brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Lichen Planus (လိုင်ကန် ပလေးနက်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lichen Planus (လိုင်ကန် ပလေးနက်စ်) ကဘာလဲ။

Lichen planus သည် အရေပြားနှင့် ခံတွင်းနံရံများတွင် ဖြစ်သော ရောဂါတစ်ခုဖြစ်သည်။ များသောအားဖြင့် ၁၀ နှစ်ခန့်ကြာတတ်ပြီး အသက် ၃၀ – ၆၀ ကြားတွင် တွေ့ရ၏။

အရေပြား၌ Lichen planus များသည် သေးငယ်၊ ယားယံ၊ အနီခရမ်းရောင်၊ ထိပ်ချိုင့်သည့် အဖုလေးများအဖြစ် လက်ဖျံနှင့်ပေါင်တို့တွင် ပေါ်လာတတ်သည်။ ခံတွင်း၌ (များသောအားဖြင့် ခံတွင်းမှ Lichen planus ဟုခေါ်သည်)ဖြစ်လာပါက ပုံစံနှစ်မျိုးရှိသည်။

  • Reticular Lichen planus သည် အဖြူရောင်လိုင်းများသည် ဇာကွက်ပုံစံအတိုင်း ပေါ်လာတတ်ပြီး ပါးစောင်၊ သွားဖုံးနှင့် လျှာတို့တွင် ဖြစ်တတ်၏။ များသောအားဖြင့် ဤ Lichen planus ပုံစံများသည် ကုသရန်မလိုအပ်ပါ။ လက္ခဏာပြသည်မရှိသလို နာကျင်မှုကိုလည်း မဖြစ်စေပါ။

စားသော Lichen planus များကတော့ နာကျင်မှုကိုဖြစ်စေပြီး ခံတွင်းနံရံများအား တိုက်စားတတ်ပါသည်။ Reticular ပုံစံကဲ့သို့ပင် ထိုအနာများသည် ပါးစောင်၊ လျှာနှင့် သွားဖုံးများတွင် ဖြစ်တတ်သည်။ တိုက်စားသော Lichen planus သည် များသောအားဖြင့် ကုသရန်လိုအပ်၏။ ဆရာဝန်သည် အာနိသင်ကောင်းသည့် အရောင်ကျလိမ်းဆေးများအားပေးပြီး နာကျင်မှုကို သက်သာစေရန် လုပ်ပေးပါလိမ့်မည်။

Lichen Planus (လိုင်ကန် ပလေးနက်စ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Lichen Planus (လိုင်ကန် ပလေးနက်စ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခံတွင်းတွင်ဖြစ်သော Lichen planus၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

ပုံစံ – အနာများသည်အောက်ပါအတိုင်းရှိပါမည်။

  • ဇာကွက်ပုံစံ၊ အဖြူရောင်၊ တစ်ရှူးအဖုအကွက်များ
  • နြီ့မန်း ဖောင်းကြွ နာကျင်သော တစ်ရှူးအကွက်များ
  • အနာများ

ဖြစ်သည့်နေရာ – အနာများသည် အောက်ပါတို့တွင် ဖြစ်နေနိုင်သည်။

  • ပါးစောင်သည် အဖြစ်များဆုံးနေရာဖြစ်သည်။
  • သွားဖုံး
  • လျှာ
  • နှုတ်ခမ်း၏ အတွင်းဖက်တစ်ရှူးများ
  • အာခေါင်

နာကျင်မှုနှင့် မအီမသာဖြစ်မှု

ခံတွင်း Lichen planus ၏ နီမြန်းရောင်ရမ်းနေသော အနာများနှင့် ပေါက်ထွက်နေသော အနာများသည် ပူစပ်စပ် နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။ အဖြူရောင် ဇာကွက်ပုံစံအကွက်များသည် ပါးစောင်တွင်ဖြစ်နေပါက နာကျင်မှုရှိမည်မဟုတ်ပဲ လျှာတွင်ဖြစ်လျှင် နာကျင်နိုင်ပါသည်။

တခြားလက္ခဏာများ

  • လျှာတွင် ဖြစ်နေပါက အရသာပြောင်းနေခြင်း သို့မဟုတ် အရသာမခံနိုင်ခြင်း
  • အပူအစပ်များ မစားနိုင်ခြင်း
  • သွားတိုက်သည့်အခါတွင် သွေးထွက်ခြင်း ကျိန်းစပ်ခြင်း
  • သွားဖုံးများရောင်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်သွားဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • မပျောက်သွားသည့်အနာများ လျှာတွင် တွေ့ရလျှင်
  • ခံတွင်းထဲ၌ အဖြူရောင် အနီရောင် အကွက်များရှိနေလျှင်
  • ခံတွင်းနာလျှင်
  • သွားတိုက် သွားကြားထိုးသည့်အခါ ခဏခဏ သွေးထွက်ခြင်း
  • ခံတွင်းမှခံစားရသည့်ပုံစံ ပြောင်းလဲနေခြင်းအား သတိထားမိလျှင်
  • အရေပြား၊ လိင်အင်္ဂါတစ်ဝိုက်၊ ဦးရေပြားနှင့် ခြေသည်းလက်သည်းများတွင် အနာများပေါက်နေလျှင်
  • မျက်ဖြူသားတွင် ရှင်းမပြင်နိုင်သော အမာရွတ်များရှိနေခြင်း
  • ဆေးမတိုးသည့် နားအတွင်းခေါင်းရောင်မှု ဖြစ်လာခြင်း သို့မဟုတ် တိကျသောရောဂါ အကြောင်းရင်း ရှာမရခြင်း

အကြောင်းရင်းများ

Lichen Planus (လိုင်ကန် ပလေးနက်စ်) ကိုဘာတွေကဖြစ်စေသလဲ

Lichen planus ဖြစ်စေရသည့် အကြောင်းရင်းကို တိတိကျကျ မသိရပါ။ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို သတ်ပေးသော ကိုယ်ခံအားဆဲလ်များ အရေပြား သို့မဟုတ် ခံတွင်းနံရံများအား တိုက်ခိုက်ခြင်းမှ ဖြစ်ရသည်ဟု ဆိုပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Lichen Planus (လိုင်ကန် ပလေးနက်စ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Lichen planusဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ခံတွင်းသန့်ရှင်းမှုမရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • အသည်းရောင်စီပိုးကဲ့သို့ ဗိုင်းရပ်စ်ရောဂါများ ဖြစ်ခြင်း
  • အလာဂျင်အဖြစ်ဆောင်ရွက်သော တစ်ချို့ ဓါတုပစ္စည်းများနှင့် ထိတွေ့မိခြင်း
  • Lichen planus မိသားစုရာဇဝင်ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lichen Planus (လိုင်ကန် ပလေးနက်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ

Lichen planus အား သင်ခံစားနေရသည့် လက္ခဏာများမှတစ်ဆင့် အတည်ပြုနိုင်ပါသည်။ ရောဂါအမည်တပ်ရာတွင် အကူအညီရနိုင်မည့် တခြားသော အရေးကြီးသည့် စစ်ဆေးမှုများမှာ

  • အသားစစစ်ခြင်း
  • အလက်ဂျီစစ်ခြင်း
  • လိုအပ်လျှင် အသည်းရောင်စီပိုးစစ်ခြင်း

Lichen Planus (လိုင်ကန် ပလေးနက်စ်) ကို ဘယ်လိုကုသပါသလဲ

ဖြစ်ရပ်တိုင်းနီးပါးတွင် Lichen planus သည် ကုသရန် မလိုအပ်ပါ။

သက်တောင့်သက်သာမရှိပဲ ပြင်းထန်သည့် လက္ခဏာများ ဖြစ်လာလျှင်တော့ ဆရာဝန်မှ အောက်ပါဆေးများကို ပေးနိုင်ပါသည်။

  • Retiniods လိမ်းဆေး သောက်ဆေးများ
  • ကော်တီကိုစတီးရွိုက် လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေးများ
  • Antihistamines
  • စတီးရွိုက်မပါသော လိမ်းဆေးများ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Lichen planusကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ခံတွင်း Lichen planus များအား ကာကွယ်ရန်ခက်၏။ သို့သော်လည်း ခံတွင်းသန့်ရှင်းကို အထူးဂရုစိုက်ရန် ညွှန်ကြားထားပါသည်။

  • ဆေးလိပ်ဖြတ်ပါ (သောက်နေလျှင်)
  • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။
  • ကျန်းမာသော၊ မျှတသော အစားအစာများကို စားပါ။ သစ်သီးနှင့် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်များကို စားပါ

တစ်ရက်လျှင် နှစ်ကြိမ်သွားတိုက်ခြင်း သွားဆေးခန်းတွင် မှန်မှန်စစ်ဆေးမှုခံယူခြင်းဖြင့် ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။ ထို့မှသာ သွားနှင့် သွားဖုံးပြဿနာများအား စောလျင်စွာ သိရှိကုသနိုင်မည်ဖြစ်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/12/2019 ဖြစ်ပါသည်။