သွားနှင့် သွားဖုံးတို့တွင် သွားဂျိုးများတည်မှု စုပုံလာသည့်အခါတွင် သွားဖုံးရောဂါများ ဖြစ်လာပါသည်။ သွားဖုံးရောင်ခြင်းမှာ ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်သည်။ ၎င်းမှာ သွားဖုံးများကို နီမြန်း ဖောင်းကြွစေပြီး သွားတိုက်သည့်အခါ အလွယ်အတကူ သွေးထွက်စေပါသည်။
ဒီရောဂါသည် အလွန်အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
သွားဖုံးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
လက္ခဏာများကို သတိမထားမိရင်တောင် သင့်တွင် သွားဖုံးရောဂါအဆင့်တစ်ခုခုတော့ ရှိနေနိုင်ပါသေးသည်။ တစ်ချို့လူများတွင် သွားဖုံးရောများမှာ သွားတစ်ချို့တွင်သာ ဖြစ်တတ်၏။ ဥပမာ – အံသွားများ။ သွားဆရာဝန် သို့မဟုတ် သွားဖုံးအထူးကုမှသာ သတိထားမိနိုင်ပြီး သွားဖုံးရောဂါတိုးမှုကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။
သွားဂျိုးများမှာ သွားဖုံးရောဂါဖြစ်ရသည့် အဓိကအကြောင်းရင်ဖြစ်သည်။ သို့သော် တခြားသောအချက်များကလည်း သွားဖုံးရောဂါကို ဖြစ်စေနိုင်ပါသည်။ ၎င်းတို့မှာ –
သွားဖုံးရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ခံတွင်းအား စမ်းသပ်ကြည့်ရှုသည့်အခါ သွားဆရာဝန်သည် အောက်ပါတို့ကို စစ်ဆေးပါလိမ့်မည်။
သွားရောဂါများကို ကုသရသည့်အဓိကရည်ရွယ်ချက်မှာ ကျန်းမာသောသွားဖုံးများ သွားနှင့်ပြန်ပြီးမြဲအောင် တွယ်စေလိုခြင်း၊ ဖောင်းကြွမှုကိုလျော့ချခြင်း၊ သွားခွက်နက်ခြင်းအား လျော့ချခြင်း၊ ပိုးမဝင်စေခြင်းနှင့် ရောဂါတိုးမှုကိုတားခြင်းတို့ ဖြစ်ပါသည်။ ကုသမှုရွေးချယ်ခြင်းမှာ ရောဂါအဆင့်၊ အစောပိုင်း ကုသမှုအပေါ် သင်၏တုန့်ပြန်ပုံ၊ သင့်တစ်ကိုယ်ရေကျန်းမားရေး စသည်တို့အပေါ် မူတည်ပါသည်။ ရွေးချယ်နိုင်မှုမှာ မခွဲမစိတ်ပဲ ဘက်တီးရီးယားပိုးကိုသာထိန်းချုပ်ခြင်းမှနေ ထောက်ပံ့တစ်ရှူးများကို ပြန်လည်းပြုပြင်ခွဲစိတ်ခြင်းအထိ ရှိပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွားဖုံးရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွားဖုံးရောင်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
သွားဖုံးရောင်ခြင်းမှာ ပျောက်ကင်းနိုင်သောရောဂါဖြစ်ပြီး ရောဂါတိုးမှုကိုလည်း သွားဂျိုးထိန်းချုပ်ခြင်းအား သင့်တော်စွာစီမံပါက ဖြစ်ရပ်အားလုံးတွင် တားဆီးနိုင်ပါသည်။ သင့်တော်သော သွားဂျိုးထိန်းချုပ်ခြင်းတွင် တစ်နှစ်ကိုနှစ်ကြိမ် ကျွမ်းကျင်သူနှင့် ဖယ်ရှားခြင်း၊ နေ့စဉ်သွားတိုက်ခြင်း၊ သွားကြားခြစ်ခြင်းတို့ပါဝင်ပါသည်။ သွားတိုက်ခြင်းက သွားပေါ်မှဂျိုးများကိုဖယ်ရှားပစ်နိုင်ပြီး သွားကြားကြိုးခြစ်ခြင်းက သွားနှင့် သွားဖုံးကြားမှ အစာမှုန်များ ဂျိုးများကို ဖယ်ရှားပေးနိုင်ပါသည်။ ဘက်တီးရီးယားသတ်ခံတွင်းသန့်စင်ဆေးများက ဂျိုးနှင့် သွားဖုံးရောဂါဖြစ်စေသော ဘက်တီးရီးယားများကို လျော့ချပေးကြောင်း အမေရိကန်သွားကျန်းမာရေးအဖွဲ့အစည်းက ဆိုပါသည်။
တခြားသော လူနေမှုပုံစံပြောင်းလဲခြင်းများကလည်း သွားဖုံးရောဂါ ဖြစ်နိုင်ချေ၊ ပြင်းထန်နှုန်းနှင့် ရောဂါတိုးနှုန်းတို့ကို လျော့ချပေးနိုင်ပါသည်။
ခံတွင်းကျန်းမာရေးကို ကောင်းကောင်းလိုက်စားသည့်အပြင် တခြားကျန်းမာသောလူနေမှုပုံစံကို လုပ်နေသော်လည်း အမေရိကန် ၃၀ % မှာ မျိုးရိုးဗီဇအရ သွားရောဂါများ ပိုဖြစ်နိုင်နေသေးကြောင်း အမေရိကန်သွားဖုံးကျန်းမာရေး အကယ်ဒမီက ဆိုပါသည်။ ဗီဇအရ ပိုဖြစ်လွယ်သောသူများမှာ တစ်ချို့သွားဖုံးရောဂါများ ဖြစ်နိုင်ချေ ၆ ဆလောက်ပိုမြင့်နေပါသည်။ သင့်မိသားစုအတွင်း သွားဖုံးရောဂါဖြစ်ဖူးသူ ရှိနေပါက သင့်တွင် ဖြစ်နိုင်ချေပိုမြင့်နေကြောင်း သိထားရမည်။ သင့်၌ သွားဖုံးရောဂါဖြစ်နိုင်ချေများနေပါက သွားဆရာဝန်သည် အကြိမ်ရေပိုများများ check-up လုပ်ရန်၊ သန့်ရှင်းရန်၊ ကုသမှုခံယူရန် လမ်းညွှန်ပါလိမ့်မည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ