် ဘယ်လိုတွေအကျိုးကျေးဇူးရှိနေလို့များလဲ။

ယူကလစ်အဆီ(Eucalyptus Oil) ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတချို့

ယူကလစ်ပင်ကရတဲ့အဆီကို ချောင်းဆိုးဝေဒနာသက်သာစေတဲ့ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဟိုးအရင်တည်းကသုံးခဲ့ကြသလို ကနေ့ခေတ်ချောင်းဆိုးပျောက်ဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်ထည့်သွင်းလာကြပါတယ်။ လူသုံးများတဲ့နည်းကတော့ ဒီအဆီကို ရင်ဘတ်နဲ့လည်ပင်းမှာ ပွတ်လူးပေးရင် အအေးမိ၊တုပ်ကွေးကြောင့်ဖြစ်တဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေနိုင်ပါတယ်။

ချောင်းတဟွတ်ဟွတ်နဲ့ ဆိုးရတာတောင်မောနေပြီ၊ ချွဲသလိပ်တွေက ကျပ်နေတုန်းပဲလား။ ယူကလစ်အဆီက ချောင်းဆိုးသက်သာစေရုံမကဘဲ ရင်ဘတ်ထဲကျပ်နေတဲ့ချွဲတွေကိုလည်း ချောင်စေပါတယ်။ ယူကလစ်အဆီအသုံးပြုပြီး ရေနွေးငွေ့ရှုတာ၊ ရင်ဘတ်မှာ လူးတာ စတဲ့နည်းတွေကို သုံးကြပါတယ်။

ပန်းနာရင်ကျပ်နဲ့ ထိပ်ကပ်နာတို့လို အသက်ရှုလမ်းကြောင်းရောဂါတွေအတွက်ဆို ယူကလစ်ဆီနဲ့ရေနွေးငွေ့ရှုတာက အတော်လေးအထောက်အကူဖြစ်စေပါတယ်။ ဒီအဆီက ချွဲသလိပ်ကပ်နေတဲ့အမြှေးပါးနံရံတွေကို အာနိသင်သက်ရောက်မှုရှိတဲ့အတွက် ချွဲသလိပ်တွေပျော်စေပြီး ချောင်းဆိုးတဲ့အခါ ခတ်ထုတ်ရလွယ်စေပါတယ်။

ခံတွင်းနံ့ဆိုးနေတဲ့သူတွေအတွက် ပူရှိန်းတွေကပဲ အသုံးဝင်နေတာမဟုတ်ပါဘူး။ ယူကလစ်အဆီက ဘက်တီးရီးယားနှိမ်နင်းတဲ့အာနိသင်ရှိလို့ ခံတွင်းနံ့ဆိုးတွေဖြစ်စေတဲ့ပိုးမွှားတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ယူကလစ်အဆီကို သွားတိုက်ဆေးနဲ့ ခံတွင်းသန့်ဆေးရည်တချို့မှာထည့်သွင်းထုတ်လုပ်လာကြသလို ငုံဆေးသကြားလုံးတွေ၊ ဂျယ်လီပုံစံငုံဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြပါတယ်။

ယူကလစ်အဆီက သွားပိုးစားခြင်း၊ သွားပျက်စီးခြင်းဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ခုခံတိုက်ဖျက်ပေးပြီး သွားနဲ့သွားဖုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

နောက်ထပ်အကျိုးကျေးဇူးတွေကတော့ ခြင်အပါအဝင်အင်းဆက်ပိုးမွှားတွေပြေးစေတဲ့အစွမ်းသတ္တိရှိတယ်၊သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်၊ အဆစ်နာသက်သာစေတယ်စတာတွေ ရှိပါသေးတယ်။

အကေးရှားပင်အစေး(Acacia Gum)ရဲ့ ဆေးဖက်ဝင်ပုံ

Acacia gum ဆိုတာက အကေးရှားပင်ရဲ့အစေးကနေ ထုတ်ယူထားတာဖြစ်ပါတယ်။ အကေးရှားပင်အစေးရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် မုန့်ဖုတ်ပါဝင်ပစ္စည်းတွေ၊ ဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုကြတာတွေ့ရပါတယ်။ ဘာတွေစွမ်းလဲ ကြည့်ရအောင် –

ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပြီး ခံတွင်းကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့အတွက် Acacia gum ကို ဂျယ်လီ၊ ပီကေတွေမှာ ထည့်သွင်းထုတ်လုပ်ကြပါတယ်။ ဥပမာ Hudson ကထုတ်လုပ်တဲ့ Hudson’s Hard Boil( ငုံဆေးသကြားလုံး) နဲ့ Hudson’s Jujube (ဂျယ်လီပုံစံသကြားလုံး) တို့ဆိုရင် ဆေးဖက်ဝင် Eucalyptus Oil နဲ့ Acacia gum နှစ်မျိုးလုံး ပါဝင်လို့ သွားထိခိုက်မှုမရှိစေနိုင်တဲ့အပြင် ဘက်တီးရီးယားတွေပါကာကွယ်နှိမ်နင်းပေးနိုင်တဲ့ ဆေးသကြားလုံးနဲ့ဂျယ်လီတွေဖြစ်ပါတယ်။

လည်ချောင်းနာသက်သာစေတဲ့ ငုံဆေးတွေ၊ ဆေးရည်တွေမှာ Acacia gum ပါဝင်လေ့ရှိတာ ဒီအာနိသင်ကြောင့်ပါပဲ။ လည်ချောင်းထဲရှင်းပြီး နေလို့ကောင်းသွားစေတာ၊ လည်ချောင်းယားသက်သာစေတာ၊ ချွဲသလိပ်တွေ ပျော်စေတာတွေက Eucalyptus Oil နဲ့ Acacia gum တို့ရဲ့ အစွမ်းအာနိသင်တွေပဲဖြစ်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။