သွားက ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းဆိုပေမယ့် သွားမှာလည်း နာကျင်တာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်သလို အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။
သွားက ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းဆိုပေမယ့် သွားမှာလည်း နာကျင်တာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်သလို အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။

သွားတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ပုလဲလေးတွေ သီထားသလို အစီအရီနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို
သွားလေးတွေက မာကျောပေမယ့် သေချာ ဂရုစိုက်မှု မရှိဘူးဆိုရင်တော့ အခုလို ပြဿနာလေးတွေကို ခံစားရနိုင်ပါတယ်။
သွားကိုက်တာက လူတိုင်းလိုလို ခံစားဖူးတဲ့ ပြဿနာပါ။ ခံရခက်သလို အစားအသောက်ပျက်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ သွားကိုက်တဲ့အခါ
သွားပိုးစားတာကို လူတော်တော်များများက သိကြ ကြားဖူးကြပေမယ့် အမှတ်တမဲ့ပဲ ထားလိုက်တတ်ကြပါတယ်။ တကယ်ကတော့ သွားပိုးစားတယ်ဆိုတာက စားလိုက်တဲ့ အစားအသောက်ထဲက ပါဝင်တဲ့ သကြားဓာတ် နဲ့ သွားမျက်နှာပြင်ပေါ်မှာ ကပ်ညှိနေတဲ့ သွားချေးလွှာ ထဲက ဘက်တီးရီးယားပိုးတွေ ပေါင်းစပ်ကာ ထွက်လာတဲ့ အက်ဆစ်တစ်မျိုးကြောင့် သွားမျက်နှာပြင်ကြွေလွှာများ ပျက်စီးရင်း သွားပိုးပေါက်တွေ ဖြစ်လာရတာပါ။
သွားပိုးစားတာက အပေါ်ယံ ကြွေလွှာကနေတဆင့် သေချာ ဂရုမစိုက်ဘဲ ထာမယ်ဆိုရင် အတွင်းက အလွှာတွေကို လှိုက်စားပြီး သွားကျဉ်တာ၊ သွားအခေါင်းပေါက်တွေ ဖြစ်လာတာတွေဖြစ်ပြီး သွားအမြစ်ထိပ်ပြည်တည်လာနိုင်ပါတယ်။ သွားအမြစ်ထိပ် ပြည်တည်တဲ့အခါ မခံမရပ်နိုင်အောင် နာကျင် ကိုက်ခဲ လာတတ်ပါတယ်။
သွားပိုးစားခြင်းဟာ ကလေး လူကြီးမရွေးဖြစ်တတ်တာကြောင့် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။
သွားပိုးစားတာပြီးရင် သွားဖုံးရောဂါ ဖြစ်တာက အဖြစ်အများဆုံး သွားနဲ့ခံတွင်း ပြဿနာပါ။ အဖြစ်များတဲ့ သွားဖုံးရောဂါ တွေကတော့..
ဒီရောဂါတွေ ခံစားရတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ သွားဖုံးတွေ လျှော့ရဲတာ၊ သွားဖုံးသွေးယိုစီးတာ၊ သွားတိုက်လိုက်တိုင်း သွားဖုံးကနေ သွေးထွက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒါကလည်း အဖြစ်များတဲ့ သွားနဲ့ ခံတွင်း ပြဿနာတစ်ခုပါ။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေကြောင့် အဓိက ဖြစ်တာပါ။ ခံတွင်းကင်ဆာက အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တဲ့ သွားနဲ့ ခံတွင်း ပြဿနာတစ်ခုပါ။
ဒါတွေအပြင် သွားကျဉ်တာ၊ ခံတွင်းအနံ့ဆိုးတာ၊ သွားဖုံးရောင်တာ၊ သွားမှာ ကျောက်ဖြစ်တာစတဲ့ ခံတွင်းပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
သွားနဲ့ သွားဖုံး ပြဿနာ ကင်းစေဖို့ဆိုရင် သင့်တော်မယ့် သွားပွတ်တံ နဲ့ သွားတိုက်ဆေးကို ရွေးချယ်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ တိုက်တာ၊ ပုံမှန် စစ်ဆေးမှု ခံယူတာ။ တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တာ။ အစားစားပြီးတိုင်း ပလုတ်ကျင်းတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။