အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာပေါက်နေတဲ့ မညီမညာဖြစ်နေတဲ့ တတိယမြောက်အံသွား အထက်အောက် ဘယ်ညာလေးချောင်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်နှောင်းပိုင်း (သို့) နှစ်ဆယ်ကျော်စအရွယ်မှာမှ ပေါက်လာလေ့ရှိတဲ့ နောက်ဆုံးသွားအစုံပဲဖြစ်ပါတယ်။

အံဆုံးသွားတွေရဲ့အနေအထား မမှန်မှု အမျိုးမျိုးရှိပါတယ။် ဘေးဘက်ကို ၉၀ဒီဂရီစောင်းနေခြင်း၊ ဒုတိယမြောက်အံသွားနဲ့ ထောင့်ချိုးအနေအထား၊ အတွင်းဘက်ကိုထွက်နေခြင်း ၊ အပြင်ဘက်ကိုထွက်နေခြင်း စသည်ဖြင့်ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမမှန်မှုတွေကြောင့် သွားထပ်ခြင်း၊ ကပ်လျက်ရှိတဲ့သွားတွေနဲ့ အာရုံေ ကြာ (သို့) မေးရိုးတစ်ခုလုံးထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။
အတွေ့ရများပါတယ်။ အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။ အံဆုံးသွားပေါက်ခြင်းကြောင့် ရလာနိုင်တဲ့ပြဿနာတွေကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။
အတွေ့ရများတဲ့လက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အံဆုံးသွားနေရာမှန်မှာသာ ပေါက်ခဲ့မယ်ဆိုရင် ပြဿနာဖြစ်စရာမရှိပါဘူး၊ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သွားဆရာဝန်က အံဆုံးပေါက်ခြင်း လက္ခဏာရှိမရှိ (သို့) အခြားကပ်လျက်သွားတွေအပေါ် ထပ်နေခြင်းရှိမရှိ သင့်ရဲ့သွားဖုံးကိုစစ်ဆေးပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ခြင်းဖြင့် သွားတွေကြောင့်ဖြစ်နေတဲ့ လတ်တလောပြဿနာတွေနဲ့ ဖြစ်လာနိုင်တာတွေကို သိစေနိုင်ပါတယ်။
အံဆုံးသွားမနှုတ်ခင်မှာ သွားဆရာဝန်အများစုက လုူနာကိုစိတ်သက်သာရာရစေဖို့ သီချင်းနားထောင်ခိုင်းခြင်း၊ ဗီဒီယိုတွေကြည့်ခိုင်းခြင်း စတဲ့ အမျိုးမျိုးသောနည်းလမ်းတွေကို အသုံးပြုလေ့ရှိပါတယ်။ သင့်အတွက်အားပေးနိုင်မယ့် သူငယ်ချင်း သို့ မိသားစုဝင်တစ်ယောက်ကိုလည်း ခေါ်လာနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူခြင်း စိတ်ကူးယဉ်ခြင်းစတဲ့ စိတ်ပြေလျော့စေနိုင်မယ့်နည်းအချို့ကိုလည်း ပြောပြပါလိမ့်မယ်။ သင့်မှာစိုးရိမ်မှုတွေရှိနေမယ်ဆိုရင် ပိုပြီးကောင်းတဲ့ဆေးတွေ (သို့) စိတ်ငြိမ်စေမယ့်နည်းလမ်းတွေ တောင်းလို့ရနိုင်ပါတယ်။ အံဆုံးပေါက်မထွက်နိုင်တဲ့သွားတွေက နာကျင်မှုနဲ့ အခြားပြဿနာတွေပေးမယ်ဆိုရင် ခွဲစိတ်ပြီးဖယ်ထုတ်သင့်ပါတယ်။ အံဆုံးသွားနှုတ်သင့်တဲ့ အချက်တွေကတော့
သွားနှုတ်ခြင်းက အချိန်အကြာကြီးမလိုပါဘူး။ ပါဝင်တဲ့အချက်တွေကတော့
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အံဆုံသွားပေါက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အံဆုံးသွားမထွက်နိုင်ခြင်း မဖြစ်အောင်ကာကွယ်လို့မရပါဘူး၊၊ အံဆုံးသွားကြီးထွားမှုအခြေအနေတွေကို သိနိုင်ဖို့ သွားဆရာဝန်နဲ့ ပုံမှန်စမ်းသပ်စစ်ဆေးခြင်းတွေ လုပ်နေတာ သင့်အတွက်ပိုလွယ်ကူပါတယ်။ ဓါတ်ရောင်ခြည်တွေနဲ့ရောဂါရှာခြင်းက သင့်ရဲ့သွားပြဿနာတွေကို ကုသရာမှာနဲ့ ထိန်းချုပ်ရာမှာအကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။