မနက်နိုးနိုးချင်းခံစားမိတဲ့ ခံစားမှုက အဟမ်း.. လည်ချောင်းထဲကခြောက်ကပ်ကပ်နဲ့နာလိုက်တာ ဆိုတာမျိုးဖြစ်နေပြီလား။ နိုးနိုးချင်းမို့လည်ချောင်းခြောက်တာ ဖြစ်မယ်ထင်တယ်ဆိုပြီး ရေတစ်ခွက်သောက်လိုက်တဲ့အထိတောင်မှ လည်ချောင်းနာတာက ပျောက်မသွားဘူးဆိုရင် သေချာတာက လည်ချောင်းခြောက်တာမဟုတ်တော့ပါဘူး။ လည်ချောင်းနာနေတာပါ။
ဘာကြောင့်များလည်ချောင်းနာရတာလဲ……
လည်ချောင်းနာတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
- တုပ်ကွေးြဖစ်တာ
- အအေးမိဖျားနာဖြစ်တာ
- ရေကျောက်ပေါက်တာ
- ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
- ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
- အသံကုန်ဟစ်ထားခဲ့တာ
- ဆေးလိပ်သောက်တာ
- Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာတာကိုခံစားရနိုင်ပါတယ်။ လည်ချောင်းနာတာကို အဓိကဖြစ်စေတာကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုပါ။
လည်ချောင်းနာတာကို သဘာဝနည်းလမ်းတွေသုံးလို့ သက်သာအောင်ဘယ်လိုလုပ်မလဲ…….
လည်ချောင်းကတော့နာနေပြီ။ လည်ချောင်းနာတဲ့ဝေဒနာကို ခံစားနေရတာကြောင့် အလုပ်ထဲမှာတောင် အာရုံစိုက်ရခက်နေပြီ။ ဆေးကလည်း မသောက်ချင်ဘူးဆိုတဲ့ မေးခွန်းပေါင်းစုံခေါင်းထဲမှာ စဉ်းစားမိနေပြီဆိုရင်တော့ ဒီပြဿနာကို အတူတူဖြေရှင်းရအောင်လား။ ကဲ….လည်ချောင်းနာတာကို အတူတူ တိုက်ထုတ်ဖို့ အသင့်ဖြစ်ပြီလား………
ရေနွေးခပ်နွေးနွေးတစ်ခွက်ထဲကို ပျားရည်ထည့်လို့ သောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ပျားရည်က လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တာကြောင့်ပါ။ အနာကျက်မြန်စေတဲ့ ပျားရည်ရဲ့ အစွမ်းက လည်ချောင်းနာတာမှာလည်း ထိရောက်မှုရှိပါသတဲ့။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့် လည်ချောင်းနာတာအတွက် အသုံးပြုပေးလို့ရပါတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေကင်းစေဖို့နဲ့ လည်ချောင်းနာကျင်ရောင်ရမ်းမှုတွေကိုပါသက်သာစေဖို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ရောလို့ အာလုတ်ကျင်းပေးပါ။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ မီးဖိုချောင်ဆေးတစ်လက်ပါ။ ကြက်သွန်ဖြူမှာပါတဲ့ allicin ဒြပ်ပေါင်းက ကူးစက်ရောဂါတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဟင်းခါးချက်သောက်လို့ရသလို တို့စားလို့လည်းရပါတယ်။
အသက်ရှုလမ်းကြောင်းနဲ့လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝပစ္စည်းတစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓါတ်မတည့်မှုပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်းကောင်းစေပြီးရောဂါပိုးတွေ ကူးစက်ခံရမှုကလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ငုံဆေးငုံပါ
လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်းရပါတယ်။ သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ ငုံဆေးဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။
ပဲနံ့သာစေ့စားသုံးပေးပါ
ရေနွေးထဲကို သန့်စင်နေအောင်ဆေးကြောထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး သောက်သုံးပေးလို့ရပါတယ်။ ပဲနံ့သာစေ့ရေနွေးကြမ်းလေးက လည်ချောင်းနာတာကို သိသိသာသာသက်သာစေမှာပါ။
လည်ချောင်းနာပြီး ဆေးမသောက်ချင်သူတိုင်းအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေး တစ်ခုခုကိုအသုံးပြုလို့ လည်ချောင်းနာတဲ့ပြဿနာကို ရှင်းထုတ်လိုက်ရအောင်…..
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















