သွားအလှပြုပြင်ခြင်း

သွားအလှပြုပြင်ခြင်း သည် ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အပြင် မိမိကိုယ်မိမိလည်း ယုံကြည်မှု တိုးစေနိုင်လို့ ဘယ်လိုပြုပြင်နိုင်သလဲဆိုတာ သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားအလှပြုပြင်ခြင်း

ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ

အရင်တုန်းက သွားနဲ့ ပတ်သက်ရင် အများစုက သိပ်ပြီး ဂရုစိုက်လေ့မရှိပါဘူး။ သွားကိုက်တာလို၊ ရေစီးကမ်းပြိုတာလို မဖြစ်မနေ ကုရမယ့် ကိစ္စရှိမှ သွားကြတာမျိုးပါ။ ခုခေတ်မှာတော့ သွားက ကျန်းမာရေးကိစ္စတစ်ခုထက် ပိုလာပါပြီ။ ပုံမှန်သွားကျန်းမာရေး စစ်ဆေးတာ၊ ကုသတာအပြင် သွားအလှပြုပြင်ခြင်း အတွက်လည်း စိတ်ဝင်စားလာကြပါပြီ။ အများနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ လှလှလေး ပြုံးနိုင်ဖို့ကလည်း အရေးကြီးတာကိုး။ သွားအလှပြုပြင်ခြင်း နည်းလမ်းတွေက တကယ်လည်း အစွမ်းထက်လှပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်ကို အပြောင်းအလဲဖြစ်နိုင်လောက်တဲ့အထိ စွမ်းတာကြောင့် ခုခေတ်အခါမှာ ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။ ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ သွားအလှပြုပြင်ခြင်း နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲကမှ လူသိများပြီး အသုံးများတဲ့ နည်းလမ်း ၇ခုကတော့ သွားဖြူစေတဲ့ နည်းလမ်း Cosmetic Teeth Whitening/ Teeth bleaching စသဖြင့် ခေါ်ကြပါတယ်။ […]

သွားအလှပြုပြင်ခြင်း ကို ရှာဖွေမည်။

သွားအလှပြုပြင်ခြင်း

သင့်သွားတွေ ဖြူဖွေးလာစေဖို့အတွက် နည်းလမ်းကောင်း ဆယ်ချက်

သင့်သွားတွေ ဝါကျင့်ကျင့်ဖြစ်နေပါသလား၊ ကွမ်းဂျိုးတွေကပ်ပြီး မည်းတူးနေပါသလား။ သွားအရောင်ဝါတာ၊ ညစ်တာ၊ မည်းတာ၊ နီရဲတာတွေဟာ အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်လာနိုင်သလို တချို့အစားအသောက်တွေ၊ အချိုရည်တွေကြောင့် ဒါမှမဟုတ် အာလုပ်ကျင်းတဲ့အရည်တွေကြောင့်တောင် ဖြစ်ပေါ်လာနိုင်ပါတယ် (ကွမ်းစားတာကတော့ ထိပ်ဆုံးကပါတာပေါ့)။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် သင့်သွားတွေကို ပိုမိုဖြူစင်ဝင်းပစေမှာဖြစ်ပြီး သွားကိုအရောင်စွန်းထင်းစေတဲ့ အစားအသောက်တွေကိုပါ ရှောင်ကြဉ်လိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။ ကဲ ပြုံးအလှပိုင်ရှင်လေးဖြစ်ဖို့ လျှို့ဝှက်ချက်တွေကို ကြည့်လိုက်ရအောင်။ အိမ်မှာနေရင်းပဲ သွားတွေဖြူဖွေးအောင် လုပ်ကြမယ်။ အပေါ်ယံလောက် အစွန်းအထင်းရှိတာမျိုးကတော့ သင့်ဖာသာအိမ်မှာပဲ ဖယ်ရှားလို့ရပါတယ်။ သွားချေးချွတ်တဲ့ပစ္စည်းလေးတွေ၊ ကပ်ခွာပြားလေးတွေ၊ သွားတိုက်ဆေးတွေနဲ့အာလုပ်ကျင်းဆေးရည်တို့ဟာ သင့်သွားမှာရှိတဲ့ အစွန်းအထင်းတွေကို သက်သာစေပါလိမ့်မယ်။ ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြတဲ့ ရှေးဟောင်းနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ သွားဖြူဆေးတွေဟာ သင့်ရဲ့ဝါကျင့်ကျင့်သွားတွေကို ဖြူစင်ဝင်းပစေဖို့အတွက် ချွတ်ဆေးအပျော့စားလေးတွေကို အသုံးပြုထားတာဖြစ်ပြီး သွားတိုက်ဆေးတွေကတော့ သွားကိုပွတ်တိုက်ပြီး အစွန်းချွတ်ပေးနိုင်တဲ့ဓါတ်ပစ္စည်းတွေကို သုံးစွဲထားတာဖြစ်ပါတယ်။ အပေါ်ယံမကဘဲ အောက်အလွှာတွေထိပါ စွန်းထင်းနေတာမျိုးဆိုရင်တော့ […]


သွားအလှပြုပြင်ခြင်း

အရွယ်ရောက်ပြီး သူတွေအနေနဲ့ သွားမှာ စတီးကြိုး တပ်သင့်မတပ်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲ

သွားမှာတပ်တဲ့စတီးကြိုးလို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံတွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီသွားစတီးကြိုးတွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း သွားမှာစတီးကြိုးတပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွားမှာတပ်တဲ့ စတီးကြိုးကိုအသုံးပြုကြတာလဲ။ ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။ လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း