backup og meta

အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်

လည်ချောင်းတွေနာလိုက်တာ ၊ချောင်းတွေဆိုးလိုက်တာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ အလုပ်ကောင်းကောင်းလည်းမလုပ်ရဘူးဖြစ်နေတယ်။ သွားတဲ့လာတဲ့အခါလည်း အဆင်ပြေဖို့လိုမယ် လည်ချောင်းနာတာကိုလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါက သယ်ဆောင်ရလွယ်ပြီး ရေမလိုဘဲအလွယ်တကူ ငုံထားလို့ရတဲ့ ငုံဆေးပါ။

အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်

ငုံဆေးဆိုတာနဲ့ပြီးရောလား……

လည်ချောင်းနာသက်သာချင်လို့ ငုံဆေး ငုံတယ်ဆိုတဲ့နေရာမှာလည်း ငုံဆေးဖြစ်ရင်ပြီးရောဆိုပြီး ငုံလို့မရပါဘူး။ ငုံဆေးကိုသေချာလေးရွေးချယ်တတ်ဖို့လိုပါမယ်။ ငုံဆေးကို သေချာလေးရွေးချယ်မှ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်နဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ချောင်းဆိုးတဲ့အခါမျိုးမှာ ငုံဆေးငုံမယ်ဆိုရင် သေချာလေးရွေးချယ်ပါလို့ ပြောပါရစေ။

အကောင်းဆုံးငုံဆေးရွေးကြမယ်

လည်ချောင်းနာတာ နဲ့ ချောင်းဆိုးတာကို သက်သာစေဖို့အတွက် ငုံဆေးရွေးမယ်ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုပါမယ်။

Menthol (ပရုပ်အေး) ပါလား – ငုံဆေးငုံတဲ့အခါ ပရုပ်အေးပါမှာ အဆင်ပြေမှာပါ။ အကြောင်းကတော့ ပရုပ်အေးရဲ့ ပူရှိန်းရှိန်းခံစားမှုက လည်ချောင်းအတွင်းပိုင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့တစ်ရှုးတွေကို ခံစားနိုင်စွမ်းလျော့ကျသွားအောင်လုပ်ပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

ပျားရည် ပါလား – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် လည်ချောင်းနာတာကို သိသိသာသာသက်သာစေနိုင်မှာပါ။

ယူကလစ်ဆီ ပါလား -ဒါက မပါမဖြစ်မဟုတ်ဘူးဆိုပေမယ့်ပါမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ ယူကလစ်ဆီက အသက်ရှုလမ်းကြောင်းနဲ့လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝပစ္စည်းတစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓါတ်မတည့်မှုပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။

သံပုရာသီး ပါလား – ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။

သံပရိုသီး ပါလား – အချဉ်ဓါတ်ပါတာကြောင့် ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝတယ်ဆိုတာပြောနေစရာမလိုအောင်ပါ။ ခံတွင်းရှင်းစေပြီး အသက်ရှုစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။

ဆေးဝါးထောက်ခံချက်ရထားလား – ငုံဆေးမှ မဟုတ်ပါဘူး။ ဆေးတစ်ခုခုကို သောက်ခါနီးတိုင်းမှာ ဆေးဝါးထောက်ခံချက်ပါရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။ ကျန်းမာရေးအတွက် စိတ်ချရဖို့ မဖြစ်မနေ သတိထားသင့်တဲ့အချက်တစ်ခုပါ။

ပါဝင်ပစ္စည်းတွေ စစ်ပါ – ဆေးမှာပါနေတဲ့ အရာတိုင်းက ကိုယ်နဲ့တည့်ရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။ အချို့သောငုံဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေက ရောဂါအခံရှိသူတွေနဲ့ မသင့်တော်တာမျိုးတွေရှိပါတယ်။

အရသာ – အရသာကလည်း ဘယ်လိုအရသာဆိုတာကို သေချာစစ်ဆေးဖို့လိုပါမယ်။ အကြောင်းကတော့ ကိုယ်မကြိုက်တဲ့အရသာဆိုရင် ဆေးကို အသုံးပြုမိဖို့ ခက်ခဲနိုင်တာကြောင့်ပါ။ ဒါကြောင့် မဝယ်ခင်မှာကလည်း အရသာကိုပါ သေချာလေးဂရုစိုက်ပါ။

အရောင်အဆင်း – အရောင်များတဲ့ ဆေးတွေက ရောဂါသက်သာစေဖို့ထက် အရောင်အတွက်သုံးထားတဲ့ ဓါတ်ုပစ္စည်းတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သဘာဝအရောင်အဆင်းမျိုးဖြစ်နေတာကို ရွေးချယ်တာအကောင်းဆုံးဖြစ်မှာပါ။

ကုန်ဆုံးရက် – ဆေးတင်မက စားစရာတွေ၊ အသုံးအဆောင်တွေဝယ်တဲ့အခါတိုင်းမျာ သတိထားသင့်တာပါ။ ဒါပေမယ့် ကျန်းမာရေးအတွက် အသုံးပြုရမယ့် ဆေးတွေမှာတော့ မဖြစ်မနေစစ်ဖို့လိုမျာပေါ့။ ဒါကြောင့် ငုံဆေးကို မဝယ်ခင်မှာ ကုန်ဆုံးရက်ကို သေချာလေး စစ်ဖို့လိုပါလိမ့်မယ်။

ကဲ.. လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကြောင့် တစ်နေ့တာမျာ စိတ်မညစ်ရစေဖို့ အခုပြောခဲ့တဲ့အချက်လေးတွေကို သေချာစဉ်းစားလို့ အကောင်းဆုံးငုံဆေးရွေးချယ်လိုက်ပါ Helloဆရာဝန်ပရိသတ်ကြီးရေ

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Do Throat Lozenges Really Work? https://www.thehealthy.com/ear-nose-throat/throat-lozenges/ Accessed Date 26 September 2019

What You Need to Know About Nicotine Lozenges https://www.verywellmind.com/the-pros-and-cons-of-nicotine-lozenges-2825034 Accessed Date 26 September 2019

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့

လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ