လည်ချောင်းအနောက်ပိုင်းမှာ တစ်ဖက်တစ်ချက်စီမှာရှိနေတဲ့ ဘဲဥပုံတစ်သျှူးလေးနှစ်ခုဖြစ်တဲ့ အာသီးရောင်ခြင်းဖြစ်တယ်။
အလွန်ကိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကိုရှောင်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ကြည့်နိုင်ပါတယ်။
တွေ့ရအများဆုံးလက္ခဏာတွေကတော့-
ခံစားမှုတွေ၊ လက္ခဏာတွေကိုဖော်ပြတတ်သေးတဲ့ ကလေးငယ်လေးတွေမှာဆိုရင်တော့
နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် အသေးစိတ်သိလိုပါက ဆရာဝန်နဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ်
အောက်ပါလက္ခဏာများဖြစ်လာပါက ဆရာဝန်ပြသင့်ပါတယ်။
တကယ်လို့ကလေးငယ်လေးမှာ-
ဗိုင်းရပ်စ်ကြောင့်အဖြစ်များပြီး ဘတ်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံးဘတ်တီးရီးယားကတော့ Streptococcus pyogenes (group A streptococcus) ဖြစ်ပြီး တခြားဘတ်တီးရီးယားတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။
အာသီးတွေဟာ ဝင်လာတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ပထမဆုံးကာကွယ်တိုက်ခိုက်ပေးတဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတွေအဖြစ်များခြင်းဖြစ်တယ။် ဒါပေမယ့် အသက်ကြီးလာတဲ့အခါ အာသီးလုပ်ဆောင်မှုကျသွားတာကြောင့် လူကြီးတွေမှာ အာသီးရောင်ခြင်းအဖြစ်နည်းတာဖြစ်နိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။
ဆရာဝန်ကအောက်ပါစစ်ဆေးမှုတွေလုပ်ကြည့်ပါလိမ့်မယ်-
Throat swab: လည်ချောင်းအနောက်ဖက်ကို ပိုးသန့်ထားသော ဂွမ်းစဖြင့် သုတ်ပြီး အရည်နမူနာယူထားပါတယ်။ ထိုနမူနာကိုဆေးခန်း သို့ ဓါတ်ခွဲခန်းမှာ ပိုးစစ်ပါလိမ့်မယ်။ တချို့ဆေးခန်းတွေမှာ မိနစ်ပိုင်းအတွင်း အဖြေသိရနိုင်ပါတယ်။
ဒါပေမယ့် နောက်ထပ်ပိုတိကျမယ့် စစ်ဆေးမှုအတွက်တော့ ဓါတ်ခွဲခန်းမှာစစ်ရမှာဖြစ်တာကြောင့် တစ်ရက်၊ နှစ်ရက်ကြာနိုင်ပါတယ်။ ဆေးခန်းမှာပိုးစစ်ဆေးတွေ့ရှိရင်တော့ ဘတ်တီးရီးယားဖြစ်နိုင်ပြီး မရှိပါက ဗိုင်းရပ်စ်ဖြစ်နိုင်ပါတယ်။ ပိုတိကျတဲ့အဖြေအတွက် ဓါတ်ခွဲခန်းအဖြေကိုစောင့်နိုင်ပါတယ်။
CBC- သွေးစစ်ဆေးမှုတစ်မျိုးဖြစ်ပြီး သွေးဆဲလ်တွေကိုစစ်ဆေးခြင်းဖြစ်တယ်။ မည်သည့်ဆဲလ်တက်နေသည်၊ ကျနေသည် ကိုစစ်ဆေးပြီး ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်စစ်ဆေးသိရှိခြင်းဖြစ်တယ်။
CBC ကို များသောအားဖြင့်စစ်ဆေးရန်မလိုပဲ၊ ပထမစစ်ဆေးမှု negative ဖြစ်ပြီး strep ဘတ်တီးရီးယားမတွေ့ပါက စစ်ရန်လိုကောင်းလိုပါလိမ့်မယ်။
ဘတ်တီးရီးယားဖြစ်စေ၊ ဗိုင်းရပ်စ်ဖြစ်စေ အိမ်တွင် စနစ်တကျပြုစုစောင့်ရှောက်ခြင်းက သင့်ကလေးကို သက်တောင့်သက်သာဖြစ်စေပြီး အမြန်ပြန်ကောင်းစေပါလိမ့်မယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါက ထိုပြုစုမှုကအဓိကကုသမှုဖြစ်ပါလိမ့်မယ်၊ ဆရာဝန်က ပဋိဇီဝဆေးညွှန်မှာမဟုတ်ပါဘူး။ တစ်ပတ် ဆယ်ရက် အတွင်းမှာပြန်ကောင်းသွားပါလိမ့်မယ်။
ဘတ်တီးရီးယားကြောင့်ဖြစ်ပါက ပဋိဇီဝဆေးညွှန်းမည်ဖြစ်ပြီး များသောအားဖြင့် group A streptococcus အတွက် ပန်နဆလင် ၁၀ ရက်ခန့်သောက်ရမှာဖြစ်တယ်။ တကယ်လို့ ပန်နဆလင်နှင့် ဆေးမတည့်ပါက ဆရာဝန်ကိုပြောပြပါ၊ ဆရာဝန်ကတခြားဆေးညွှန်းပါလိမ့်မယ်။
လက္ခဏာတွေပျောက်သွားပါကလည်း ဆေးကိုညွှန်းသည့်အတိုင်း ကုန်အောင်သောက်ရမှာဖြစ်တယ်။ ညွှန်သည့်အတိုင်းမသောက်ပါက ရောဂါပိုဆိုးခြင်း သို့မဟုတ် ပျံ့သွားခြင်းတို့ဖြစ်နိုင်ပါတယ်။
ဆေးပြတ်အောင်မသောက်ခြင်းဟာ အဆစ်ရောင်ဖျားနာခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းတို့ထိ ဖြစ်သွားစေနိုင်ပါတယ်။ ဆေးသောက်ချိန်ကျော်သွားပါက မည်သို့ဆောင်ရွက်ရွက်ရမည်ကို ဆရာဝန်၊ ဆေးပေးသူတို့နဲ့ သေချာတိုင်ပင်ပါ
မကြာခဏအာသီးရောင်နေလျှင်၊ အချိန်ကြာအာသီးရောင်လျှင်၊ ပဋိဇီဝဆေးကို မတုံ့ပြန်သော ဘတ်တီးရီးယားကြောင့် အာသီးရောင်ခြင်းဖြစ်လျှင် ခွဲစိတ်ဖယ်ထုတ်ပစ်လို့ရပါတယ်။ မကြာခဏအာသီးရောင်ခြင်းဆိုတာ-
တကယ်လို့အာသီးရောင်ခြင်းကြောင့် အောက်ပါပြဿနာများဖြစ်လာပါကလည်း ခွဲစိတ်ဖယ်ထုတ်ပစ်သင့်ပါတယ်-
ကလေးကငယ်ရွယ်လွန်းခြင်း၊ ခွဲစိတ်စဉ်ပြဿနာတစ်ခုခုရှိခြင်းမှ လွဲလျှင် ခွဲစိတ်ပြီးလျှင်ပြီးချင်း ထိုနေ့မှာပဲအိမ်ပြန်လို့ရပါတယ်။ လုံးဝအရှင်းပျောက်ကင်းဖို့ တစ်ပတ်၊ နှစ်ပတ်ခန့် ကြာပါတယ်
ရောဂါအခြေအနေတချို့မှလွဲပြီး ကလေးငယ်များနဲ့ ဆယ်ကျောက်သက်အရွယ်ဟာ aspirin မသုံးသင့်ပါဘူး။ ဖြစ်လေ့မရှိပေမယ့် Reye’s ရောဂါနဲ့ဆက်နွယ်တက်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်သောကြောင့်ဖြစ်တယ်။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ